ဗောဓိမြိုင်ဆရာတော်ကြီး မွမ်းမံပြုပြင်မယ့် အမြင့် ၁၀၈ တောင် မင်းဘိသိက်ခံ စေတီတော်ကြီးအကြောင်း

ဗောဓိမြိုင်ဆရာတော်ကြီး မွမ်းမံပြုပြင်မယ့် အမြင့် ၁၀၈ တောင် မင်းဘိသိက်ခံ စေတီတော်ကြီးအကြောင်း

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ နတ်တလူသာသနာပြုစခမ်း(အမြဲတမ်းတရားစခမ်း) တွင် ပြန်လည်ပြုပြင်မွမ်းမံမည့် ဉာဏ်တော် အတောင် ၁၈၀

စေတီတော်ကြီးနှင့် ပတ်သက်၍ မိန့်ကြားထားခဲ့သော ဩဝါဒကထာကို ဓမ္မမိတ်ဆွေသူတော်စဉ် အပေါင်းတို့သိရှိနိုင်ရန် ဖေါ်ပြအပ်ပါသည်။

အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၂ခုနှစ် ကဆုန်လဆန်း ၁ရက်နေ့မှာ ဉေယျဓမ်တောရ သာသနာ့ဝုဒ္ဓီကျောင်းဆောင်တွင် အနီးနေကပ္ပိယများအား မင်းဘိသိက်ခံစေတီတော်မြတ်ကြီး

ဉာဏ်တော်မြှင့်တင်ပြီး ပြန်လည်ပြုပြင်မည့် ကိစ္စများအား မိန့်ကြားတော်မူပါသည်။၁၃၈၂ခုနှစ် နယုန်လဆန်း ၁၀ရက်နေ့တွင် နတ်တလူသာသနာပြုစခမ်း၏ ဩဝါဒစရိယဆရာတော်ကြီး ဖြစ်သော ရန်ကုန်မြို့ကျောက်ကုန်းတောရ

မေဒိနီဆရာတော်ထံတွင် ကပ္ပိယများမှ ဩဝါဒ ခံယူခဲ့ပါသည်။၁၃၈၂ခုနှစ် နယုန်လဆန်း ၁၀ရက်နေ့တွင် ကျောက်ကုန်းတောရ မေဒိနီဆရာတော်ကြီး မိန့်ကြားခဲ့သည်များကို ပြန်လည် လျောက်ထားခဲ့ပါသည်။

ဒို့က ၁၃၆၀ ခုနှစ်ကတည်းက စိတ်ကူးရှိခဲ့တာ ဒီအတိုင်းဆို ဘုရားက အတွင်း ဌာပနာဘုရား ဖြစ်တယ် ဘယ်မုခ်ကဝင်ဝင် ဒီဘုရားကို ဦးတိုက်လို့ရအောင် အဓိဌာန်ဝင်ချင်တယ်ဆို ဝင်လို့ ရအောင်လုပ်ရမှာ အတောင် ၁၈၀

ဆိုတော့ပထမထပ် ဒုတိယထပ် တတိယထပ် အပေါ်မှာ စေတီပေါက်မှာ အထပ်တိုင်းမှာ ဥမင်လိုဏ်ခေါင်းတွေနဲ့ အာနန္ဒာလိုပေါ့ အာနန္ဒာက တစ်ထပ်ရှိတာ ဒို့က သုံးထပ်တက်မှာ ဘုရားထဲ ဝင်ချင်ဝင် မဝင်ချင်ဘေးပတ်လမ်းတွေထဲ

လျောက် ကြည့်ပေါ့ လက်ရှိဘုရားပုံစံအတိုင်း ၁၀ ဆပွားပြီး တည်ရမှာ ဖြစ်တဲ့အကြောင်းအရာ စသည်များကို မိန့်တော်မူခဲ့ပါသည်။၁၃၈၂နှစ် ပထမဝါဆိုလဆန်း ၉ ရက်နေ့တွင် မင်းဘိသိက်ခံမြတ်စွာဘုရားစေတီတော်မြတ်ကြီး၏

ပုံတော်မူကြမ်းကို ဆရာတော်ဘုရားကြီးထံဆပ်ကပ်နိုင်ခဲ့ပါသည်။

အနန္တကျေးဇူးတော်ရှင်ဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ ပြန်လည်ပြုပြင်မွန်းမံမည့် မင်းဘိသိက်ခံစေတီမြတ်ကြီး၏ဉာဏ်တော်အမြင့်မှာ အတောင် ၁၈၀ဗျ။ အတောင် ၁၈၀ တည်ထားကိုးကွယ်ရသည့်ရည်ရွယ်ချက်မှာ ဘုရားရှင်၏ ၄၅

ဝါကို ၄၅တာဖြင့်ကျေးဇူးဆပ်ပူဇော်ခြင်းဖြစ်သည်။၄၅တာအား တစ်တာလျှင် ၄ တောင်နှု်နှုးဖြင့် တွက်သော် အတောင် ၁၈၀ ရသည်။ (ဓူတင်တောရအဆောင်က တစ်တာလျှင်လေးတောင်၊ မြင့်မိုရ်တောင်ကို တိုင်းတာက တစ်တာလျှင် ၇

တောင်၊ ကမ္ဘာမြေရဲ့အလျှားအနံတိုင်းတာက တစ်တာလျှင် ၁၁ တောင်) လက်ရှိမင်းဘိသိက်ခံစေတီတော်၏ ဉာဏ်တောအမြင့်မှာ ၁၈ တောင်ဖြစ်သည်။ ဆယ့်ရှစ်တောင်ကို ပါရမီဆယ်ပါးဖြင့်မြှောက်လျှင်လည်း ၁၈၀ရသည်။

ခင်များတို့မှတ်ထားရမှာက အောက်က “အုပ်တိုက်”အပေါ်က “အုပ်ပုံ” မြင်ထားရမှာဟုလည်း မိန့်ကြားတော်မူခဲ့ပါသည်။

ပလ္လင်တော်မှာ ဘုရားရှင်ပွင့်တော်မူရာ အပရာဇိတ ပလ္လင်တော်၏အရပ် အတိုင်း လေးထောင်ထွာ ယူရမည်ဖြစ်ပြီး မုခ်ပေါက်နေရာများတွင် ပလ္လင်မှာ အပေါက်ပါရှိရမည်။မင်းဘိသိက်ခံစေတီတော်ကြီးကိုပစ္စယံသုံးဆင့်ဖြင့်

တည်မည်ဖြစ်ပြီး ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟုဆိုအပ်သော ဘုံသုံးဘုံကိုအကြောင်းခံ၍ ပစ္စယံသုံးဆင့်ဖြင့် တည်ထားပူဇော်ရခြင်းဖြစ်သည်။အခြေခံဖေါင်ဒေးရှင်းမှာ ထန်းပင်၏ရေသောက်မြစ်သည် အမြစ်များစွာဖြင့်

ကုပ်အားကောင်းသောကြောင့် လေဒဏ်၊မိုးဒဏ် ကြံ့ကြံ့ခံပြီး မယိုင်လဲသကဲ့သို့ အတောင် ၁၈၀ မြင့်မည့် စေတီတော်ကြီး၏ အုဋ္ဌ်မြစ်ကို သေခြာတွက်ချက်စဉ်းစား ကြးမည်ဟုလည်း မိန့်ကြားတော်မူပါသည်။

ပထမပစ္စယံအဆင့်တွင် ပလ္လင်ခုံ၏ အထက် အမြင့်၅၅တောင်၊ အထပ်ပေါင်း ၅ထပ် ၊ တစ်ထပ်လျှင် ၁၁ တောင်အမြင့် ရှိမည်ဖြစ်ပြီး မုခ်ကြီးလေးမုခ်၊ဥမင်လိုဏ်ခေါင်း သုံးခု တို့ပါဝင်မည်ဖြစ်သည် ၊ ပဋ္ဌာန်း၂၄ ပစ္စည်းကိုအကြောင်းခံ၍

၂၄လက်မ အုဌ်ရိုးဖြင့်စီတက်ရမည်။

ဥမင်လိုဏ်ခေါင်းသုံးခုလျှင် နံရံခြောက်မျက်နှာရမည်။ ငုံ့ကြည့်မော့ကြည့်မဖြစ်စေရန် နံရံတွင် အရပ် ၅ ပေ ခွဲ၆ ပေ လောက်တွင် ဘုရားရှင်၏ နူမှာ ၅၀၀ ဆိုသည့်အတိုင်း ၅၅၀ ဇာတ်တော်များကို

လင်းခေးကျောက်(သို့) စကျင်ကျောက်သားများကိုထုဆစ်ပုံဖေါ်၍ တံကဲမုဒ်များဖြင့်တန်ဆာဆင်ကာ မှန်ကာပြီးသော့ခတ်ထားရမည်။

ဒုတိယပစ္စယံအဆင့်တွင် အမြင့်၄၅တောင်၊အထပ်ပေါင်း ၄ ထပ် ၊ တစ်ထပ်လျှင် ၁၁ တောင် ၄ လက်မခွဲအမြင့် ရှိမည်ဖြစ်ပြီး မုခ်ကြီး ၄ ခု၊ ဥမင်လိုဏ်ခေါင်း ၂ ခုပါဝင်မည်ဖြစ်သည် ဘုရားရှင်၏အဝေဏိက ဂုဏ်တော် ၁၈ ပါး (သို့မဟုတ်

ဘုရားရှင်၏ အရပ်တော် ၁၈တောင်)ကို အကြောင်းခံ၍ ၁၈လက်မ အုဋ္ဌ်ရိုးစီပြီးတက်ရမည်။ဥမင်လိုဏ်ခေါင်း၂ ခုလျှင် နံရံ လေးမျက်နှာရမည်။ ၎င်းနံရံများ၏အရပ် ၅ပေခွဲ ၆ ပေတွင်လည်း ဘုရားရှင်၏ ဖြစ်တော်စဉ် ဖြစ်သော

ရင့်မှာတစ်ကျိပ်ဆိုသည့်အတိုင်း“တေ၊ဇ၊သု၊နေ၊မ၊ဘူ၊စန်၊နာ၊ဝိ၊ဝေ”ဆိုသည့် ဇာတ်တော်ကြီးဆယ်ဘွဲ့ ဝတ္ထုဇာတ်ကြောင်းများကို ကျောက်သားများဖြင့်ထုဆစ်ပုံဖေါ်၍ တံကဲမုဒ်များဖြင့် တန်ဆာဆင်ကာ မှန်ကာပြီးသော့ခတ်ထားရမည်။

တတိယပစ္စယံအဆင့်တွင် အမြင့်၃၅တောင်၊အထပ်ပေါင်း ၃ထပ်၊ ၁ ထပ်လျှင် ၁၁ တောင် ၁ ပေအမြင့်၊ မုခ်ကြီး ၄ မုခ် ဥမင်လိုဏ်ခေါင်း ၁ ခု ပါဝင်မည်ဖြစ်ပြီး ဘုရားရှင်၏ စရဏ၁၅ ပါးကိုအကြောင်းခံ၍ ၁၅ လက်မ အုဋ္ဌ်ရိုးစီပြီး

တက်ရမည်။ဥမင်လိုဏ်ခေါင်းတစ်ခုတွင် နံရံ နှစ်မျက်နှာရမည် ။ ၎င်း နံရံ ၂ ခု၏ အရပ်၅ပေခွဲ ၆ ပေ လောက်တွင်လည်း ဘုရားရှင်၏ ဗုဒ္ဓဝင်ဖြစ်တော်စဉ်ကို သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသည့်မှစ၍ ဓမ္မစကြာဟောတော်မူသည်အထိကို

ကျောက်သားများဖြင့်ထုဆစ်ပုံဖေါ်၍ တံကဲမုဒ်များဖြင့် တန်ဆာဆင်ကာ မှန်ကာပြီးသော့ခတ်ထားရမည်။

ဘုံသုံးပါးပစ္စယံသုံးဆင့်၏ ဉာဏ်တော်မှာ ၁၃၅ တောင်ရှိရမည်ဖြစ်ပြီး ဘုံသုံးပါးတို့၏ အထက်၌စေတီတည်မည်ဖြစ်သည်။

ဘုရားရှင်၏ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ တရားတော်များကို ၄၅ ဝါ ပါတ်လုံး မနားမနေ ဟောကြားခဲ့သည်ကို အကြောင်းခံ၍ စေတီတော်၏ ဉာဏ်တော်မှာ ၄၅ တောင်တည်ရှိရမည်ဖြစ်သည်။တတိယဘုံအထက်တွင် စေတီတည်ရှိပြီး

ထောင့်အရပ်များတွင်မူ ကိုးတောင်ပြည့်အရံစေတီပါရှိမည်ဖြစ်သည်။ အတောင် ၁၈၀ မင်းဘိသိက်ခံစေတီတော်မြတ်ကြီးသည် လက်ရှိပူဇော်နေသည့် မင်းဘိသိက်ခံစေတီတော်၏ ပုံစံအတိုင်း ဉာဏ်တော်အမြင့် ၁၈တောင်ကို

ဆယ်ဆပွါးထားခြင်းပင်ဖြစ်ပါသည်။ဘုံသုံးပါးပစ္စယံသုံးဆင့်ရှိ မုခ်များအားလုံးသည် တပြေးညီတည်ရှိနေရမည်။ အထက်နှင့်အောက် မျဉ်းဖြောင့်ဆွဲသကဲ့သို့ရှိရမည်။ဘုံသုံးပါးပစ္စယံ သုံးဆင့်တို့အလယ်တွင် ပထမဆုံးဘုံတွင်

လက်ရှိမင်းဘိသိက်ခံဘုရားကို ဖူးမြင်ရမည်။ဒုတိယဘုံအဆင့်၏ အလယ်တွင် ပါရမီဆယ်ပါးကျင့်တော်မူခဲ့ပုံကိုဖူးမြင်ရမည်။

တတိယဘုံအဆင့်အလယ်တွင်ပွင့်တော်မူပြီးသောကကုသန် ကောဏဂုံ ကဿပ ဂေါတမ ဘုရားလေးဆူတို့ကိုဖူးမြင်ရမည်။ဘုံသုံးပါးတို့၏အပေါ်တွင် ရင်ပြင်တော်ပါရှိရမည်။ မင်းဘိသိက်ခံမြတ်စွာဘုရားသည် ဘုံသုံးပါးက

ကိုးကွယ်သော ဘုရားဖြစ်သည်ကို သိရမည်။ အတောင်၁၈၀ ဉာဏ်တော်မြှင့်မည့် မင်းဘိသိက်ခံ စေတီတော်မြတ်ကြီး၏ ထီးတော်ကြီးကိုကြေးအစစ်ဖြင့် မိုလောင်း ပုံဖေါ်ထုဆစ်၍ပူဇော်ရမည်။ ကြေးခတ်၍ပူဇော်ခြင်းမပြုရပါ။

သဲစားခြင်း၊မိုးရေစားခြင်းဒဏ်မှကာကွယ်ရန် ပိန္နဲတိုင်မှာလည်း ကြေးအစစ်ဖြင့်သာ ပူဇော်ရပါမည်။ စိန်ဖူးတော်မြတ်ကြီး၏ရတနာကြုပ်ကို စခူ၊ဝက်အူများဖြင့်မပြုလုပ်ပဲ ရပစ်ရိုက်၊ဂဟေဆက်ဖြင့်ပိတ်ထားရမည်။

ပြန်လည်ပြုပြင်မွန်းမံမည့် ဉာဏ်တော်အတောင် ၁၈၀ မြင့်မည့်မင်းဘိသိက်ခံစေတီတော်မြတ်ကြီးတည်ထားပူဇော်ရာတွင် နတ်တလူဂေါပကအဖွဲ့၊ နတ်တလူဂေါစရဂါမ်ရွာများ၊ နတ်တလူသာဝကများ၊ နတ်တလူနှင့်ပတ်သက်ဆက်စပ်လျက်ရှိသူများ၊ နတ်တလူနှင့်အကြောင်းခံ ပဋ္ဌာန်းဆက်ရှိသူများ အားလုံး တည်ထားပူဇော်သွားကြရမည်ဟုမိတ်ကြားတော်မူပါသည်။

၁၃၈၃ ခုနှစ် တာကူး လဆန်း ၁၂ ရက်နေ့ည ၇.၀၀ နာရီအချိန် ရွှေနှစ် တောရ သံဃာ့ပူဇော်ပွဲသို့ လှူဒါန်းကြမည့်သာဝက များနှင့်အတူ ဦးထွန်းလမင်း (အင်ဂျင်နီယာ )+ဒေါ်သက်မာဝင်း (အင်ဂျနီယာ) (ရွှေနှစ် တောရ ကျောင်းဒကာများ ဖြစ်သည်) အဓိကထား၍ ဘုရားနှင့် ပတ်သက်သော အကြောင်းအရာများဩဝါဒပေးတော်မူခဲ့ပါသည်။၎င်းဩဝါဒကထာ မှတ်တန်းတင် ဗီဒီယိုကို သက်ဆိုင်ရာ ဆရာတော်ဘုရားကြီးနှင့် ပတ်သက်သော သာသနာပြု အသင်းများသို့ ဖြန့်ဝေပြီးဖြစ်ပါသည်။ဦးခင်မောင်ဝင်း အတွင်းရေးမှူး၊ နတ်တလူ သာသနာပြုအသင်းရုံးဖုံး – ၀၉ ၄၂၀၆၅၅၂၅၅

Crd-Original Post