အီတလီအထက်လွှတ်တော်မှာ NUG ဝန်ကြီးတွေ မြန်မာ့အရေး တက်ရောက်ဆွေးနွေး

အီတလီအထက်လွှတ်တော်မှာ NUG ဝန်ကြီးတွေ မြန်မာ့အရေး တက်ရောက်ဆွေးနွေး

အီတလီနိုင်ငံ၊ရောမမြို့ဆီးနိတ်လွှတ်တော်မှာအောက်တိုဘာလ၂၇ရက်နေ့ကမြန်မာ့အရေးဆိုင်ရာအထူးဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ပြီးဒီပွဲမှာအမျိုးသားညွန့်ပေါင်းအစိုးရNUGအဖွဲ့ဝန်ကြီးတွေတက်ရောက်ဆွေးနွေးခဲ့တယ်လို့NUG က နိုဝင်ဘာ ၁၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်

ဗီဒီယိုကွန်ဖရင့်နဲ့အင်တာနက်အွန်လိုင်းကကျင်းပတဲ့အဲဒီပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးဦးကျော်မိုးထွန်း၊အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးတွေဖြစ်တဲ့ကျန်းမာရေးနှင့်ပညာရေးဝန်ကြီဒေါက်တာဇော်ဝေစိုး၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ ဒေါက်တာ စင်သီယာမောင်၊ ဒေါက်တာ

နေလင်းထွန်းတို့မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးပြောကြားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးဦးကျော်မိုးထွန်းကမတရားစစအာဏာသိမ်းမှုကို ပြည်သူတွေ စည်းစည်းလုံးလုံး ကြံ့ကြံ့ခိုင်ခိုင် တော်လှန်ကြပုံ၊ စစ်အုပ်စုကို နိုင်ငံရေးရာ၊ သံတမန်ရေးရာ ဖိအားပေးဖို့နဲ့ ဝင်ငွေ စီးဆင်းမှုမရှိစေရအောင်

အစွမ်းကုန်ကြိုးစားပေးဖို့ရန်တိုက်တွန်းခဲ့ပါတယ်ဒေါက်တာဇော်ဝေစိုးကအာဏာရှင်စနစ်အောက်နှစ်ရှည်လများချုံးချုံးကျခဲ့ရတဲ့မြန်မာပြည်ကျန်းမာရေးစနစ်အကြောင်း၊ဦးဝင်းမြတ်အေးကအနာဂတ်မြန်မနိုင်ငံရဲ့ ပန်းတိုင်နှင့် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ အကြောင်း၊ ဒေါက်တာနေလင်းထွန်းက ရွေးကောက်ခံ ပြည်သူ့အစိုးရလက်အောက်

ကိုဗစ်ကာကွယ်ရေးအခြေအနေနဲ့အာဏာသိမ်းပြီးနောက်စစ်အုပ်စုကကျန်းမာရေးဝန်ထမ်းနဲ့ပြည်သူတွေအပေါ်မတရားညှဉ်းပန်း၊သတ်ဖြတ်၊ဖမ်းဆီးခံခဲ့မှုတွေကိုအထောက်အထားတွေနဲ့တင်ပြခဲ့ပါတယ်ဒေါက်တာ စင်သီယာမောင်ကတော့ လူသားချင်းစာနာမှုအကူအညီတွေ တားဆီးဖျက်ဆီးခံမှုအခြေအနေနဲ့ ပြည်သူအများ ရင်ဆိုင်နေတဲ့ အခက်အခဲတွေအကြောင်း ပြောကြားခဲ့ပါတယ်

တွေ့ဆုံပွဲကိုစုဖောင်ဒေးရှင်းရဲ့အမှုဆောင်အရာရှိချုပMichaelMarettCrosbyကအစီအစဉ်မှူးအဖြစ်ဆောင်ရွက်ခဲ့ပြီအစီအစဉ်အပြီးမှာAllianceforaDemocraticMyanmarအဖွဲ့ကရေးသားပြုစုတဲ့‘လက်ရှိ မြန်မာ့အရေးအခြေအနေအသေးစိတ်နှင့် နိုင်ငံတကာမှ ပူးပေါင်းပါဝင်နိုင်သည့်အခြင်းအရာများဆိုတဲ့ စာတမ်းကို ပေးအပ်ခဲ့ပါတယ်။

Crd-Original Post

(ZAWGYI)








Crd-Original Post