ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေကြောင်း မင်းအောင်လှိုင်ပြော

ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေကြောင်း မင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံမှာ ပြည်ပစ.ွက်ဖ.က်မှုဆ.န့်ကျ.င်ရေးဥပဒေ ပြဋ္ဌာန်းဖို့ကိစ္စ နိုဝင်ဘာ ၉ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ စ.စ်ကောင်စီအစည်းအဝေးမှာ မင်းအောင်လှိုင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြည်ပစ.ွက်ဖက်မှုဆ.န့်ကျ.င်ရေးဥပဒေနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားတဲ့ နိုင်ငံအလိုက်ဥပဒေတွေကို ဥပဒေရေးရာဝန်ကြီးဌာနက လိုအပ်တဲ့ စိစစ်လေ့လာမှုတွေဆောင်ရွက်ဖို့ တာဝန်ပေးထားတယ်လို့ စ.စ်ခေါင်းဆောင်ကပြောပါတယ်။ အဆိုပါအစည်းအဝေးမှာ စကစအဖွဲ့ဝင်တွေဖြစ်တဲ့

ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နဲ့ စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနက် မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိတဲ့ နိုင်ငံတွေနဲ့

ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေးခဲ့ကြတယ်လို့ စ.စ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါအပြင် မြန်မာ-တ.ရု.တ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကြံစိုက်တောင်သူများ ကြုံတွေ့နေရတဲ့အခ.က်အခ.ဲနဲ့ လိုအပ်ချက်တွေကို

ဖြေရှင်းဆောင်ရွက်ပေးရေး၊ စီအာရ်ပီအိတ်ချ်၊ အဲန်ယူဂျီ၊ ပီဒီအက်ဖ်တို့ရဲ့လုပ်ရပ်တွေကို လက်ကမ်းစာဆောင် ထုတ်ဝေဖြန့်ချိရေး တ.ိုက်တ.ွန်းဆွေးနွေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။ ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စ.စ်ခေါင်းဆောင်က အာဆီယံနိုင်ငံတွေနဲ့

မိတ်ဖက်ဆက်ဆံရေးကို အလေးထားဆောင်ရွက်နေပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ဆက်ဆံနေတဲ့အပြင် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ ပြည်ထောင်စု ဝန်ကြီးတွေ ပါဝင်တက်ရောက်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

Crd-Original Post

(ZAWGYI)






ဖြေရှင်းဆောင်ရွက်ပေးရေး၊ စီအာရ်ပီအိတ်ခ်ျ၊ အဲန်ယူဂျီ၊ ပီဒီအက်ဖ်တို့ရဲ့လုပ်ရပ်တွေကို လက်ကမ်းစာဆောင် ထုတ်ဝေဖြန့်ချိရေး တ.ိုက်တ.ွန်းဆွေးနွေးခဲ့ကြတယ်လို့ လည်းသိရပါတယ်။



Crd-Original Post