ဗိုလ်ချုပ်အောင်ဆန်း ကိုင်ဆောင်ခဲ့သောဓားကို ဂျပန် ဓားပညာရှင်များ အကူအညီဖြင့် ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း

ဗိုလ်ချုပ်အောင်ဆန်း ကိုင်ဆောင်ခဲ့သောဓားကို ဂျပန် ဓားပညာရှင်များ အကူအညီဖြင့် ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း

ဂျပန်ပြည် အနောက်ပိုင်း အိုကာယာမာ စီရင်စု၌ သံချေးများ တက်၍ ယိုယွင်းနေသော ဂျပန်ဓား တလက်ကို နဂိုပုံစံ ပြန်ရရေး ပြန်လည် ပြုပြင် မွမ်းမံလျက် ရှိကြလေသည်။ ထိုဓားကို မူလ ဖန်တီးခဲ့သူမှာ

အိုကာယာမာ စီရင်စုရှိ Bizen-den ဓားပန်းပဲ ကျောင်းက ဓားပန်းပဲ ဆရာ ဆာဒတ်ဆုဂု တာကာဟာရှီ (၁၉၀၂-၁၉၆၈) ဆိုသူ ဖြစ်ပြီး “သက်ရှိ လူသား ရတနာ” ဟူ၍

ဗဟို အစိုးရက သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။

တာကာဟာရှီသည် အဆိုပါ ဓားလ က်န.က်ကိုဒုတိယ ကမ္ဘာစစ်ကာလ အတွင်းက ဗမာ (မြန်မာ) နယ်မြေကို အုပ်ချုပ်ရန် ခန့်ထားခြင်း ခံခဲ့ရသည့် ဂျပန့်

တော်ဝင် တပ်မတော်က ဗိုလ်ချုပ်ကြီး တဦးထံ လှူဒါန်းခဲ့လေသည်။ နောက်ပိုင်းတွင် ထိုဓားသည် ဂျပန်ဗိုလ်ထံမှ ဗမာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်း ထံသို့

လက်လွှဲ ရောက်ရှိ လာခဲ့ရလေသည်။ အဆိုပါ ဓားသည် ဗိုလ်ချုပ် လုပ်ကြံခံရသည့် ၁၉၄၇ ခုနှစ် နောက်ပိုင်းကာလ ကတည်းက သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ထံတွင် ရှိနေခဲ့ပုံ ရပြီး နှစ်ကာလများစွာ ကြာမြင့်လာသည့်

အလျောက် ဓားလ က်န.က်မှာ ယိုယွင်းလာခဲ့ပြီးဓားသွားမှာလည်း သံချေးများ တက်လျက် ရှိနေလေသည်။သို့ဖြစ်၍ ထိုဓားကို နဂိုပုံစံ ပြန်ရအောင် ပြန်လည် ထိန်းသိမ်း ပြုပြင်ပေးပါရန် တိုကျို အခြေစိုက် နိပွန် ဖောင်ဒေးရှင်းအား

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်များက မေတ္တာရပ်ခဲ့ ကြလေသည်။ ဖောင်ဒေးရှင်းက တာဝန် ရှိသူများလည်း

ထိုကိစ္စအတွက် ဆာတိုချီမြို့ အုပ်ချုပ်ရေးအဖွဲ့နှင့် ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။

ဆာတိုချီမြို့ အုပ်ချုပ်ရေး အဖွဲ့သည် အိုကာယာမာ စီရင်စုတွင် အခြေစိုက်သည့် လက်မှု ပညာသည်များဖြင့်

ဓားကို ရှေးမူမပျက် ပြင်ဆင် ထိန်းသိမ်းဖို့ စီစဉ် ဆောင်ရွက်ခဲ့လေသည်။ ထိုလုပ်ငန်းကို ဆာတိုချီမြို့ရှိ Bizen Osafune ဓားပြတိုက်တွင် လွန်ခဲ့သည့် နိုဝင်ဘာလက စတင် ဆောင်ရွက်ခဲ့သည်။

ကနဦး “အခြေခံ တိုက်ချွတ်မှု” အဆင့်ကို အသက် ၄၉ နှစ်အရွယ် ဓားတိုက်ချွတ်ရေး ပညာရှင် တိုမိုနိုဘူ ယိုကိုယာမာက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး

သူသည် နိုင်ငံအဆင့် ပြိုင်ပွဲတခုတွင် အဆင့်သတ်မှတ်ချက် ကောင်းကောင်း ရရှိထားသူ ဖြစ်သည်။ ယိုကိုယာမာသည် ဓားက သံချေးများအား ဂရုတစိုက် ဖယ်ရှားခြင်း လုပ်ငန်းစဉ်ကို ဖေဖော်ဝါရီလ အစောပိုင်းက စ၍

ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၌စစ်တပ် အာဏာသိမ်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချ ခံရကြောင်း သတင်း ရရှိခဲ့ပြီး

သူ၏ ကိုယ်စားလှယ်များနှင့် အဆက်အသွယ် မရတော့သည်မှာလည်း ထိုစဉ် ကတည်းကပင် ဖြစ်သည်ဟု ယိုကိုယာမာက ဆိုသည်။

ဧပြီ လလယ်ပိုင်း ရောက်သည့်အခါဓား ပြန်လည် ပြုပြင် ထိန်းသိမ်းသည့် လုပ်ငန်း စီမံချက်သည် ဓားသွားကို ကာမည့် ဟာဘကိ (habaki) သတ္ထု ပြုလုပ်သည့် အဆင့်သို့ ချဉ်းနင်း ရောက်ရှိလာခဲ့လေသည်။

ထိုအဆင့်ကို တာဝန်ယူသူမှာ အိုကာယာမာ စီရင်စုမြို့တော်က ဓား အဆင်တန်ဆာ ပြုလုပ်သူ

ဆာတိုရူ ကိုအီကီ ဖြစ်ပြီး အသက် ၅၉ နှစ် ရှိပြီ ဖြစ်သည်။ ဓားကို ပိုင်ရှင်ထံ ပြန်ပို့နိုင်ဖို့ မြန်မာပြည်ကြီး ပြန်လည် အေးချမ်းပါစေ မျှော်လင့်ရင်း လုပ်ကိုင်ခဲ့ရသည်ဟု သူက ဆိုခဲ့လေသည်။

လက်ရှိ အချိန်တွင် ထိုဓားကို ဓားအိမ် ပြုလုပ်သူ ဆာဘူရို အီရှီဇာကီ ထံတွင် ထားလျက် ရှိပြီး

သူသည်လည်း အိုကာယာမာ စီရင်စု နယ်သားပင် ဖြစ်သည်။ အသက် ၇၀ အရွယ် အီရှီဇာကီသည် ဓားအိမ်ကို သစ်သားပြောင်ဖြင့် ပြုလုပ်နေရင်း ဒေါ်အောင်ဆန်းစုကြည် ဘေးကင်းရေး ဆုတောင်းပေးနေကြောင်း ပြောဆိုခဲ့လေသည်။

ဩဂုတ်လ နှောင်းပိုင်းမှ စတင်၍ ဓားကိုအချောသတ် လုပ်ဆောင်မည့် လုပ်ငန်းစဉ်ကို ယိုကိုယာမာက ဆောင်ရွက်မည် ဖြစ်သည်။ ဓားသွားကို အချောသတ်ပြီး ဟာမုံ hamon ဟုခေါ်သော လှပသည့် ဓားသွားပုံစံကို ဖော်ဆောင် သွားမည် ဖြစ်သည်။

ပြန်လည် မွမ်းမံပြီးသည့် ဓားကို ပိုင်ရှင်ထံ ပို့ဆောင်နိုင်ဖို

အလားအလာ မမြင်ရသေးပေ။ “Bizen-den ဂျပန် ဓားတလက်ရဲ့ ခမ်းနားထည်ဝါမှုမျိုး ဓားဆီကို ပြန်လည် ဆောင်ကျဉ်းနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ယိုကိုယာမာက ဆိုသည်။ “ဒီဓားဟာ မြန်မာနဲ့ ဂျပန်ကြားမှာ တံတားတစင်းလို ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”

ပြန်လည် မွမ်းမံခြင်း လုပ်ငန်းစဉ် ပြီးဆုံးပါက ဓားကို အများပြည်သူ ကြည့်ရှုနိုင်ဖို့ ပြသလိုတဲ့ ဆန္ဒရှိကြောင်း ဆာတိုချီ မြို့တော်ဝန် အာကီနာရီ တာကီဟီဆာက အစောပိုင်းက ပြောခဲ့ဖူးသည်။

“ကျန်တာတွေထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကင်း လုံခြုံရေးကိုသာ ပိုပြီး ပူပန်မိပါတယ်” ဟု တာကီဟီဆာက ဆိုသည်။

Crd-Original Post