အမေရိကန်လေတပ်၏ ပထမဆုံး တပ်တွင်းဗုဒ္ဓဘာသာ ဓမ္မကထိက (အမေရိကန်လေတပ်ထဲအထိ ရောင်ဝါလင်းနေသော ဗုဒ္ဓဘာသာ )

အမေရိကန်လေတပ်၏ ပထမဆုံး တပ်တွင်းဗုဒ္ဓဘာသာ ဓမ္မကထိက (အမေရိကန်လေတပ်ထဲအထိ ရောင်ဝါလင်းနေသော ဗုဒ္ဓဘာသာ )

ကော်လိုရာဒိုပြည်နယ်ရှိ နာရိုးပတက္ကသိုလ်တွင် ဘာသာရေးဆိုင်ရာမဟာဘွဲ့ကို ရယူပြီးသည့်နောက်တွင် ဘရက် ကင်းဘဲလ်သည် အမေရိကန် လေတပ်မတော်၏

ပထမဆုံးသော တပ်တွင်း ဗုဒ္ဓဘာသာ ဓမ္မကထိက တစ်ဦးဖြစ်လာခဲ့သည်။

သူ့ဘဝရည်မှန်းချက်သည် အခြားသူတို့ကို ကူညီရန်ဟု သူကဆိုပြီး ယင်းကပင်လျှင် သူ့ကို ယခုကဲ့သို့ တပ်တွင်းဓမ္မကထိကဖြစ်လာစေကြောင်း ဒုဗိုလ် ဘရက်ကင်းဘဲလ်က ပြေ ာသည်။ အမေရိကန်ပြည်ထောင်စု

အိုင်ယိုဝါ ပြည်နယ်ဇာတိဖြစ်သော ကင်းဘဲလ်သည် အိုင်ယိုဝါ ပြည်နယ် တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဆိုင်ရာတို့ကို လေ့လာမိရာမှ ဝိပဿနာတရားကို အားထုတ်ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့သည်။

ဗုဒ္ဓဘာသာသည် မိမိတို့၏ စိတ်နှလုံးကို မည်သို့မည်ပုံ ထိန်းသိမ်းရမည်ဆိုခြင်းနှင့်လူ့အဖွဲ့အစည်းအတွင်းဝယ် မည်သို့နေထိုင်ရမည်ဆိုခြင်းကို သင်ကြားပေးပြီး၊ ပိုမိုငြိမ်းအေးသာယာစွာ နေထိုင်နိုင်စေရန်လည်း စိတ်ကိုလေ့ကျင့်ပေးသည်

ဟုကင်းဘဲလ်က ပြောပါသည်။

“ဒါက စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကပါ။ ဒါပေမယ့် အဲဒီအဓိပ္ပါယ်တွေ ဝေါဟာ ရတွေကို လူတွေ ရှင်းရှင်းလွယ်လွယ်နားလည်ဖို့အတွက် ကျွန်တော်က ပြန်ရှင်းပြ၊ ပြောပြတာဖြစ်ပါတယ်”ဟု ကင်းဘဲလ်ကပြောပါသည်။သူသည် နာရိုးပတက္ကသိုလ်တွင်

ပညာသင်ကြားနေစဉ်ကတည်းကပင်လျှင် ၏ ဓမ္မဆိုင်ရာ ကူညီမှုများကို ဆောင်ရွက်ခဲ့သည်။ထို့နောက် ၂၀၁၇ ခုနှစ် ဧပြီလဝယ် စစ်သင်တန်းများပြီးဆုံးသည်တွင်

သူသည် ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဘပ်ကလေလေတပ်စခန်းတွင် သာသနာပြုလုပ်ငန်းများကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

သူသည် တပ်တွင်း ဓမ္မသင်တန်းကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် စိတ်ဝင်စားသူများအား အချိန်ပိုင်း ပို့ချပြီး ဝိပဿနာတရားအားထုတ်ခြင်းကိုလည်း သင်ကြားပြသပေးလျှက်ရှိသည်။ထပ်ဆင့်မျှဝေပါသည်။

Crd-Original Post

(ZAWGYI)

အေမရိကန္ေလတပ္၏ ပထမဆုံး တပ္တြင္းဗုဒၶဘာသာ ဓမၼကထိက (အေမရိကန္ေလတပ္ထဲအထိ ေရာင္ဝါလင္းေနေသာ ဗုဒၶဘာသာ )

ေကာ္လိုရာဒိုျပည္နယ္ရွိ နာ႐ိုးပတကၠသိုလ္တြင္ ဘာသာေရးဆိုင္ရာမဟာဘြဲ႕ကို ရယူၿပီးသည့္ေနာက္တြင္ ဘရက္ ကင္းဘဲလ္သည္ အေမရိကန္ ေလတပ္မေတာ္၏

ပထမဆုံးေသာ တပ္တြင္း ဗုဒၶဘာသာ ဓမၼကထိက တစ္ဦးျဖစ္လာခဲ့သည္။

သူ႔ဘဝရည္မွန္းခ်က္သည္ အျခားသူတို႔ကို ကူညီရန္ဟု သူကဆိုၿပီး ယင္းကပင္လွ်င္ သူ႔ကို ယခုကဲ့သို႔ တပ္တြင္းဓမၼကထိကျဖစ္လာေစေၾကာင္း ဒုဗိုလ္ ဘရက္ကင္းဘဲလ္က ေျပ ာသည္။ အေမရိကန္ျပည္ေထာင္စု

အိုင္ယိုဝါ ျပည္နယ္ဇာတိျဖစ္ေသာ ကင္းဘဲလ္သည္ အိုင္ယိုဝါ ျပည္နယ္ တကၠသိုလ္တြင္ ဗုဒၶဘာသာဆိုင္ရာတို႔ကို ေလ့လာမိရာမွ ဝိပႆနာတရားကို အားထုတ္ျဖစ္ခဲ့ၿပီး ဗုဒၶဘာသာဝင္တစ္ဦးျဖစ္လာခဲ့သည္။ဗုဒၶဘာသာသည္ မိမိတို႔၏ စိတ္ႏွလုံးကို မည္သို႔မည္ပုံ ထိန္းသိမ္းရမည္ဆိုျခင္းႏွင့္

လူ႔အဖြဲ႕အစည္းအတြင္းဝယ္ မည္သို႔ေနထိုင္ရမည္ဆိုျခင္းကို သင္ၾကားေပးၿပီး၊ ပိုမိုၿငိမ္းေအးသာယာစြာ ေနထိုင္ႏိုင္ေစရန္လည္း စိတ္ကိုေလ့က်င့္ေပးသည္ဟုကင္းဘဲလ္က ေျပာပါသည္။

“ဒါက စိတ္ပိုင္းဆိုင္ရာ ရႈေထာင့္ကပါ။ ဒါေပမယ့္ အဲဒီအဓိပၸါယ္ေတြ ေဝါဟာ ရေတြကို လူေတြ ရွင္းရွင္းလြယ္လြယ္

နားလည္ဖို႔အတြက္ ကြၽန္ေတာ္က ျပန္ရွင္းျပ၊ ေျပာျပတာျဖစ္ပါတယ္”ဟု ကင္းဘဲလ္ကေျပာပါသည္။

သူသည္ နာ႐ိုးပတကၠသိုလ္တြင္ ပညာသင္ၾကားေနစဥ္ကတည္းကပင္လွ်င္ ၏ ဓမၼဆိုင္ရာ ကူညီမႈမ်ားကို ေဆာင္႐ြက္ခဲ့သည္။ထို႔ေနာက္ ၂၀၁၇ ခုႏွစ္ ဧၿပီလဝယ္ စစ္သင္တန္းမ်ားၿပီးဆုံးသည္တြင္

သူသည္ ေကာ္လိုရာဒိုျပည္နယ္၊ ေအာ္႐ိုရာၿမိဳ႕ရွိ ဘပ္ကေလေလတပ္စခန္းတြင္ သာသနာျပဳလုပ္ငန္းမ်ားကို ဆက္လက္ထမ္းေဆာင္ခဲ့သည္။

သူသည္ တပ္တြင္း ဓမၼသင္တန္းကို တနလၤာ၊ ဗုဒၶဟူးႏွင့္ ေသာၾကာေန႔တို႔တြင္ စိတ္ဝင္စားသူမ်ားအား အခ်ိန္ပိုင္း ပို႔ခ်ၿပီး ဝိပႆနာတရားအားထုတ္ျခင္းကိုလည္း သင္ၾကားျပသေပးလွ်က္ရွိသည္။ထပ္ဆင့္မွ်ေဝပါသည္။

Crd-Original Post