အကျိုးတရားတွေ များစွာရရှိစေဖို့ အလှူခံပုဂ္ဂိုလ် နှင့် အလှူရှင်ပုဂ္ဂိုလ်မှာ အမြဲမပြတ်ရှိသင့်တဲ့ အင်္ဂါ ၆-ပါး

အကျိုးတရားတွေ များစွာရရှိစေဖို့ အလှူခံပုဂ္ဂိုလ် နှင့် အလှူရှင်ပုဂ္ဂိုလ်မှာ အမြဲမပြတ်ရှိသင့်တဲ့ အင်္ဂါ ၆-ပါး

အကျိုးတရားတွေ များစွာရရှိစေဖို့ အလှူခံပုဂ္ဂိုလ် နှင့် အလှူရှင်ပုဂ္ဂိုလ်မှာ အမြဲမပြတ်ရှိသင့်တဲ့ အင်္ဂါ ၆-ပါး အလှူရှင်နှင့် အလှူခံတို့၏ အင်္ဂါ ၆-ပါး။ ။ အင်္ဂုတ္တရပါဠိ။ ဒု။ ၂၉၅-၌ အကျယ်ရှု။

အလှူပေးသူများသတိထား ရွေးချယ်တတ်ရန်။

(၁) အလှူမပေးမီ- ရှေးအဖို့၌ သီလဆောက်တည်ဝမ်းမြောက်နေရခြင်း၊(၂) ပေးလှူဆဲခဏ၌ စိတ်ကြည်လင်ရွှင်ပြရခြင်း၊

(၃) ပေးလှူပြီးနောက်မကြာခဏ နှစ်သက်ဝမ်းသာအမှတ်ရကာနေရခြင်း၊ဤအင်္ဂါ ၃-ပါးသည် အလှူရှင်တို့မှာရှိထား ဖြစ်ထားရမည့် အင်္ဂါသုံးပါးဟူ၏။

အလှူခံယူသူတို့ဘက်မှ ရှိထားရမည့် ဂုဏ်အင်္ဂါ ၃-ပါးကိုလည်း ဤသို့သိထားရွေးချယ်တတ်ရမည်။

(၁) တဏှာ ရာဂကင်းစင်သူဖြစ်ခြင်း၊ ရာဂကင်းကြောင်း အကျင့်ကောင်းများကို ကျင့်ကြံအားထုတ်နေသူဖြစ်ခြင်း၊

(၂) ဒေါသကင်းခြင်း၊ ဒေါသကင်းရန် ပြုကျင့်အားထုတ်နေသူဖြစ်ခြင်း၊(၃)မောဟကင်းခြင်း၊ မောဟကင်းစင်စေရန် ဝိပဿနာတရား အားထုတ်ကျင့်ပွားနေခြင်းရှိသည့် ပုဂ္ဂိုလ်များဖြစ်ရခြင်း ဟူ၏။

ကုသိုလ်ပြုသူတိုင်း ကောင်းသောအကျိုးတရားများ များစွာရရှိကြပါစေ။

Crd-Original Post