အိမ်ထောင်မပြုဘဲ ပရဟိတတွေပဲ လုပ်နေတဲ့ သားဖြစ်သူ လူပျိုကြီးကို တစ်သက်လုံး စုထားသမျှငွေတွေ ထုတ်ပေးခဲ့တဲ့ မိခင်
အိမ်ထောင်မပြုဘဲ ပရဟိတတွေပဲ လုပ်နေတဲ့ သားဖြစ်သူ လူပျိုကြီးကို တစ်သက်လုံး စုထားသမျှငွေတွေ ထုတ်ပေးခဲ့တဲ့ မိခင်
သေချာထပ်သိလိုက်ရတာက မိဘဟာ မိဘပါပဲ အမေ့ကို အနီးကပ်ပြုစုမယ်ဆိုမှ အမွေပြန်ပေးခဲ့တဲ့အမေ အမေပြောတဲ့ စကားက ငါ့သားအတွက် ဒီလိုအချိန်ရောက်ဖို့ အမေစောင့်နေခဲ့ရတာကြာပြီတဲ့
သားလုပ်ချင်တာတွေလဲ လုပ်လို့ဝပြီးပေါ့တဲ့ ကျွန်တော်လုပ်ချင်တာ မှန်သမျှ အမေ တခွန်းမှ အပြစ်မပြောခဲ့ဘူး။ လိုအပ်တာတွေတောင် ထောက်ပံ့ပေးနေခဲ့တယ်။
ခု ပရဟိတက အနားယူပြီးဆိုတော့ အမေပြောပြီးတဲ့။သားနောင်ရေးအတွက် သားလုပ်ရမဲ့အချိန်ရောက်ပြီးတဲ့ ခု သားအသက်က (၃၆)ရှိပြီး လူ့ဘဝသက်တမ်း တဝက်ကျိုးနေပြီးတဲ့ သား အတွက် သားကြိုးစားဖို့ အချိန်ရောက်ပြီးဆိုပြီးသူ့ နိုင်ငံခြားမှာ
အလုပ်လုပ်ပြီး ကြိတ်စုထားတဲ့ ငွေအားလုံးကို သားအဆင်ပြေတာလုပ် သားအရည်အချင်းကို အမေယုံတယ်ဆိုပြီးအမွေ ထုတ်ပေးလိုက်တယ်။
သား ဘာပြောရမလဲ အမေ အမေ့ကို မပေးနဲ့လို့လဲ ပြောမထွက်ဘူး ငွေ ဆိုတာထက် အမေ့ မေတ္တာတွေလို့ သားမြင်နေတာကိုးမိဘပေးတဲ့ အမွေ ဆိုတော့ သားမငြင်းပါဘူး သားလဲ တခုပဲ ပြောမယ် အမေ ရေ
အမေ ပေးတဲ့ အမွေကို သားလက်ခံလိုက်ပါတယ်နော် ဒါပေမဲ့ သားကလဲ အမေ့ကိုပဲ ပြန်လုပ်ကျွေးမဲ့ သားပါလို့အမေ ခုချိန်ကစပြီး မပူမပင် မကြောင့်မကျနဲ့ အေးဆေးနေဖို့ သား အလှည့်ကျပါပြီးလို့ အမေ့ကို ကျေးဇူးဆပ်ဖို့ သား အလုပ်ပိုလုပ်ပြီးအမေ
( ဒါပေမဲ့ အမေ တခုပဲ လိုသွားတယ် သား ကို မိန်းမ မပေးစားတာ အမေ့အပြစ်ပဲလို့ အဲဒါက စိတ်ထဲက ပြောလိုက်တာပါ )
ဘဝနဲ့ရင်းပြီး ထပ်သိလိုက်ရတာက အချိန်တန်ရင် မိဘ ဆိုတာ မိဘ ပါပဲလို့ အမေ့ ကို ချစ်တဲ့ သား ဇင်မိုး (10.11.2021) ခရက်ဒစ်
Crd-Original Post
(ZAWGYI)
Crd-Original Post