အိတ်ပိတ်သင်္ကန်း ဘယ်တော့မှ မလှူကြပါနဲ့ လို့ပြောလာရတဲ့အကြောင်းအရင်း

အိတ်ပိတ်သင်္ကန်း ဘယ်တော့မှ မလှူကြပါနဲ့ လို့ပြောလာရတဲ့အကြောင်းအရင်း

အိတ်ပိတ်သင်္ကန်း ဘယ်တော့မှ မလှူကြပါနဲ့ လို့ပြောလာရတဲ့အကြောင်းအရင်းကျောင်းတိုက်တစ်ခုမှာ ကထိန်ခင်းတာ လှပအောင်ပြင်ဆင်ထားတဲ့ အိတ်ပိတ်သင်္ကန်းအစုံ (၁၀၀)ကျော်ပါလာတယ်တဲ့။

ဖွင့်ဖောက်ကြည့်တဲ့အခါ စုတ်ပြဲနေတဲ့သင်္ကန်း အဟောင်းတွေချည်းပဲ ဖြစ်နေပါသတဲ့။ အခြားသော ကျောင်းတိုက်တွေဆီကို သံသရာမလည်အောင်

ကျောင်းထိုင်ဆရာတော်ကြီးက အားလုံးကိုမီးရှို့ ဖျက်ဆီးလိုက်ပါတယ်တဲ့။ ဒကာ၊ဒကာမတွေကို သတိပေးလိုတာက အိတ်ပိတ်သင်္ကန်းနဲ့ ခြင်းသင်္ကန်းတွေကို လှပတင့်တယ်တယ်ဆိုပြီး ရမ်းမဝယ်ကြပါနဲ့။

အသေအချာစစ်ဆေးပြီးမှ ဝယ်ယူလှူကြပါ။ ကောင်းရောင်းကောင်းဝယ် အမှန်အကန်ရောင်းတဲ့ဆိုင်တွေရှိသလို တစ်နပ်စားကြံတဲ့ ဆိုင်တွေလည်းရှိပါတယ်။

ကိုယ်ကိုယ်တိုင်လည်း ကမ္ဘာအေးမှာခဏနေတုန်းက မဟနဆရာတော်ကြီးတစ်ပါး လှူတဲ့သင်္ကန်းကို အမှတ်တရဝတ်မယ်ဆိုပြီး ဖွင့်ဖောက်လိုက်တဲ့အခါမှိုစော်နံပြီး ပါးလွှာစုတ်ပြဲနေတဲ့ သင်္ကန်းအဟောင်းဖြစ်နေပြီး

ရေလဲတောင်လုပ်မရလို့ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ရပါတယ်။အားလုံးသတိပြုကြပါ။ မေတ္တာဖြင့်ပြန်လည်မျှဝေသည်။

Crd-Original Post