ဘုရားရဲ့တန်းခိုးတော်ကြောင့် ရေဘယ်လောက်ကြီးကြီး ဘုရားကျောင်းတော်ကို ရေမမြှုပ်တဲ့ ကျိုက္ခမီရေလည်ဘုရား

ကျိုက္ခမီဘုရားမှာ မြန်မာနိုင်ငံတွင် တန် ခိုးကြီး ရုပ်ပွားတော် တစ်ဆူဖြစ်သည်.မွန်ပြည်နယ် ကျိုက္ခမီမြို့၏အနောက်ဖက် ပင်လယ်ကမ်းခြေမှ တစ်ဖါလုံခန့် ဝေးကွာသော ကျွန်းပေါ်တွင် ကိန်းဝပ်တော်မူသည်။ကျိုက္ခမီဘုရားပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပလေ့ရှိသည်။ထိုဘုရားသို့ မော်လမြိုင်မြို့မှ မော်တော်ကားဖြင့်ဖြစ်စေ၊ သင်္ဘောဖြင့် ဖြစ်စေ တိုက်ရိုက်သွားရောက်နိုင်သည်။သို့မဟုတ် မော်လမြိုင်မြို့မှ ၃၅ မိုင်ခန့် ဝေးသော သံဖြူဇရပ်မြို့သို့ မီးရထားဖြင့်သွား၍ ယင်းမှတစ်ဆင့် မော်တော် ကားဖြင့်သွားရောက်နိုင်လေသည်။

မွန်ပြည်နယ် ကျိုက္ခမီမြို့ ရေလယ်ဆံတော်ရှင် မြတ်ဘုရား ရေဘယ်လောက်ကြီးကြီး ဘုရားကျောင်းတော်ကို ရေမမြုပ် ဒယ်အိုး ပုံစံဖြင့် ဝန်းရံ ကန်တော့လျှက်ပါပုံကိုတွေ့မြင်ရမှာပါ ဘုရား၏ တန်ခိုးတော်ဖြင့် ဘေးရန်ကင်း၍ အေးငြိမ်ကြပါစေဒီနေ့ရိုက်တဲ့ ကျိုက္ခမီရေလယ်ဘုရား ရဲ့ ဓာတ်ပုံလေးပါ..ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ကမ္ဘာသူ ကမ္ဘာသားအားလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းနိုင်ကြပြီးကပ်ရောဂါဆိုးကြီးမှလဲ အျမန်ဆုံး ကင်းဝေးနိုင်ကြပါစေ မြန်မာပြည်ကြီးလည်း အမြန်ဆုံးငြိမ်းချမ်းပါစေ

Crd-Original Post

(ZAWGYI)


