မြန်မာစစ်ကောင်စီကို အရေးယူမှု မရှိဘဲ “စိုးရိမ်သည်” ဟု ထုတ်ပြန်နေသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အလွန်စိတ်ပျက်မိဟု မြန်မာ့အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

မြန်မာစစ်ကောင်စီကို အရေးယူမှု မရှိဘဲ “စိုးရိမ်သည်” ဟု ထုတ်ပြန်နေသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အလွန်စိတ်ပျက်မိဟု မြန်မာ့အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

မန်မာစစ်ကောင်စီကို အရေးယူမှု မရှိဘဲ“စိုးရိမ်သည်”ဟုထုတ်ပြန်နေသည့်ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအလွန်စိတ်ပျက်မိဟုမြန်မာ့အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုဝင်ဘာလ၈ရက်နေ့တွင်မြန်မာ့အရေးအစည်းအဝေးခေါ်ယူပြီးနောက်အလွန်စိုးရိမ်ပါသည်ဆိုသောထုတ်ပြန်ကိုပဲထပ်မံထုတ်ပြန်ရာယင်းထုတ်ပြန်ချက်ကိုအလွန်စိတ်ပျက်မိကြောင်းမြန်မာ့အရပ်ဘက်အဖွဲအစည်းများက ထုတ်ပြန်ပြောဆိုလိုက်သည်

ကုလသမဂ္ဂလုံခြုံရေးကောင်စီကအရေးယူဆောင်ရွက်မှုထပ်မံပျက်ကွက်ခြင်းကြောင့်မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များက“အလွန်စိတ်ပျက်”မိကြောင်း၊ယနေ့တွင်ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြန်မာနိုင်ငံတစ်ဝှမ်းတွင်မကြာသေးမီကအကြမ်းဖက်မှုများဖြစ်ပွားပြီးနောက်“အလွန်စိုးရိမ်ပူပန်မှု”ကိုထပ်မံဖော်ပြသည့်သတင်းကြေညာချက်ကိုထပ်မံထုတ်ပြန်ခဲ့ကြောင်း၊အဆိုပါထုတ်ပြန်ခက်တွင် မြန်မာစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများကို ချက်ခြင်းရပ်တန့်ရန် တောင်းဆိုထားသည်။

ချင်းပြည်နယ်တွင် မြန်မာစစ်အစိုးရတိုက်ခိုက်မှုများအရှိန်မြင့်လာသဖြင့်အိမ်ခြေ၂၀၀ကျော်နှင့်ဘုရားကျောင်း၂ခုမီးလောင်မှုဖြစ်ပွားခဲ့သဖြင့်ဒေသတွင်းနှင့်နိုင်ငံတကာအရပ်ဘက်လူမှုအဖွဲ့အစည်း၅၂၁ဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအရေးပေါ်အစည်းအဝေးခေါ်ယူရန်နိုဝင်ဘာ၄ရက်ကတောင်းဆိုခဲ့ခြင်းဖြစ်သည်မြန်မာစစ်တပ်ကပြည်သူများအပေါ်အကြမ်းဖက်တိုက်ခိုက်နေမှုများကိရပ်တန့်ရန်နိုင်ငံတကာအရေးယူဆောင်ရွက်မှုများခိုင်မာအောင်ဆောင်ရွက်ရန်လုံခြုံရေးကောင်စီကိုတောင်းဆိုခဲ့ပြီးစစ်ကောင်စီကိုကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုတားမြစ်ချက်တစ်ရပ်ချမှတ်ရန်လည်းအရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့သည်

လက်ရှိတွင်အိန္ဒိယနှင့်ရုရှားတို့အပါအဝင်ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည်အာဏာသိမ်းမြန်မာစစ်တပ်ထံလက်နက်နှင့်စစ်ပစ္စည်းများကိုလွှဲပြောင်းရောင်းချခဲ့ပြီးတရုတ်နိုင်ငံသည်အဓိကလကနက်ထောက်ပံ့သူအဖြစ် စစ်တပ်နှင့် စီးပွားရေး ဆက်လက်လုပ်ကိုင်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

ProgressiveVoiceမှဒေါ်ခင်ဥမ္မာက“ကုလလုံခြုံရေးကောင်စီရဲ့ဆက်တိုက်လုပ်ဆောင်မှုအားနည်းတဲ့အတွက်အရမ်းစိတ်ပျက်မိပါတယ်။ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ရဲ့‘စိုးရိမ်မှု’ဆိုတဲ့စကားလုံးတွေနဲ့ထုတ်ပြန်ချက်ကအပြစ်မဲ့ပြည်သူများကိုလုံးဝသတ်ဖြတ်နေတဲ့စစ်အစိုးရကိုလျစ်လျူရှုပြီးမြန်မာပြည်သူတွေအပေါ်အမှန်တကယခြိမ်းခြောက်မှုတွေကိုလျစ်လျူရှုထားတာပါ။မြန်မာနိုင်ငံမှာပြင်းထန်တဲ့အကြမ်းဖက်မှုတွေက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့အပြင် ကျရှုံးမှု သက်သေလည်းဖြစ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့လုပ်ဆောင်ချက်ကိုဆက်လက်ပိတ်ဆို့နေတဲအဖွဲ့ဝင်နိုင်ငံတွေကမြန်မာပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုပိုမိုဆိုးရွားစေပြီးရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုထပ်မံကျူးလွန်ဖို့စစ်အစိုးရကို တွန်းအားပေးနေတာပါ။ ဒီနိုင်ငံတွေက စစ်အစိုးရရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်မှုတွေကိုထောက်ပံ့နေပြီးဆက်နွယ်မှုတွေကိုလည်းသူတို့တာဝန်ခံရမှဖြစ်ပါတယ်။”ဟုသုံးသပ်ပြောဆိုသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့မှSalaiZaUkက“ကုလလုံခြုံရေးကောင်စီမှာမြန်မာနိုင်ငံအခြေအနေကိုဆွေးနွေးဖို့ဆွေးနွေးနေချိန်မှာပဲထန်တလန်မှာအိမ်တွေကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ချင်းပြည်နယ်တွင်သြဂုတ်လမှစတင်၍စစ်ကူများထပ်မံစေလွှတ်ခြင်းကြောင့်ခရစ်ယာန်ဘုရားကျောင်းများနှင့်ဘာသာရေးအဆောက်အအုံ၂၂လုံးထက်မနည်းကိုမီးရှို့ဖျက်ဆီးကာဖျက်ဆီးခဲ့တယ်။အကြိမ်ကြိမ်တောင်းဆိုနသော်လည်း ပြည်သူများကို ကယ်တင်ရန် ထိရောက်မှု မရှိသော ခေါင်းဆောင်မှု ကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ယုံကြည်မှု ပျောက်ဆုံးနေပါတယ်” ဟု ပြောဆိုသည်။

WomenPeaceNetworkမှမဝေဝေနုကကုလလုံခြုံရေးကောင်စီရဲ့အရေးယူဆောင်ရွက်မှုအားနည်းတာကကြောက်စရာကောင်းတယ်၂၀၁၇ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမတိုင်မီနှင့်အပြီးတွင်အရေးယူရန်ပျက်ကွက်ခဲ့ပြီးစစ်တပ်ကလူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုလုံးဝအပြစ်ပေးခံရခြင်းမရှိပါဘူး။စစ်တပ်ကကြီးလေးတဲ့ရာဇဝတ်မှုတွေဆက်ကျူးလွန်နေတာကြောင့်ဒါကကုလသမဂ္ဂရဲ့ကရှုံးမှုဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးယူမှုတွေ လုပ်ဆောင်ပြီး စစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက်တာဝန်ခံလာအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှစ၍ မြန်မာစစ်တပ်သည် ပြည်သူ ၁၂၅၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ တစ်သောင်းနီးပါးကိုဥပဒေမဲ့ဖမ်းဆီးထားကြောင်းသိရှိရသည်။

ဓာတ်ပုံ-ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခု Accept New Generation Military