ဆိုးရွားလှတဲ့ အခြေနေကြောင့် နယူးဒေလီမြို့တော်တစ်ခုလုံး လော့ဒေါင်းချဖို့ အမိန့်ချ

ဆိုးရွားလှတဲ့ အခြေနေကြောင့် နယူးဒေလီမြို့တော်တစ်ခုလုံး လော့ဒေါင်းချဖို့ အမိန့်ချ

မြို့တော်ရဲ့ ဆိုးရွားလှတဲ့ အဆိပ်သင့်လေထုစံချိန်ကြောင့် စာသင်ကျောင်းတွေ အပါအဝင် နယူးဒေးလီမြို့ တော်တစ်ခုလုံးကို လော့ဒေါင်းချထားဖို့ အဆိုပြုချက်ကို အိန္ဒိယဗဟိုတရားရုံးတော်ကနေစနေနေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။

ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့တော် နယူးဒေလီက လေထုဟာ ယခုနှစ်တစ်နှစ်တာပတ်လုံးမှာ ကျန်းမာရေးထိခိုက်ဆိုးရွားစေနိုင်တဲ့ အဆိပ်သင့်လေထုအဖြစ် အန္တရာယ်နဲ့ ဆက်လက် ရှိနေခဲ့တယ်လို့ သိရပါတယ်။

လူဦးရေ ၂၁ သန်းနေထိုင်တဲ့ မြို့ကို အဆိပ်သင့်မီးခိုးမြူတွေ ထူထပ်စွာ ဖုံးလွှမ်းနေတဲ့ အချိန် ဆောင်းရာသီမှာ ဘေးဥပဒ်အဆင့်အထိကို ရောက်ရှိစေတာလည်း ဖြစ်ပါတယ်။“ နှစ်ရက် လော့ဒေါင်း ဒါမှမဟုတ် တစ်ခုခုကို စဉ်းစားနိုင်မလား။

လူတွေ ဘယ်လိုနေထိုင်မလဲ” ဆိုတဲ့ ပြည်နယ်ရဲ့ လေထုညစ်ညမ်းမှု အကျပ်အတည်းကိုကိုင်တွယ်ရာမှာ လေးနက်မှုမရှိဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အသက် ၁၇ နှစ်အရွယ် ဒေလီကျောင်းသူတစ်ဦးရဲ့ အသနားခံစာကို တရားသူကြီး ချုပ်

အန် ဗွီ ရာမာနာ ဦးဆောင်တဲ့ အဖွဲ့ကကြားနာခဲ့တာဖြစ်ပါတယ်။ဆိုးရွားလှတယ်လို့ ဆိုတဲ့ အခြေအနေမှာ ဒေလီက လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချဖို့ အစိုး ရက အရေးပေါ် အစီအမံတွေ ပြုလုပ်ရန် တရားရုံးတော်က

တောင်းဆိုလိုက်တာဖြစ်ပါတယ်။“ ကျွန်တော်တို့ အိမ်မှာတောင် မျက်နှာဖုံးတွေ တပ်ခိုင်းထားရတယ်။

အခြေအနေက အရမ်းပြင်းထန်လို့ အသက်တောင် ဝဝမရှုရဲဘူး” လို့ တရားရေး ရာမာနာက ဆိုပါတယ်။ ဒါ့အပြင် လေထုညစ်ညမ်းမှု ပြင်းထန်ကာ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်မယ့် အချိန်မှာ မြို့တွင်းက

ကျောင်းတွေ ဖွင့်လှစ်တာတွေကိုလည်း စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Crd-Original Post

(ZAWGYI)

ဆိုး႐ြားလွတဲ့ အေျခေနေၾကာင့္ နယူးေဒလီၿမိဳ႕ေတာ္တစ္ခုလုံး ေလာ့ေဒါင္းခ်ဖိဳ႕ အမိန႔္ခ်

ျမိဳ႕ေတာ္ရဲ႕ ဆိုး႐ြားလွတဲ့ အဆိပ္သင့္ေလထုစံခ်ိန္ေၾကာင့္ စာသင္ေက်ာင္းေတြ အပါအဝင္ နယူးေဒးလီၿမိဳ႕ ေတာ္တစ္ခုလုံးကို ေလာ့ေဒါင္းခ်ထားဖို႔ အဆိုျပဳခ်က္ကို အိႏၵိယဗဟိုတရား႐ုံးေတာ္ကေန

စေနေန႕မွာ အမိန႔္ ခ်မွတ္လိုက္ပါတယ္။ ကမာၻ႔လူဦးေရအထူထပ္ဆုံးၿမိဳ႕ေတာ္ နယူးေဒလီက ေလထုဟာ ယခုႏွစ္တစ္ႏွစ္တာပတ္လုံးမွာ က်န္းမာေရးထိခိုက္ဆိုး႐ြားေစနိုင္တဲ့ အဆိပ္သင့္ေလထုအျဖစ္ အႏၲရာယ္နဲ႕ ဆက္လက္ ရွိေနခဲ့တယ္လို႔ သိရပါတယ္။

လူဦးေရ ၂၁ သန္းေနထိုင္တဲ့ ၿမိဳ႕ကို အဆိပ္သင့္မီးခိုးျမဴေတြ ထူထပ္စြာ ဖုံးလႊမ္းေနတဲ့ အခ်ိန္ ေဆာင္းရာသီမွာ ေဘးဥပဒ္အဆင့္အထိကို ေရာက္ရွိေစတာလည္း ျဖစ္ပါတယ္။“ ႏွစ္ရက္ ေလာ့ေဒါင္း ဒါမွမဟုတ္ တစ္ခုခုကို စဥ္းစားနိုင္မလား။

လူေတြ ဘယ္လိုေနထိုင္မလဲ” ဆိုတဲ့ ျပည္နယ္ရဲ႕ ေလထုညစ္ညမ္းမႈ အက်ပ္အတည္းကိုကိုင္တြယ္ရာမွာ ေလးနက္မႈမရွိဘူး ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ပတ္သက္ၿပီး အသက္ ၁၇ ႏွစ္အ႐ြယ္ ေဒလီေက်ာင္းသူတစ္ဦးရဲ႕ အသနားခံစာကို တရားသူႀကီး ခ်ဳပ္ အန္ ဗြီ ရာမာနာ ဦးေဆာင္တဲ့ အဖြဲ႕က

ၾကားနာခဲ့တာျဖစ္ပါတယ္။ဆိုး႐ြားလွတယ္လို႔ ဆိုတဲ့ အေျခအေနမွာ ေဒလီက ေလထုညစ္ညမ္းမႈအဆင့္ကို ေလွ်ာ့ခ်ဖိဳ႕ အစိုး ရက အေရးေပၚ အစီအမံေတြ ျပဳလုပ္ရန္ တရား႐ုံးေတာ္က ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။“ ကြၽန္ေတာ္တို႔ အိမ္မွာေတာင္ မ်က္ႏွာဖုံးေတြ တပ္ခိုင္းထားရတယ္။

အေျခအေနက အရမ္းျပင္းထန္လို႔ အသက္ေတာင္ ဝဝမရႈရဲဘူး” လို႔ တရားေရး ရာမာနာက ဆိုပါတယ္။ ဒါ့အျပင္ ေလထုညစ္ညမ္းမႈ ျပင္းထန္ကာ ကေလးငယ္ေတြရဲ႕ က်န္းမာေရးကို ဆိုး႐ြားစြာ ထိခိုက္ေစနိုင္မယ့္ အခ်ိန္မွာ ၿမိဳ႕တြင္းက ေက်ာင္းေတြ ဖြင့္လွစ္တာေတြကိုလည္း စိုးရိမ္ေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။

Crd-Original Post