အိမ်ခြေ (၁၅၀) စာကို အတိုင်းမသိ ပြုံးပျော် ပီတိဖြစ်စေခဲ့တဲ့ ခိုင်နှင်းဝေရဲ့ ထူးခြား ပြီးပြည့်စုံတဲ့ အလှူလေး

အိမ်ခြေ (၁၅၀) စာကို အတိုင်းမသိ ပြုံးပျော် ပီတိဖြစ်စေခဲ့တဲ့ ခိုင်နှင်းဝေရဲ့ ထူးခြား ပြီးပြည့်စုံတဲ့ အလှူလေး

ခုကာလမှာ အရာရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကိုယ်တတ်နိုင်တဲ့ နေရာတွေမှာတော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေကြဆဲပါ ။

ငွေအားတတ်နိုင်သူက လိုအပ်တဲ့ အရာတွေ လှူဒါန်းပေးနေကြသလို လုပ်အား တတ်နိုင်သူတွေကလည်း စေတနာမေတ္တာအပြည့်နဲ့ ကိုယ်ကျိုးစွန့်ကာ ပရဟိတ အလုပ်တွေကို ကူညီဆောင်ရွက်မှုတွေ

ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ် ။

တစ်ချို့ကြတော့လည်း ထမင်းဟင်း စတာတွေကို ချက်ပြုတ်ကာ လှူဒါန်း ဝေငှပေးလျက်ရှိတာကို ကြည်နူး ပီတိဖြစ်ရလောက်အောင် တွေ့ရပါတယ် ။ ဒီလို လှူဒါန်းကြသူတွေ အထဲမှာ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေလည်း

အပါအဝင်ပါပဲ ။ အခုလည်း အိမ်ခြေ (၁၅၀) စာကို အတိုင်းမသိ ပြုံးပျော် ပီတိဖြစ်စေခဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။

ဒါကတော့ ” အိမ်ခြေ (၁၅၀) စာအတွက် အလှုငွေ (၅)ထောင်ကျပ်၊ ဆန်၊ ကော်ဖီမစ်၊အားဖြည့် အချိုရည်များ လှူဒါန်းပေးခဲ့ပါတယ်ရှင်..ခုနှစ်ရက် သားသမီး အားလုံးရဲ့ ဒါန ကုသိုလ် လေးများပဲ ဖြစ်ပါတယ်..

သာဓု သာဓု သာဓု ခေါ်ဆိုပေးကြပါရှင်……” ဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဝေမျှထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)






Yuan – Cele Zone

Photo – Khine Hnin Wai