မောင်လေး လေ့လာရေးခရီးထွက်နေတယ်လို့ ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးကို ညာထားရပေမယ့် အရမ်းကြာနေတာကြောင့် စိတ်ပူနေတဲ့ ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေး
မောင်လေး လေ့လာရေးခရီးထွက်နေတယ်လို့ ကျန်းမာရေးမကောင်းတဲ့ မိခင်ကြီးကို ညာထားရပေမယ့် အရမ်းကြာနေတာကြောင့် စိတ်ပူနေတဲ့ ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေး
သရုပ်ဆောင်နဲ့ မော်ဒယ်လ်ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးခရီးစဉ်မှာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့သူတစ်ယောက်ဖြစ် ပါတယ်။
လက်ရှိမှာလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့်အကျဉ်းထောင်ထဲရောက်ရှိနေတဲ့ ပိုင်တံခွန်ဟာ သူချစ်ရတဲ့ မိသားစုတွေ၊ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်ဝေးကွာနေတာ လအတော် ကြာကြာမြင့်နေပြီပဲဖြစ်ပါတယ
ပိုင်တံခွန်ရဲ့မိခင်ကြီးကလည်း ကျန်းမာရေးမကောင်းသူတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအကျဉ်းထောင် ထဲရောက်နေတာကို မိသားစုက အသိမပေးထားတာပဲဖြစ်ပါတယ်။
ပိုင်တံခွန်ကိုယ်တိုင်ကလည်း ကျန်းမာရေးမကောင်းတဲ့မိခင်အပေါ် သူ့ရဲ့အဖြစ်ကို အမှန်တိုင်းမပြောပဲ မုသားစကားဆိုခဲ့ကြောင်း မြန်မြန် ပြန်လာပါတော့ ပိုင်.. နင့်ရဲ့ လေ့လာရေးခရီးစဉ်က အရမ်းကြာနေပြီလေ။
အမေလည်း မျှော်လှပြီ.. ပြန်လာသင့်နေပြီလေကွာ ဆိုပြီး အစ္မျဖစ်သူ မေချစ်သွေးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်ပြောလာပါတယ်။
ပိုင်တံခွန်ရဲ့မေမေကတော့ ပြီးခဲ့တဲ့လပိုင်းကပဲ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိနေမကောင်းခဲ့ပြီး လက်ရှိမှာလည်း ကျန်းမာရေးလုံး လုံးလျားလျားမကောင်းသေးတာမို့ မိသားစုနဲ့၊ ပိုင်တံခွန်က အခုလိုပဲ မုသားစကားဆိုထားရတာပဲဖြစ်ပါတယ်။
Crd-Original Post
(ZAWGYI)
Crd-Original Post