လူတိုင်းသောက်ဖြစ်နေတဲ့ ကော်ဖီ (Coffee)နှင့် ကော်ဖီသမိုင်း အကြောင်း

လူတိုင်းသောက်ဖြစ်နေတဲ့ ကော်ဖီ (Coffee)နှင့် ကော်ဖီသမိုင်း အကြောင်း

ကော်ဖီစပြီးပေါ်လာခဲ့ရာ ရာဇဝင်ကတော့ Kaldi ဆိုတဲ့ဆိတ်ကျောင်းသမားပဲလို့ဆိုရမှာဖြစ်ပါတယ်။ အဓိကထွက်နေတဲ့နေရာကတော့ အီသီယိုပီးယားနိုင်ငံကတောင်ကုန်းပေါ်မှာဖြစ်ပါတယ်။ ကော်ဖီမှန်းတော့မသိကြသေးပါဘူး။

တစ်နေ့ဆိတ်ကျောင်းသားကသူ့ဆိတ်တွေ အဲဒီအသီးကိုစားမိကြရာက ဆိတ်တွေက တက်တက်ကြွကြွ သွက်သွက်လက်ရှိနေတာကိုသူသတိထားမိလာခဲ့တာပါ။ အဲဒီအကြောင်းကို ဘာသာရေးအသင်းအဖွဲ့တွေဆီက သူ့အပြောပြခဲ့ပါတယ်။

အဲဒီဘာသာရေးအဖွဲ့တွေက အဲဒီကော်ဖီသီးကိုအမှုန့်ကြိတ်သောက်တဲ့အခါ ဘုရားဝတ်ပြုဆုတောင်းဖို့အတွက်ပိုပြီးနိုးနိုးကြားရှိလာခဲ့တာလည်းသတိထားမိပါတယ်။ အဲဒီကစပြီး ချက်ချင်းဆိုသလိုပဲ ကမ္ဘာကို ကော်ဖီပြန့်နှံ့ခေတ်စားလာခဲ့တယ်လို့ဆိုပါတယ်။

ကော်ဖီကိုစမိတ်ဆက်ပေးခဲ့တာက အီသိယိုပီးယားနိုင်ငံက ဆိတ်နဲ့ ဆိတ်ကျောင်းသား Kaldi ဖြစ်ပါတယ်။လက်အချိန်အထိ ကမ္ဘာမှာ ကော်ဖီ အထုပ်လုပ်ဆုံးနိုင်ငံကတော့ ဘရာဇီးနိုင်ငံဖြစ်ပါတယ်။

ကော်ဖီ သမိုင်းကြောင်းအသေးစိပ်ကိုတော့ စာရေးဆရာပေါက်ပေါက် ဘာသာပြန်ရေးသားတဲ့အတိုင်း အောက်ပါအတိုင်းပြန်လည်မျှဝေ ပေးခြင်းဖြစ်ပါသည်။၉ ရာစုလောက်ကတည်း က၍ အီသီယိုးပီးယားနိုင်ငံမှာ ကော်ဖီ စတင်သောက်သုံးခဲ့ကြပြီး၊ ၁၅-ရာစုနှစ်တွင် အာရပ်လူမျိုးတို့ သည် အာရှ၏ Yemeni ခရိုင်တွင် ကော်ဖီပင်များကို ပထမဦးဆုံး စီးပွားဖြစ် စိုက်ပျိုးကာ၊ ကုန်သွယ်မှု ပြုလုပ်လာခဲ့ကြပါသည်။

၁၆-ရာစုနှစ်ရောက်တဲ့အခါမှာတော့ “အာရေဗျ ဝိုင်” လို့ရေပန်းစားလာခဲ့ပြီး ကော်ဖီသည် ပါရှား၊ အီဂျစ်၊ ဆီးရီးယား၊ တူရကီ စသည့် အာရပ်ဒေသများအထိ နေရာယူလာခဲ့ပါသည်။ မွတ်ဆလင်ဘာသာ၏ ကိုရမ်ကျမ်းများတွင် မူးယစ်အရက်သေစာသောက်သုံးခြင်း ကိုတားမြစ်ထားသည့်အတွက်၊ စိတ်ကိုတက်ကြွလှုံ့ဆော်ပေးနိုင်သည့် ကော်ဖီကို အစားထိုးသောက်သုံးလာ ခဲ့ကြပါသည်။

မွတ်လဆင်ဘာသာရေးအထွတ်အထိပ်မြို့တော် မက္ကာ(Mecca) သို့နှစ်စဉ်နှစ်တိုင်း တစ်ကမ္ဘာလုံးရှိ ဘုရား ၀တ်ပြုဆု တောင်းသူထောင်ပေါင်းများစွာ လာရောက်ကြရာ၊ ၄င်းတို့သည် ‘အာရေဗျဝိုင်’ ဟုခေါ်သော ‘ကော်ဖီ ‘ ကို နှစ်ခြိုက်စွာသောက်သုံးခဲ့ကြပါသည်။ ထိုမှအစပြု၍ အာရေဗျကျွန်းဆွယ်၏ ကော်ဖီသည် တစ်ဦးတည်း မူပိုင်ကုန် သွယ်မှုပစ္စည်းအဖြစ် တစ် ကမ္ဘာလုံးသို့ ကုန်သွယ် ဖောက်ကားလာခဲ့ပါတော့သည်။

၁၆၁၅ ခုနှစ်တွင် ဗင်းနစ်သို့ကော်ဖီ ရောက်ရှိလာခဲ့ပါသည်။ ဗင်းနစ်ရှိ ဒေသခံ ခရစ်ယာန်ဘုန်းတော်ကြီးများသည် ကော်ဖီကို မူးယစ်သေစာတစ်မျိုးဖြစ်၍ သောက်သုံးရန်မသင့်ဟု ပြစ်တင်ရှုံ့ချ ခဲ့ပါ သည်။ ထိုအခါ ဘုန်းတော်ကြီးများနှင့်ပြည်သူများအကြား အငြင်းပွားမှုကို ပုပ်ရဟန်းမင်းကြီး Clement VIII က ကြား၀င်ဖျန်ဖြေပေးခဲ့ရပါသည်။

ပုပ်ရဟန်းမင်းကြီးက ဆုံးဖြတ်ချက်မချမှတ်ခင် ကော်ဖီကို မြည်းစမ်းသောက်သုံးကြည့်ရာ၊ စိတ်ကျေနပ် မှုကိုဖြစ် ပေါ်စေခဲ့သဖြင့် ကော်ဖီကိုသောက်သုံးရန် ထောက်ခံအားပေးခဲ့ပါသည်။ မည်သို့ပင်အငြင်းပွားမှုများ ရှိခဲ့သော်လဲဘဲ၊ အင်္ဂလန်၊ သြစတေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန် စသည့် နိုင်ငံများ၏ မြိုေ့တ်ာအသီးသီးတွင် ကော်ဖီဆိုင်များသည် အချိန် တိုအတွင်းမှာ ပင် တိုးချဲ့ဖွင့်လှစ်လာခဲ့ကြပါသည်။

ယနေ့ကမ္ဘာပေါ်တွင် စီးပွားဖြစ် ကော်ဖီအမြောက်အမြားထွက်ရှိသော နိုင်ငံများမှာ ဘရာဇီး လ်၊ ကိုလံဘီယာ၊ ဟာဝိုင်အီ၊ Costa Rica၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ဂွါတဲမာလာ၊ Hiati၊ ဟွန်ဒူးရက်စ်၊ အင်ဒိုနီး ရှား၊ ဂျမေကာ၊ ကင်ညာ၊ မာလဝီ၊ မက္က ဆီကို၊ Nicaragua၊ Popua New Guinea၊ Tanzania၊ ယူဂန်ဒါ၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ ပြင်သစ် စသည်ဖြင့် နိုင်ငံပေါင်း ၈၀ ခန့်ရှိပါသည်။

ကော်ဖီစေ့မှ ကော်ဖီတစ်ခွက်ရရှိရန်အတွက်၊ အချိန်အများကြီးဖြတ်သန်းလာရပါသည်။ ဦးစွာပထမ ကော်ဖီစေ့ကို အပင်ပျိုးပေးရပါသည်။ ထိုပျိုးပင်ကလေးများကို မြေဆီလွှာပြုပြင် ထားသော စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးပေးရပါသည်။

ရေကြိုက်သောပင် အမျိုးအစားဖြစ်ပါသည်။ ပျိုးပင်လေးများ ၂-နှစ် ခွဲခန့်ကြာသောအခါ၊ ပန်းပွင့်ပါသည်။ ထိုပန်းပွင့်မှ အနီရောင်ကော်ဖီ အသီး ကိုသီးပေးပါသည်။ အနီရောင်အသီး၏ အလည်ခေါင်တဲ့တဲ့တွင် အစိမ်းရောင်ကော်ဖီစေ့ နှစ်လုံးစီပါရှိကြပါသည်။

အနီရောင်သီး များသည် ရင့်မှည့်လာချိန်တွင် နီညိုရောင်အဖြစ်ပြောင်းလဲသွားရာ၊ ခူးဆွတ်နိုင်ပါပြီ။ ခူးဆွတ်ပြီးသော ကော်ဖီသီးများကို နေဖြင့် အခြောက်ခံကြသလို၊ စက်ဖြင့်လဲ အခြောက်ခံကြပါသည်။ ခြောက်သွားသောအသီးများကို စက်ဖြင့် အခွံချွတ်ကြပါသည်။ ထို့ နောက် ရရှိလာသော ကော်ဖီစေ့များကို အရွယ်အစား၊ အဆင့်အတန်း ခွဲကာ ဂုံလှော်အိတ်ထဲထဲ့၍ ” အစိမ်းရောင်ကော်ဖီ ” (ခေါ်) ကော်ဖီကုန်ကြမ်းများအဖြစ် နိုင်ငံ တကာ သို့သင်္ဘောဖြင့်တင်ပို့ရောင်းချကြပါသည်။

ယေဘုယျအားဖြင့် အစိမ်းရောင် ကော်ဖီ စေ့များကို လှော်စက်ထဲထဲ့ကာ ၅၅၀ ဒီဂရီဖာရင်ဟိုက်အထိ အပူပေးလှော် ရပါသည်။ ကော်ဖီစေ့များသည် အညိုရောင်သို့ပြောင်းသွားကာ၊ အစေ့သည်အတန်ငယ်ဖောင်းကြွ လာပြီး၊ ရနံ့လဲမွှေးလာပါသည်။ ကော်ဖီ စေ့ များလတ်ဆတ်လေလေ၊ ရနံ့ မွှေးလေလေ ဖြစ်ပါသည်။

လှော်ထားသော ထိုကော်ဖီစေ့များသည် ပါးစပ်ဖြင့်ကျွတ်ကျွတ် ကိုက်ဝါး၍ရသော အခြေအနေသို ့ ပြောင်းလဲလာပါက၊ ၄င်းတို့ကို လှော်စက်ထဲမှ ချက် ချင်းထုတ်ယူပြီးနောက် အအေးခံပေးရပါသည်။ ထို့နောက်အမှုန့်ကြိတ် စက်ထဲထဲ့ကာ ကော်ဖီမှုန့်ရအောင် ကျိတ်ချေပေးရပါသည်။

သို့သော် လူတစ်ကိုယ်အကြိုက် တစ်မျိုးစီရှိတတ်ပေရာ၊ ကော်ဖီ ကိုလှော်သောအခါတွင် မီးအပူရှိန်ကို အလျော့အတင်းချိန်ဆ ပေးခြင်းအားဖြင့်- (၁) Light Roast (၂) Medium Roast (၃) Medium-dark Roast (၄) Dark Roast ဟူ၍ မတူညီသော အမျိုး အစား (၄)မျိူး ကော်ဖီအရသာ တို့ကို စားသုံးသူများ စိတ်ကြိုက် ရွေးချယ်နိုင် ပါသည်။

(၁) Light Roast ဖြင့်လှော်ထားသော ကော်ဖီစေ့သည် အညိုရောင်ဖျော့ဖျော့ဖြစ်ပါသည်။ အချိန်အကြာကြီး မလှော်ထားသည့်အတွက်၊ ကော်ဖီစေ့၏ မျက်နှာပြင်တွင် အဆီ မထွက်ဘဲ၊ ၄င်းကိုကြိတ်ချေ၍ ရရှိလာသော ကော်ဖီမှုန့် ၏အရသာသည်လည်း ခပ်ပျော့ပျော့ဖြစ်ပါသည်။

(၂) Medium Roast ဖြင့်လှော်ထားသော ကော်ဖီစေ့၏ အရောင်မှာ အညို ရောင်ဖြစ်ပါသည်။ Light Roast ကဲ့သို့ပင်၊ ကော်ဖီစေ့၏မျက်နှာပြင် တွင် အဆီမထွက်သော်လဲဘဲ၊ အနံ့အရ သာကတော့ Light Roast ထက် နဲနဲပိုပြင်းပါသည်။ ထိုအရသာမျိုးကိုအမေရိကန်တို့စွဲလန်း နှစ်ခြိုက်ကြသည် ဟုသိရပါသည်။

(၃) Medium Dark Roast ဖြင့် လှော်ထားသောကော်ဖီစေ့၏အရောင်မှာ အညိုရင့် ရာင်ဖြစ်ပြီး၊ ကော်ဖီစေ့၏ မျက်နှာပြင်သည် အဆီဝေ့၍ပြောင်ချော နေပါသည်။ အရသာမှာအတန်ငယ်ချိုခါးပါသည်။ ထိအရသာ မျိုးကို ကမ္ဘာပေါ်ရှိ ကော်ဖီကြိုက် သူ အများစုက ခံတွင်းတွေ့ကြကြောင်း သိရပါသည်။

(၄) Dark Roast ဖြင့် လှော်ထားသော ကော်ဖီစေ့၏အရောင်မှာ အနက်ရောင်ဖြစ်ပြီး၊ အစေ့၏အပေါ်ယ ံ မျက်နှာပြင်သည် အဆီများထွက်ကာ ပြောင်လက်နေပါသည်။ အရသာမှာ ခါးသက်ပါသည်။

ထိုကော်ဖီခါးခါးကို Espresso ကော်ဖီ အဖြစ် အီတလီ နှင့်ပြင်သစ်နိုင်ငံများတွင် လူကြိုက်များ ရေပန်း စားလျှက်ရှိပါသည်။*ကော်ဖီကောင်းတစ်ခွက် ရရှိရန်အတွက် ၀ယ်ထားသော ကော်ဖီမှုန့်ကို သင့်အိမ်တွင်စံနစ်တကျ သိမ်းဆည်းထားတတ်ဖို့ လိုပါသည်။

လတ်လတ်ဆတ်ဆတ် ထုပ်လုပ်ထားသော ကော်ဖီမှုန့်ရက်စွဲကို စစ်ဆေးကြည့်ရှုကာ၊ မိမိအိမ်တွင် လေလုံသော ဖန်ပုလင်း(သို့မဟုတ်)ကြွေပုလင်းထဲတွင် သိမ်းဆည်းထားရပါမည်။ လေသလပ်ခြင်း၊ ပူလွန်းသောနေရာနှင့် ရေခဲသေတ္တာထဲ တွင် သိမ်းဆည်းထားခြင်းက ကော်ဖီ၏အရသာကို ပျက်ပြယ်စေပါသည်။

ကော်ဖီမှုန့်အရည်အသွေးမည်မျှပင်ကောင်းစေကာမူ၊ ထိုကော်ဖီမှုန့်ကို ကျွမ်းကျင်စွာနှပ်တတ်မှသာ အရသာရှိသော ကော်ဖီကို သောက်သုံးနိုင်မည် ဖြစ်ပါသည်။

ကော်ဖီနှပ်အိုးထဲသို့ ရေအေးအေး ၆-အောင်စ တွင် ကော်ဖီမှုန့် ၁ဇွန်း မှ ၂ဇွန်း(စားပွဲတင်ဇွန်း)ထဲ့၍ အပူချိန် ၁၉၅ ဒီဂရီဖာရင်ဟိုက်တွင် ၅-မိနစ်ကြာ မျှ နှပ်ပေးရပါမည်။

ထို့ထက်ပို၍ အပူရှိန်ပြင်းပြင်းဖြင့် အချိန်ကြာမြင့်စွာနှပ်ပါက၊ ကော်ဖီ၏အရသာမှာလဲ ပျက်ပြယ်သွားတတ်ပါ သည်။ နှပ်ထားသော ကော်ဖီကို ၄၅-မိနစ် အတွင်း သောက်သုံးသင့်ပါသည်။ အေးသွားပါက ကော်ဖီ၏အရသာကို ခံစားနိုင်မည် မဟုတ်ပါ။ ထို့ပြင် ကော်ဖီမှုန့်ကို တစ်ကြိမ်သာ နှပ်သင့်ပါသည်။

Crd to All News Myanmar