အချိန် ကာလနဲ့ ကိုက်ပြီး သင်္ကန်းဆိုင်ကြီးတွေ ထည့်တဲ့ “ဂျင်း”

အချိန် ကာလနဲ့ ကိုက်ပြီး သင်္ကန်းဆိုင်ကြီးတွေ ထည့်တဲ့ “ဂျင်း”

ဒီနှစ်မှာလည်း ဝါဆိုသင်္ကန်းလေးတော့ ရပါ ရဲ့ ဒါပေမယ့်ဝတ် လို့ရတာက တစ်စုံမှ မပါဘူး ယိုးဒယားစီဝိုင်စီ ၊ အင်ဒိုနီးရှားစီဝိုင်စီ ၊ စင်္ကာပူစီဝိုင်စီ မလေးရှားစီဝိုင်စီ၊ နာမည် အမျိုးမျိုးတပ်

(အထင်မကြီး မှာ စိုးလို့ထင်ပါရဲ့ မြန်မာစီဝိုင်စီ လို့တော့ နာမည်တပ်တာ မတွေ့ရဘူး )

ဖြတ် ညှပ် ကပ်ရောင်း နောက်ဆုံး သင်္ကန်းဆိုင်တွေပဲ အိတ်ဖောင်းသွားတယ်ဒကာ,ဒကာမတွေက ”ဂျီးမများ နဲ့ လှူတာဝတ်” လို့တော့ သဘောမထားကြရှာ ပါဘူး မကျွမ်းကျင် တဲ့ သင်္ကန်းဘာသာရပ် မှာ

သဒ္ဓါတရားကို ခုတုံးလုပ်ပြီး သက်သက်မဲ့ စီးပွားရေးသမားတွေရဲ့ ဂျင်းအကြီးစား ထည့်ခံနေကြရရှာတယ်။ ဆိုင်ကနေ ၃-သောင်းပေးပြီး ဝယ်ခဲ့ရတဲ့ သင်္ကန်းက ဝတ်လိုက်ရင် –တန်းလန်း မြင်နေရတယ်။

ဝတ်မရလို့ ပြန်ရောင်းပြန်တော့ ၃ ထောင်/ ၄ ထောင်ပဲရတယ်။ဒါတောင် တောင်းတောင်း ပန်ပ န်နဲ့ ရောင်းရတာ ၃/၄ ထောင်တန် ကို သင်္ကန်းဆိုင်တွေက ၂-သောင်းကျော် နဲ့ရောင်း ၁-သောင်းတန် ကို ၃-သောင်းကျော်နဲ့ရောင်း

၂-သောင်းတန် ကို ၅-သောင်းကျော်နဲ့ရောင်း ဒကာ,ဒကာမတွေက မသိရှာတော့ ဂျင်းမိ

အဲဒီဂျင်းတွေလာ လှူကြ လှူတဲ့ဂျင်းတွေ စုပုံလာတော့ ကျောင်းတွေက မတန်မရာဈေးနဲ့ ပြ န်ထုတ်ရ သင်္ကန်းဆိုင် ပြန်ရောက် ကထိန်ရာသီ ရောက်တော့

ဒကာ,ဒကာမတွေ ဂျင်းထပ် ထည့်ခံရ တစ်ခါ အဲဒီဂျင်းတွေက ကျောင်းပြန်လာစု ဒီလို နဲ့သံသရာလည်နေတာ နောက်ဆုံးတော့ ဂျင်းကြိုက်တဲ့ သင်္ကန်းဆိုင်တွေ ကပဲ အမြတ်ထွက်သွားကြတယ်။

Crd-Original Post

(ZAWGYI)










Crd-Original Post