ကုသိုလ်တွေလုပ်နေပါလျှက် ကောင်းကျိုးတွေမခံစားရတာဘာကြောင့်လဲ

ကုသိုလ်တွေလုပ်နေပါလျှက် ကောင်းကျိုးတွေမခံစားရတာဘာကြောင့်လဲ

ကုသိုလ်တွေလုပ်နေပါလျှက် မကောင်းကျိုးတွေခံစားရတာဘာကြောင့်လဲဗုဒ္ဓဘာသာတို့သည် ကံ၊ကံ၏အကျိုးကိုယုံကြည်ကြသူများဖြစ်သည်။ ကုသိုလ်ကံကိုပြုလုပ်လျှင် ကောင်းတဲ့အကျိုးကို

မုချခံစားရမည်ဖြစ်ပါသည်။ထို့အတူအကုသိုလ်ကံကိုလုပ်လျှင် မကောင်းတဲ့အကျိုးကိုခံစားရမည်မှာလည်း မုချပင်ဖြစ်ပါသည်။

သို့သော် အချို့သောသူများမှာ ကောင်းမှုတွေအကြိမ်ကြိမ်ပြုနေပါလျှက် မကောင်းတဲ့အကျိုးတွေခံစားနေရတက်ပါသည်။

အချို့သူတို့မှာ အကုသိုလ်ကံတွေအမြဲပြုလုပ်နေပါလျှက် ကောင်းကျိုးတွေကိုခံစားနေရတက်ပါသည်။ ထိုကဲ့သို့ ကုသိုလ်ကံတွေလုပ်နေပါလျှက် မကောင်းကျိုးခံစားရခြင်း၊အကုသိုလ်ကံတွေလုပ်နေပါလျှက်

ကောင်းကျိုးတွေခံစားနေရခြင်း၏ တရားခံသည် အဘယ်နည်း။မိမိတို့ ရှေ့ဘဝပေါင်းများစွာကပြုလုပ်ခဲ့သော ကံတရား၏ အကျိုးများပင်ဖြစ်ပါသည်။ မှန်၏…သတ္တဝါတို့သည် နိဗ္ဗာန်မရောက်မီ ဘုံပေါင်းများစွာ ၊

ဘဝပေါင်းများစွာ၌ ပုံစံအမျိုးမျိုးကျင်လည်နေရသူများဖြစ်ပါသည်။ ထိုဘဝများ၌ ကုသိုလ်ကံ၊အကုသိုလ်ကံများစွာတို့ကို ပြုလုပ်ခဲ့ကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ဘဝတစ်ခု၌ ရရှိထားသော စည်းစိမ်ဥစ္စာ၊ခန္ဓာတို့ကို ထားခဲ့ရသော်လည်း မိမိတို့ပြုလုပ်ထားသော ကုသိုလ်ကံ၊အကုသိုလ်ကိုကား ထားခဲ့လို့မရပေ။

အကျိုးပေးအာနိသင်မကုန်သေးသမျှ၊နိဗ္ဗာန်မရောက်သေးသမျှ မိမိနောက်က အရိပ်ပမာ လိုက်နေမည်ဖြစ်ပါသည်။ ထိုသည်မှာ ကံ၏စွမ်းအားပင်ဖြစ်ပါသည်။

ကုသိုလ်တွေလုပ်နေပါလျှက် မကောင်းကျိုးတွေခံစားနေရတဲ့အခါ ဉာဏ်နုသူအချို့မှာ ကုသိုလ်ကံအပေါ် သံသယဝင်သွားတက်ကြပါသည်။

ထိုသို့သံသယမဝင်အောင် “ကံ”တရားလေးပါးကို သိဖို့လိုပါသည်။ကံတရားလေးပါးမှာ… ၁။ဒိဋ္ဌဓမ္မဝေဒနိယကံ ၂။ဥပပဇ္ဇေဝဒနိယကံ ၃။အပရာပရိယဝေဒနီယကံ ၄။အဟောသိကံတို့ဖြစ်ပါသည်။

ဒိဋ္ဌဓမ္မဝေဒနိယကံဆိုသည်မှာ အခုကုသိုလ်လုပ် အခုအကျိုးပေးသကဲ့သို့ ယခုမျက်မှောက်ဘဝမှာပင်အကျိုးပေးသော ကံမျိုးဖြစ်ပါသည်။ အခုရေတွင်းတူး။အခုရေကြည်သောက်၍ မရသကဲ့သို့

ထိုဒိဋ္ဌဓမ္မဝေဒနိယကံအကျိုးပေးခွင့်သည်လည်း ခတ်ခဲသည်ထင်ပါသည်။ထိုကံမျိုးအကျိုးပေးသည်ကို ဘုရားရှင်လက်ထက်က နိရောဓသမာပတ်မှထကုန်သော ရဟန္တာ ယများအား လှူဒါန်းသူတွေအား

အကျိုးပေးသည်ကို တွေ့ဘူးပါသည်။ အခုခေတ်၌လည်း ရှိတော့ရှိမည်ထင်ပါသည်။လွန်ခဲ့သောရက်ပိုင်းက fbပေါ်တွင်ဖတ်လိုက်ရပါသည်။ ဦးဇင်းတစ်ပါး ဖုန်းဆိုင်တွင်ဖုန်းကာဗာသွားဝယ်၏။

လမ်းတွင်ပိုက်ဆံတောင်းနေသော ဒကာမကြီးတစ်ဦးတွေ့ရာ သနားသဖြင့် ပိုက်ဆံအချို့လှူလိုက်၏။ ဖုန်းဆိုင်သို့ရောက်သောအခါထိုဦးဇင်းဝယ်သော ကာဗာဖိုးကို ဆိုင်မှမယူပဲလှူလိုက်သည်ဟူ၏။

ထိုကဲ့သို့ကံမျိုးဖြစ်ပါသည်။ဥပပဇ္ဇဝေဒနိယကံ..ဆိုသည်မှာ ဒုတိယဘဝမှာ အကျိုးပေးသောကံဖြစ်ပါသည်။ ပစ္စုန်ပ္ပန်ဘဝမှာပြုသောကံသည် တမလွန်ဘဝမှာ အကျိုးပေးသောကံဖြစ်ပါသည်။

ဇာတ်တော်တစ်ခုတွင် ဖားလေးတစ်ကောင်သည် မြတ်စွာဘုရား၏တရားနာနေ၏။ ထိုအခါနွားကျောင်းသားတစ်ယောက်သည်လာ၍ နွားနှင်တံဖြင့် မြေပေါ်ထောက်လိုက်ရာ ဖားလေး၏ကျောကုန်းအပေါ်သို့

ထောက်မိသွားလေသည်။ထိုဒဏ်ချက်ဖြင့်ပင် ဖားလေးသေဆုံးရာ နတ်ပြည်တွင်နတ်သားဖြစ်လေသည်။ ထိုကဲ့သို့ကံမျိုးကို ဥပပဇ္ဇဝေဒနိယကံဟုခေါ်ပါသည်။

အပရာပရိယဝေဒနိယကံဆိုသည်မှာ တတိယဘဝမှစ၍ နိဗ္ဗာန်မရောက်မှီဘဝအထိ အခွင့်သာတိုင်း အကျိုးပေးသောကံဖြစ်ပါသည်။(နောက်မှအကျယ်ရှင်းအံ့)

အဟောသိကံဆိုသည်မှာ လုံဝအကျိုးမပေးပဲ ပြုကာမျှသာဖြစ်သော ကံဖြစ်ပါသည်။ ဘုရားရဟန္တာတို့သည် ကုသိုလ်ကံတွေ အမြဲပြုနေသော်လည်း ထိုကုသိုလ်ကံတို့သည်

အကျိုးမပေးတော့ချေ။အင်္ဂုလိမာလမထေရ်သည် ပုထုဇဉ်ဘဝက လူပေါင်းများစွာ၏ လက်ညိုးတွေကိုဖြတ်ခဲ့၏။ပုံမှန်ဆိုဘဝတစ်ခုခု၌ ထိုအကုသိုလ်ကံသည် အပါယ်ငရဲအထိ အကျိုးပေးရမည်ဖြစ်ပါသည်။

သို့သော်…ထိုအကုသိုလ်ကံနှင့်တကွကိလေသာအားလုံးကို အရဟတ္တမဂ်ဖြင့် အကြွင်းမကျန်ပယ်ဖြတ်သွားသောကြောင့် နုစဉ်ဘဝကပြုခဲ့သော ကံအားလုံးသည် အဟောသိကံ(အကျိုးမပေးသောကံ)အဖြစ်သို့

ရောက်ရှိသွားခြင်းဖြစ်ပါသည်။ယခုခေတ်၌ ကုသိုလ်လုပ်ပါလျှက် မကောင်းကျိုးခံစားရခြင်းသည်ယခင်ဘဝဟောင်းများကပြုခဲ့သောအကုသိုလ်အပရာပရိယဝေဒနီယကံက

အကျိုးပေးနေခြင်းဖြစ်ပါသည်။အကုသိုလ်လုပ်နေပါလျှက် ကောင်းကျိုးတွေခံစားနေရခြင်းသည် ယခင်ဘဝဟောင်းများက ပြုလုပ်ခဲ့သော ကုသိုလ်အပရာပရိယဝေဒနီယကံက အကျိုးပေးခွင့်သာနေ၍

အကျိုးပေးနေခြင်းဖြစ်ပါသည်။သောတာပန်အနာထပိဏ်သူဋ္ဌေးကြီးသည်အလှူဒါနတွေအမြဲလုပ်နေပါလျှက် ဆင်းရဲသောဘဝသို့ ရောက်ရှိသွား၏။

ထိုသို့ဆင်းရဲသွားရခြင်းမှာ အလှူဒါနတွေပြုလုပ်လို့ မဟုတ်ပေ။ ဘဝဟောင်းကပြုခဲ့သော အကုသိုလ်ကံက အကျိုးပေးခွင့်သာသွားလို့ဖြစ်ပါသည်။မိမိအထက်ကပြောခဲ့သော ဖားလေးဝတ္ထု၌ တရားနာခြင်းဟူသော

ကုသိုလ်ပြုနေပါလျှက် သေသွားရ၏။ထိုသို့သေရခြင်းသည်လည်း တရားနားခြင်းကုသိုလ်ကြောင့်မဟုတ်။ ဘဝဟောင်းကပြုခဲ့သော အကုသိုလ်ကြောင့်ပင်ဖြစ်ပါသည်။တရားမနာပဲသေသွားလျှင်

ဘယ်ဘုံရောက်မည်မသိသော်လည်းတရားနာလိုက်ရသောကြောင့် နတ်ပြည်သို့ရောက်ရခြင်းဖြစ်ပါသည်။ဒီလောက်ဆို ကမ္မနိယာမ ကံ၏သဘာဝကို နားလည်လောက်ပြီဟုထင်ပါသည်။ကုသိုလ်လုပ်နေပါလျှက်

ဘာလို့မကောင်းကျိုးတွေခံစားနေရသလဲ နားလည်သဘောပေါက်မည်ထင်ပါသည်။ ကုသိုလ်တရားအပေါ် သံသယများရှင်းပါစေ။

Crd-Orignal Post