သခင့်ရဲ့အုတ်ဂူ၌ ၁၁ နှစ်ကြာအထိနေထိုင်ကာ နောက်ဆုံးထွက်သက်ချိန်အထိ စောင့်ရှောက်ပေးခဲ့တဲ့ သစ္စာရှိခွေးလေး

သခင့်ရဲ့အုတ်ဂူ၌ ၁၁ နှစ်ကြာအထိနေထိုင်ကာ နောက်ဆုံးထွက်သက်ချိန်အထိ စောင့်ရှောက်ပေးခဲ့တဲ့ သစ္စာရှိခွေးလေး

Miguel Guzman အမည်ရှိ အာဂျင်တီးနားအမျိုးသားတစ်ဦးဟာ 2005 ခုနှစ်မှာ ချစ်စရာကောင်းတဲ့ German Shephard ခွေးပေါက်လေးတစ်ကောင်ကို အိမ်သို့ယူဆောင်လာခဲ့ပါတယ်။

Guzman က Capitan လို့အမည်ပေးခဲ့တဲ့ ၎င်းခွေးလေးကို Damian အမည်ရှိသားဖြစ်သူရဲ့ အသက် 13 နှစ်မွေးနေ့လက်ဆောင်အဖြင့် ပေးခဲ့တာဘဲဖြစ်ပါတယ်။

Guzman နှင့် Capitan တို့ဟာ အချင်းချင်း အလွန်ရင်းနှီးချစ်ခင်ကြပြီး Capitan ဟာ Guzman

သွားတဲ့ဘယ်နေရာမဆိုနောက်နေ တကောက်ကောက်လိုက်နေတတ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Guzman ဟာ 2006 ခုနှစ်မှာ

ကွယ်လွန်သွားခဲ့ပြီး မိသားစုက Guzman အတွက် အသုဘအခမ်းအနားပြုလုပ်ပြီးပြီးချင်းမှာပဲ Capitan ကို ဘယ်မှာမှရှာမတွေ့ခဲ့ပါဘူး။

မိသားစုက အချိန်အတော်ကြာအောင် Capitan ကိုရှာမတွေ့ခဲ့တာကြောင့် Capitan ထွက်ပြေးသွားပြီး ၎င်းတို့က

သူ့ရဲ့အိမ်အသစ်ကိုရှာတွေ့သွားပြီလို့ဘဲ တွေးခဲ့ကြပါတယ်။ သို့ပေမဲ့ တနင်္ဂနွေနေ့တစ်ရက်မှာ မိသားစုက Guzman ရဲ့သင်္ချိုင်းသို့

အလည်လာတဲ့အခါမှာ ခွေးတစ်ကောင်က Guzman ရဲ့သင်္ချိုင်းနားထိုင်နေတာကို တွေ့ခဲ့ရပါတယ်။

၎င်းတို့ကိုမြင်တာနဲ့ Capitan ဟာ ကြေကွဲစွာဖြင့် ၎င်းရဲ့သခင့်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် ငိုကြွေးမြည်တမ်းသံဖြင့် သူတို့ဆီသို့

လျှောက်လာခဲ့ပါတယ်။ သချိုင်းက ငါတို့အိမ်နဲ့ ဝေးတယ် ၊ ငါတို့က Capitan ကို သင်္ချိုင်းဆီဘယ်တုန်းကမှ မခေါ်ခဲ့ဖူးဘူး၊

ဒါ့ကြောင့် သူဒီကို ဘယ်လိုရောက်တာလဲ ဒါမှမဟုတ် အုတ်ဂူကိုသူဘယ်လိုရှာတွေ့လဲဆိုတာငါမသိပါဘူး အံ့သြစရာပဲ! လို့ Veronica အမည်ရှိ Guzman ရဲ့ဇနီးက ပြောကြားခဲ့ပါတယ်။

အဲ့ခွေးလေးက တစ်နေ့မှာ တစ်ကောင်တည်း လာပြီး သင်္ချိုင်းနားရောက်တော့ အချိန်အတော်ကြာအထိ လှည့်လည်သွားနေခဲ့တယ်၊

နောက်တော့ ခွေးလေးက နေ့စဉ် င်္သချိုင်းတဝိုက်မှာလမ်းလျှောက်ပြီး ည ၆ နာရီခန့်ဆို သူ့သခင်ရဲ့အုတ်ဂူရှေ့ပြန်သွားကာ

အဲ့နေရာမှာဘဲအိပ်လေ့ရှိတယ်၊ ရက်တွေ လတွေ နှစ်တွေကုန်တဲ့အထိ အဲ့နေရာမှာ ညလုံးပေါက်ရှိနေခဲ့တယ်

အနီးနားနေထိုင်သူတွေနဲ့ သုသာန်ဝန်ထမ်းတွေကလည်း သစ္စာရှိတဲ့ခွေးလေးကို တတ်နိုင်သလောက် နေ့တိုင်းကျွေးမွေးပြုစုခဲ့ကြပါတယ် လို့ သင်္ချိုင်းစောင့်က ဆိုခဲ့ပါတယ်။

သားဖြစ်သူ Damian က Capitan ကိုအကြိမ်ပေါင်းများစွာအိမ်ခေါ်ပြန်ရန်ကြိုးစားခဲ့ပေမဲ့လည်း

Capitan က နေ့ဖက်အချိန်မှာသာ သူတို့နှင့်အတူရှိခဲ့ပြီး မမှောင်မီသင်္ချိုင်းသို့ ပြန်ပြေးသွားခဲ့ပါတယ်။

သူသေတဲ့အထိ သူအဲဒီမှာနေမယ်လို့ ကျွန်တော်ထင်ပါတယ် ၊ သူ အဖေ့ကိုတစ်ယောက်တည်းမထားခဲ့ချင်ဘူး၊

အဖေ့ကို သူသေသွားတဲ့အထိစောင့်ရှောက်ပေးချင်ပုံရတယ် လို့ Damian က ဆိုခဲ့ပါတယ်။

သခင်က အိမ်ပြန်ခေါ်လာခဲ့တုန်းက အသက် 4 နှစ်ပဲရှိသေးပြီး ယခု 15 နှစ်ရှိပြီဖြစ်တဲ့ Capitan ဟာ ယခုနှစ်အစောပိုင်းမှာဘဲ ကွယ်လွန်သွားခဲ့ပါတယ်။

Capitan ဟာ သူ့သခင် ရဲ့အုတ်ဂူမှာ သူ့ဘဝရဲ့အချိန်အ များစုကိုဖြတ်သန်းခဲ့ပါတယ်။ ခုလည်း သူ့ကိုအဲဒီနေရာမှာဘဲ င်္သဂြိုဟ်ပေးလိုက်တဲ့အတွက် ၎င်းတို့အတူတူ အနားယူနိုင်ကြပါပြီဖြစ်ပါတယ်။

credit Mia M c k z one daily

Reference good times