သွေးတိုးကျစေတဲ့ ပါကစ္စတန်သူကြီးရဲ့ မြောက်ပိုင်းရိုးရာဆေးနည်း

သွေးတိုးကျစေတဲ့ ပါကစ္စတန်သူကြီးရဲ့ မြောက်ပိုင်းရိုးရာဆေးနည်း

ဒီဆေးနည်းတိုလေးက ကျွန်တော့သင်္ဘောပေါ်က ပါကစ္စတန်သူကြီးရဲ့ မြောက်ပိုင်းရိုးရာဆေးနည်းပါ။

ရှင်းလွန်းလွယ်လွန်းလို့ ကျွန်တော်တောင်အထင်သေးမိသေးတယ်။

သူ့အညွန်းအတိုင်းသောက်လိုက်တာ တစ်လတိတိနေတော့ ဘယ်အချိန်တိုင်းတိုင်း ၁၃၅ ၈၅ ကနေ ၁၁၅ ၈၀ ကိုကျသွားပါတယ်။ ကိုယ်တွေ့ပါ။
ဆေးနည်းတိုက လွယ်လွယ်ရှင်းရှင်လေးပါ။

၁။သစ်ဂျပိုးခေါက်အမံှု့——–> လ္ဘက်ရည်ဇွန်း တစ်စိပ်လောက်

၂။ပျားရည်———>လ္ဘက်ရည်ဇွန်း တစ်ဇွန်း

၃။သံပုရာရည်——->လ္ဘက်ရည်ဇွန်း တစ်ဇွန်း

၄။ရေနွေး————->လ္ဘက်ရည်ခွက် သုံးပုံနှစ်ပုံ

အဲဒီပထမသုံးမျိုးကို ရေနွေးပူပူထဲကိုထည့်ဖျော်ပြီး ၅မိနစ်လောက်နေရင်သောက်လိုက်ပါ။

မနက်မိုးလင်း မျက်နှာသစ်ပြီးတာနဲ့ သောက်လိုက်တာ အကောင်းဆုံးပါဘဲ။
နေ့တိုင်းမပျက်မကွက်သောက်ပြီး တစ်လကြာရင် သွေးပြန်ချိန်ကြည့်ပါ။ အံ့ဩ ဘို့ကောင်းလောက်အောင် သွေးဖိအားကျသွားတာတွေ့ရပါလိမ့်မယ်။

သွေးတိုးကျတဲ့ဆေးတွေစားလက်စဆိုရင်လဲ တွဲလို့ရပါတယ်။ ကျွန်တော်ဆို သွေးကျဆေးစားရက်နဲ့ ဒီဆေးနည်းတိုကိုသောက်တာပါ။
ခုသွေးကျဆေးမစားလဲ သွေးပေါင်ပြန်မတက်တော့ပါ။

အသေးစိတ် အတွေ့အကြုံမေးချင်ရင်တော့ မက်ဆေ့ချ်ဘောက်က မေးပါမိတ်ဆွေများခင်ဗျား…

Crd-Original Post

(ZAWGYI)

ေသြးတိုးက်ေစတဲ့ ပါကစၥတန္သူႀကီးရဲ႕ ေျမာက္ပိုင္း႐ိုးရာေဆးနည္း

ဒီေဆးနည္းတိုေလးက ကြၽန္ေတာ့သေဘၤာေပၚက ပါကစၥတန္သူႀကီးရဲ႕ ေျမာက္ပိုင္း႐ိုးရာေဆးနည္းပါ။

ရွင္းလြန္းလြယ္လြန္းလို႔ ကြၽန္ေတာ္ေတာင္အထင္ေသးမိေသးတယ္။

 

သူ႔အၫြန္းအတိုင္းေသာက္လိုက္တာ တစ္လတိတိေနေတာ့ ဘယ္အခ်ိန္တိုင္းတိုင္း ၁၃၅ ၈၅ ကေန ၁၁၅ ၈၀ ကိုက်သြားပါတယ္။ ကိုယ္ေတြ႕ပါ။
ေဆးနည္းတိုက လြယ္လြယ္ရွင္းရွင္ေလးပါ။

၁။သစ္ဂ်ပိုးေခါက္အမံႈ႕——–> လၻက္ရည္ဇြန္း တစ္စိပ္ေလာက္
၂။ပ်ားရည္———>လၻက္ရည္ဇြန္း တစ္ဇြန္း

၃။သံပုရာရည္——->လၻက္ရည္ဇြန္း တစ္ဇြန္း
၄။ေရေႏြး————->လၻက္ရည္ခြက္ သုံးပုံႏွစ္ပုံ

အဲဒီပထမသုံးမ်ိဳးကို ေရေႏြးပူပူထဲကိုထည့္ေဖ်ာ္ၿပီး ၅မိနစ္ေလာက္ေနရင္ေသာက္လိုက္ပါ။

မနက္မိုးလင္း မ်က္ႏွာသစ္ၿပီးတာနဲ႔ ေသာက္လိုက္တာ အေကာင္းဆုံးပါဘဲ။
ေန႔တိုင္းမပ်က္မကြက္ေသာက္ၿပီး တစ္လၾကာရင္ ေသြးျပန္ခ်ိန္ၾကည့္ပါ။ အံ့ဩ ဘို႔ေကာင္းေလာက္ေအာင္ ေသြးဖိအားက်သြားတာေတြ႕ရပါလိမ့္မယ္။

ေသြးတိုးက်တဲ့ေဆးေတြစားလက္စဆိုရင္လဲ တြဲလို႔ရပါတယ္။ ကြၽန္ေတာ္ဆို ေသြးက်ေဆးစားရက္နဲ႔ ဒီေဆးနည္းတိုကိုေသာက္တာပါ။
ခုေသြးက်ေဆးမစားလဲ ေသြးေပါင္ျပန္မတက္ေတာ့ပါ။

အေသးစိတ္ အေတြ႕အႀကဳံေမးခ်င္ရင္ေတာ့ မက္ေဆ့ခ်္ေဘာက္က ေမးပါမိတ္ေဆြမ်ားခင္ဗ်ား…

Crd-Original Post