‘တစ်သက်တာစာပေဆု’ ဆွတ်ခူးရရှိခဲ့လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဆိုတဲ့ နာမည်ကျော်စာရေးဆရာမ မစန္ဒာ

‘တစ်သက်တာစာပေဆု’ ဆွတ်ခူးရရှိခဲ့လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ဆိုတဲ့ နာမည်ကျော်စာရေးဆရာမ မစန္ဒာ

သိပ်မကြာခင် တီဗီမှာ ပြသခဲ့ဖူးတဲ့ ဂျီဟောသူဇာတ်လမ်းတွဲရဲ့ ဝတ္ထုကို

ဖန်တီးခဲ့သူ နာမည်ကျော် စာရေးဆရာမ မစန္ဒာဟာ စ.စ်ကောင်စီက ပေးအပ်ချီးမြှင့်ခဲ့တဲ့ အမျိုးသားတစ်သက်တာစာပေဆုကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် သူမရဲ့ စာဖတ်သူပရိတ်သတ်တွေအကြား အတော်ကို ရေပန်းစားနေတာပဲဖြစ်ပါတယ်။

သူမဟာ ယနေ့ထိတိုင် မဂ္ဂဇင်း၊ ဝတ္ထုတို၊ ဝတ္ထုရှည် စုစုပေါင်း (၂၀၀)ကျော်၊ လုံးချင်းဝတ္ထု (၁၃)ပုဒ်နှင့် ဝတ္ထုလတ်များကို ရေးသားထားခဲ့ပါတယ်။ သူမရဲ့ ထင်ရှားတဲ့ဝတ္တုများကတော့ “ငယ်သူမို့မသိပါ၊ ဂျီဟောသူ၊ နှင်းဆီ၊ ဘဝအိမ်မက်၊ ပန်းအိပ်မက်၊ အရိပ်၊ ဆဌဂံ” အစရှိတဲ့ ဝတ္ထုများဖြစ်ပြီး

ပရိတ်သတ်ကြားအတော်လေးကို အောင်မြင်ခဲ့ပြီး လုံးချင်းဝတ္ထု (၁၃)ပုဒ်အနက် (၁၁)ပုဒ်မှာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခြင်းခ.ံခဲ့ရပါတယ်။

ယခုရရှိခဲ့တဲ့ အမျိုးသားတစ်သက်တာစာပေဆုနဲ့ပတ်သက်ပြီး သူမက “တစ်သက်တာစာပေဆုဆိုတာ ကိုယ်တစ်သက်လုံး

နှစ်ပေါင်းများစွာ ရေးသားခဲ့တဲ့ စာတွေအပေါ်မှာ အကဲခတ်ပြီး ရွေးချယ်တာဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူမိတယ်။ တိုင်းပြည်လည်းအေးချမ်းမယ်၊ ပြည်သူအများလည်း ကျန်းမာပျော်ရွှင်နေရမယ်ဆိုရင်တော့ ပိုပြီးပျော်ရွှင်မိမှာပါ။ စာပေနဲ့ပတ်သက်လို့ကတော့ လူငယ်တွေမကပဲ

လူကြီးတွေပါစာဖတ်ကြပါလို့ ပြောချင်ပါတယ်။

ကျွန်မကြားဖူးတာက ကံချင်းတူရင် ဉာဏ်ရှိတဲ့သူကသာတယ်။ ကံနဲ့ ဉာဏ်ရှိရင် ဝီရိယရှိသူက သာတယ်။ ကံ၊ဉာဏ်၊ဝီရီယတူရင် စာဖတ်တဲ့သူကသာတယ်” လို့ဆိုထားပါသေးတယ်။

Crd-Original Post.

(ZAWGYI)

‘တစ္သက္တာစာေပဆု’ ဆြတ္ခူးရရွိခဲ့လို႔ ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္ဆိုတဲ့ နာမည္ေက်ာ္စာေရးဆရာမ မစႏၵာ

သိပ္မၾကာခင္ တီဗီမွာ ျပသခဲ့ဖူးတဲ့ ဂ်ီေဟာသူဇာတ္လမ္းတြဲရဲ႕ ဝတၳဳကို

ဖန္တီးခဲ့သူ နာမည္ေက်ာ္ စာေရးဆရာမ မစႏၵာဟာ စ.စ္ေကာင္စီက ေပးအပ္ခ်ီးျမႇင့္ခဲ့တဲ့ အမ်ိဳးသားတစ္သက္တာစာေပဆုကိုရရွိသြားခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္စဥ္ေၾကာင့္ သူမရဲ႕ စာဖတ္သူပရိတ္သတ္ေတြအၾကား အေတာ္ကို ေရပန္းစားေနတာပဲျဖစ္ပါတယ္။

သူမဟာ ယေန႔ထိတိုင္ မဂၢဇင္း၊ ဝတၳဳတို၊ ဝတၳဳရွည္ စုစုေပါင္း (၂၀၀)ေက်ာ္၊ လုံးခ်င္းဝတၳဳ (၁၃)ပုဒ္ႏွင့္ ဝတၳဳလတ္မ်ားကို ေရးသားထားခဲ့ပါတယ္။ သူမရဲ႕ ထင္ရွားတဲ့ဝတၱဳမ်ားကေတာ့ “ငယ္သူမို႔မသိပါ၊ ဂ်ီေဟာသူ၊ ႏွင္းဆီ၊ ဘဝအိမ္မက္၊ ပန္းအိပ္မက္၊ အရိပ္၊ ဆဌဂံ” အစရွိတဲ့ ဝတၳဳမ်ားျဖစ္ၿပီး

ပရိတ္သတ္ၾကားအေတာ္ေလးကို ေအာင္ျမင္ခဲ့ၿပီး လုံးခ်င္းဝတၳဳ (၁၃)ပုဒ္အနက္ (၁၁)ပုဒ္မွာ ႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးျခင္းခ.ံခဲ့ရပါတယ္။ ယခုရရွိခဲ့တဲ့ အမ်ိဳးသားတစ္သက္တာစာေပဆုနဲ႔ပတ္သက္ၿပီး သူမက “တစ္သက္တာစာေပဆုဆိုတာ ကိုယ္တစ္သက္လုံး

ႏွစ္ေပါင္းမ်ားစြာ ေရးသားခဲ့တဲ့ စာေတြအေပၚမွာ အကဲခတ္ၿပီး ေ႐ြးခ်ယ္တာျဖစ္လို႔ ဝမ္းေျမာက္ဂုဏ္ယူမိတယ္။

တိုင္းျပည္လည္းေအးခ်မ္းမယ္၊ ျပည္သူအမ်ားလည္း က်န္းမာေပ်ာ္႐ႊင္ေနရမယ္ဆိုရင္ေတာ့ ပိုၿပီးေပ်ာ္႐ႊင္မိမွာပါ။ စာေပနဲ႔ပတ္သက္လို႔ကေတာ့ လူငယ္ေတြမကပဲ

လူႀကီးေတြပါစာဖတ္ၾကပါလို႔ ေျပာခ်င္ပါတယ္။ ကြၽန္မၾကားဖူးတာက ကံခ်င္းတူရင္ ဉာဏ္ရွိတဲ့သူကသာတယ္။ ကံနဲ႔ ဉာဏ္ရွိရင္ ဝီရိယရွိသူက သာတယ္။ ကံ၊ဉာဏ္၊ဝီရီယတူရင္ စာဖတ္တဲ့သူကသာတယ္” လို႔ဆိုထားပါေသးတယ္။

Crd-Original Post