ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုနဲ့ ပါတ်သက်ပြီး ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်ရဲ့ ထွက်ဆိုချက်

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုနဲ့ ပါတ်သက်ပြီး ဦးဖြိုးမင်းသိန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်ရဲ့ ထွက်ဆိုချက်

ဒေါ်အောင်ဆန်းစုကြည်ကိုပေးရန် ရွှေချောင်းနှင့်ဒေါ်လာများစီစဉ်ပေးခဲ့ရသော်လည်း မည်သည့်အချိန်တွင်ပေးသည်ကိုမသိရှိကြောင်း ဒေါ်ခင်မိမိကြွယ်ထွက်ဆို။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပေးရန် ရွှေချောင်းများနှင့် ဒေါ်လာများ

စီစဉ်ပေးခဲ့ရသော်လည်း မည်သည့်အချိန်တွင် ဦးဖြိုးမင်းသိန်းအနေဖြင့်ပေးအပ်သည်ကိုမသိရှိရကြောင်း ဒေါ်ခင်မိမိကြွယ်က ယနေ့ရုံးချိန်းတွင်ထွက်ဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်အား သီးသန့်စ.ွဲဆိုထားသော အဂ.တိလိုက်.စားမှုဥပဒေပ.ုဒ်မ ၅၅အမှုအတွက်တရားလိုပြသက်သေတစ်ဦးဖြစ်သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ဇနီး ဒေါ်ခင်မိမိကြွယ်ကထွက်ဆိုမှုဖြစ်သည်။

ကျန်းမာရေးမေ.ကာင်းဟုဆိုကာ ထွက်ဆိုချက်ပေးရန် ရုံးချိန်းသုံးခေါက်ပျ.က်က.ွက်နေခဲ့သော ဒေါ်ခင်မိမိကြွယ်က ဦးဖြိုးမင်းသိန်းတောင်းသဖြင့်

ရွှေချောင်းနှင့်ဒေါ်လာများ စီစဉ်ပေးခဲ့ရသော်လည်း သူမအနေဖြင့် အဖော်လိုက်သွားခြင်းမျိုးမရှိကြောင်းနှင့် ရွှေချောင်းနှင့်ဒေါ်လာများကို ဘယ်အချိန် ဘယ်ရက်က ရရှိခဲ့သည်ဆိုခြင်းကိုမူ ထွက်ဆိုသွားခြင်းမရှိကြောင်း

ရှေ့နေ့အဖွဲ့နှင့်နီးစပ်သူအသိုင်းအဝိုင်းများကဆိုသည်။အာ.ဏာသ.ိမ်းစ.စ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်းမရှိသော နေရာတစ်ခုတွင် ခ.ျုပ်နှေ.ာင်ထားခြင်းခ.ံရသော ဒေါ်ခင်မိမိကြွယ်က ယနေ့ လေးချိန်းမြောက်တွင်မှ

လိုပြသက်သေအဖြစ်လာရောက်ထွက်ဆိုခြင်းဖြစ်သည်။

လိုပြသက်သေနောက်တစ်ဦးဖြစ်သော ဦးဖြိုးမင်းသိန်းကအကယ်ဒမီအခေါက်ရွှေ ခုနစ်ပိသာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်မြို့ပြစီမံကိန်းများအတွက် ပေးခဲ့ရသည်ဟု အစောပိုင်းက တရားရုံးတွင်ထွက်ဆိုထားသည်။ ယင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က

အဓိပ္ပါယ်မရှိသောထွက်ဆိုမှုများဟု တုန့်ပြန်ချေပထားသည်။ ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ်စ.ွဲဆိုထားသည့် နောက်ထပ်အ.မှုတစ်ခုဖြစ်သော ရ.ာကြီးမှုအမှတ်(၅) လရောင်တောစီမံကိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန် နေအိမ်တည်ဆောက်သည်ဆိုသည့်

စ.ွပ်စွဲချက်အ.မှုအတွက် နေပြည်တော် လူမှုဖူလုံရေးကော်မတီမှ အင်ဂျင်နီယာတစ်ဦးက လိုပြသက်သေထွက်ဆိုခဲ့သည်။ထို့နောက် ရ.ာကြီးမှုအမှတ်(၃)နှင့် ရ.ာကြီးမှုအမှတ်(၄) တို့ကိုစစ်ဆေးရာ တရားလိုပြသက်သေများ ရောက်ရှိလာခြင်းမရှိသောကြောင်း မစစ်ဆေးဖြစ်ခဲ့ဘဲလာမည့်ရုံးချိန်းတွင် စစ်ဆေးမည်ဟု တရားသူကြီးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

စ.စ်ကောင်စီက စ.ွဲဆိုထားသည့် အဂ.တိအ.မှုလေးမှုစလုံးအတွက် လာမည့် နိုဝင်ဘာ ၁၉ ရက်(သောကြာနေ့)သို့ပြန်လည်ချိန်းဆိုထားသည်။ စ.စ်ကောင်စီက

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်အချို့ကို အဂ.တိလို.က်စားမှုတ.ိုက်ဖျ.က်ရေးဥပဒေပ.ုဒ်မတစ်မျိုးတည်းမှာပင် လေးမှုဖြင့် တရားစ.ွဲဆိုထားရာ ယင်းအ.မှုလေးမှုအနက် တစ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်တစ်ဦးတည်း သီးသန့်စွဲဆိုထားသည်။

Crd-Original Post