ပီဇာမှာလို့သွားပို့ပေးမိတာ အချု.ပ်ထဲမှာ လေးလကျော်ကြာ နေခဲ့ရတဲ့ Food Panda က ကောင်လေးရဲ့ အဖြစ်

ပီဇာမှာလို့သွားပို့ပေးမိတာ အချု.ပ်ထဲမှာ လေးလကျော်ကြာ နေခဲ့ရတဲ့ Food Panda က ကောင်လေးရဲ့ အဖြစ်

ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် နေရာဒေသတချို့တွေမှာ လူထုလှုပ်ရှားမှုတွေကို လက်ရှိအချိန်ထိ အားကြိုးမာန်တက် ဆက်လက်လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။

ဒီလို လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်ရင်းနဲ့လည်းေ သဆုံးသူတွေအပြင် အကြောင်းမဲ့အဖမ်းခံရသူတွေလည်း တစ်နေ့တခြား များလာတာ တွေ့ရပါတယ်။

ယခုမှာလည်း footpanda မှာလုပ်ကိုင်နေတဲ့ ပြည်သူတစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးကို အခြားသူတွေလည်း မဖြစ်အောင်ပြောပြလာတာ တွေ့ရပါတယ်။

ဒီဖြစ်ရပ်လေးကတော့ ၃၀.၅.၂၀၂၁ရက်က ရန်ကုန်၊စမ်းချောင်းမြို့နယ်မှာ ဖြစ်သွားခဲ့တာပါ။ အဆိုပါ ပြည်သူတစ်ဦးကို Customer တစ်ယောက်က ဗိုက်အရမ်းဆာလို့ ပီဇာလေး လာပို့ခိုင်းတာကြောင့် စမ်းချောင်းမြို့နယ်၊

မြင့်မိုရ်လမ်းက ပိုပိုရွှေဆိုင်သုံးလွှာကို သွားရောက်ပို့ဆောင်ပေးတဲ့ အချိန်မှာ’သူထင်မှတ်မထားတဲ့ အရာတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒါကတော့ သူ့ကိုလူတစ်စုက Custome rအယောင်ဆောင်ပြီး အကြောင်းမဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စေတနာထားပြီး သွားပို့ပေးကာမှ ၅၀၅(က)ဖြင့် အမှုဖွ.င့်ခံရပြီးထောင်ထဲမှာ

အချုပ်သားဘဝနဲ့ (၄) လ ကျော်ကြာအဆင်မပြေမှုများစွာနဲ့ နေခဲ့ရတယ် လို့သိရပါတယ်။

သူ့လိုအဖြစ်မျိုးတွေနဲ့ အခြားသော သူတွေလည်း မကြုံတွေ့ရအောင် စေတနာထားပြီး ပြောပြလာခဲ့တာကြောင့် ပရိသတ်တွေအတွက် ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

Crd-Original Post

(ZAWGYI)



Crd-Original Post