သင်တို့ရဲ့ အသက်ရှူလမ်းကြောင်းကိုသန့်ရှင်းစေမဲ့ သခွါးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

သခွားသီးဟာဆိုရင် ရွှေဖရုံသီး၊ ဖရဲသီး တို့နဲ့ အပင်မျိုးနွယ်စ ုတူတူပဲ ဖြစ်ပါတယ်။ဖရဲသီးလိုပဲ ရေဓာတ်အများဆုံး ပါဝင်ပြီး၉၅%ကရေ ဖြစ်နေတာကြောင့် ပူပြင်းလှတဲ့နွရောသီမှာ၊

သခွားသီးစားပေးခြင်းက ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင ်သဘာဝက လက်ဆောင်ပေးထားတဲ့ကျန်းမာရေး အထောက်အကူတွေကလည်း သခွားသီးမှာ များစွာပါဝင်လို့ နေပါတယ်။

(၁) ဦးနှောက်ကျန်းမာရေးကို တိုးမြှင့်ပေးခြင်းသခွားသီးထဲမှာပါတဲ့ Fisetinလို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ဦးနှောက်ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းဂဏ္ဍကနေပါဝင်နေပါတယ်။ ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို တိုးတက်စေပြီး အသက်အရွယ်ကြောင့် အာရုံကြောတွေ ပျက်ဆီးခြင်းကိုလည်းFisetinကကာကွယ်ပေးပါတယ်။

(၂) ကင်ဆာရောဂါဖြစ်နိုင်မှုကို လျှော့ချပေးခြင်းသခွားသီးမှာဆိုရင် Lignansလို့ polyphenol ဓာတ်ဟာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တဲ့အပြင် Cucurbitacinsလို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာလည်း ကင်ဆာကိုတိုက်ထုတ်ပေးနိုင်တဲ့သတ္တိရှိနေပါတယ်။

(၃) အန်တီအောက်ဆီဒန့်Antioxidentဂုဏ်သတ္တိများစွာပါဝင်ခြင်းသခွားသီးမှာဆိုရင် ဗီတာမင်စီ နဲ့ ဘီတာကာရိုတင်းတို့လို အန်တီအောက်ဆီဒန့် များစွာပါဝင်တဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့နာတာရှည်ရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ချေတို့ကိုလျှော့ချပေးပါတယ်။

(၄) အသက်ရှူလမ်းကြောင်းကိုသန့်ရှင်းစေခြင်းသခွားသီးကို အဝိုင်းလိုက်လေးလှီးပြီး အာခေါင်မှာကပ်ထားလိုက်ခြင်းဟာ ခံတွင်းမှာအနံ့ဆိုးတွေဖြစ်စေတဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ သခွားသီးစားခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ဆိုးရွားစေမယ့် အစာအိမ်ထဲကအဆီတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပါတယ်။

(၅) စိတ်ပင်ပန်းမှုကိုခံနိုင်ရည်ရှိခြင်းသခွားထဲမှာ ဗီတာမင် B1 ၊ ဗီတာမင် B5 နဲ့ ဗီတာမင် B7 အစရှိသဖြင့် ဗီတာမင် B ဓာတ်များစွာ ပါဝင်နေတာပါတယ်။ဗီတာမင်ဘီဓာတ်ဟာဆိုရင် စိတ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုကြောင့် ထိခိုလာမယ့် အကျိုးဆက်တွေကို လျော့နည်းစေပါတယ်။

(၆) ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးခြင်းသခွားသီးမှာပါဝင်တဲ့ ကယ်လိုရီပမာဏဟာဆိုရင် သိပ်ကိုနည်းတဲ့အတွက် သရေစာအနေနဲ့ စားလို့ရပါတယ်။သခွားသီးမှာပါဝင်တဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်တွေဟာဆိုရင် အစာချေဖျက်မှုကို နှေးကွေးစေပြီး အဆာခံနိုင်တဲ့အတွက်သင့်ရဲ့အလေးချိန်ကိုထိန်းပေးနိုင်ပါတယ်။

Crd-Original Post