ခန္ဓာကိုယ်ကနေ သင်းပျံ့တဲ့ ရနံ့တွေထွက်နေတဲ့ ဆရာတော်ဘုရား

ခန္ဓာကိုယ်ကနေ သင်းပျံ့တဲ့ ရနံ့တွေထွက်နေတဲ့ ဆရာတော်ဘုရား

ရွှေတိဂုံဘုရား တောင်ဘက်မုဒ်မှာ အိမ်က လာခေါ်မယ့်ကားကို ထိုင်စောင့်ရင်း Wheel chair နဲ့ ဘုန်းဘုန်း တစ်ပါးကို ရုတ်တရက် ကြည့်မိတဲ့ အခါမှာ ဘုန်းဘုန်းရဲ့ ညာဘက်ခြေထောက်အောက်မှ ခြေနင်းခုံက မကောင်းတော့ လည်ထွက်သွားပြီး

ခြေဖဝါးက မြေကြီးနဲ့ထိနေတယ်။အနောက်မှ လှည်းတွန်းတဲ့သူက မသိပဲ တွန်းလိုက်ရင် ခြေထောက်ညပ် သွားမယ်ဆိုတာ သိလို့ ဘုန်းဘုန်းရဲ့ခြေထောက်ကို အမြန်ပြေး၍ မယူပြီးတော့ ခြေနင်းခုံပေါ် ပြန်တင်ပေး လိုက်တယ်။

ဆရာတော်ရဲ့ ခြေထောက်ကို ပြေးကိုင်ပြီးဆွဲမလိုက်တဲ့ အခါမှာ ရေမွှေးနံ့မဟုတ်တဲ့ အင်မတန်မွှေးတဲ့ အနံ့တစ်ခု ရလိုက်ပါသည်။ အဲဒီအချိန်မှာ “သေရင်မပုတ်တဲ့ ခန္ဓာ၊မသေခင်မှာတောင် မွှေးနေတဲ့ ခန္ဓာကိုယ်” ဆိုတာကို အမှန်တကယ်

လက်တွေ့ ကိုယ်တိုင် တွေ့လိုက်ရတာပါပဲ။ကျွန်မ ငယ်စဉ်က “တောင်ကြီးမြို့ မှာရှိတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ခန္ဓာကိုယ်က မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတယ်” လို့ သွားဖူးခဲ့တဲ့ သူတွေ ပြောတာကို ကြားခဲ့ဖူးပါတယ်။

ခန္ဓာရဲ့ သဘာဝအရ အမွှေးနံသာ ဘယ်လိုပဲစွတ်စွတ် အပုတ်နံ့ဆိုတာ အနည်းနဲ့ အများတော့ ထွက်နေတာပဲ။

ဒါပေမယ့် သူတော်ကောင်း တွေရဲ့ ခန္ဓာအိမ်ကတော့ အသားအရေ ဝင်းပ ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တွေ ထွက်နေတာ ဒီနေ့ လက်တွေ့ သိမြင်လိုက်ရပါတယ်။

နောက်တော့ ဆရာတော်ရဲ့ ဘွဲ့ကိုမေးပြီး ဓါတ်ပုံရိုက်ဖို့ ခွင့်တောင်း ခဲ့ပါတယ်။ အခု အများ ဖူးနိုင်အောင် တင်ပေးလိုက် ပါတယ်။ တောင်ဥက္ကလာမှ ငွေကြာယံရိပ်သာ ဆရာတော်ပါ။ ယခု သက်တော် ၈၃ နှစ်ရှိပါပြီ။

Crd-Original Post