ရှားရှားပါးပါးဖူးမျှော်ထိုက်မှသာ ဖူးမျှော်ခွင့်ရရှိတဲ့ ကျိုက်ထီးရိုးဘုရားရဲ့ထီးတော် အနီးကပ်မြင်ကွင်းလေးပါ

ရှားရှားပါးပါးဖူးမျှော်ထိုက်မှသာ ဖူးမျှော်ခွင့်ရရှိတဲ့ ကျိုက်ထီးရိုးဘုရားရဲ့ထီးတော် အနီးကပ်မြင်ကွင်းလေးပါ

ရှားရှားပါးပါး ဖူးမျှော်ထိုက်မှဖူးမျှော်ခွင့်ရတဲ့၊ ကျိုက်ထီးရိုးဘုရားထီးတော်အနီးကပ်မြင်ကွင်း မျှဝေကုသိုလ် ယူနိုင်ကြပါစေ အများသူငှါဖူးမျှော်လို့ ရအောင်ဝိုင်းဝန်းရှယ်ပေးပြီး ကုသိုလ်ယူခဲ့ကြပါဦးနော် အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာသနာအကျိုးကိုစထက်တန်ပိုး သယ်ပိုးနိုင်ပြီးသာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်

ကျိုက်ထီးရိုးစေတီတော်သမိုင် ရသေ့ကြီးဦးခေါင်းနှင့်တူသောကျောက်တုံးကိုသိကြားမင်းသည်ရှာဖွေကာသန်လျက်နှင့် ထွင်း၍ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်မွန်ဘာသာဖြင့်ကျိုက်အိသိရိုး၊မြန်မာဘာသာဖြင့်ရသေ့ရွက်သောဘုရားဟုခေါ်၏။စေတီတော်တည်ထားပုံကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည် အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင် တည်ရှိ၍မြန်မာနိုင်ငံတွင်တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။ကျိုက်ထီးရိုးစေတီကိုအစွဲပြု၍စေတီတော်တည်ရှိရာတောင်ကိုကျိုက်ထီရိုးတောင်ဟုခေါ်ကြသည်ကျိုက်ထီးရိုးစေတီတည်ရှိရာတောင်ထွက်မှပင်လယ်ပြင်ရေအမြင့်ပေ၃၆၀၀ခန့်မြင့်သည်ကျိုက်ထီးရိုးစေတီတော်တည်နေပုံမှာအံ့အားသင့်ဖွယ်ကောင်းလှသည်။

ကြီးမား၍ မတ်စောက်သေ ကျောက်ဆောင်တစ်ခု၏အစွန်းတွင်လုံးပတ်ပေ ၅၀ န့်ရှိသော ဦးခေါင်းပုံသဏ္ဌာန် ကျောက်လုံးကြီးတစ်ခုက ပြုတ်လုတည်းကားတင်၍ နေသည်။

ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁ ပေခန့် မြင့်သော စေတီတော် တည်ထားသည်။စေတီတော် တည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေသောကြောင့် သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။ စေတီတော်တည်ထားရာ ကျောက်တုံးကြီးသည် လူတစ်ယောက် တွန်းရုံမျှဖြင့် လှုပ်ရှား၏။ ထိုကျောက်တုံးကို တွန်း၍ အောက်ခံကျောက်အကားသို့ အပ်ချည်ကြိုးကို သွင်းပြီးလျှင် ဆွဲယူနိုင်သည်။

ဗန္ဓဝဂိရိ တောင်က သီဟကုမာရ ရသေ့၊ ကသိနာရုံတောင်က ရသေ့၊ ဒိုးကမော့ခတွံဂလိုင်းတောင်က ဗုဒ္ဓဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့၊ မဲလံတောင်က ရသေ့၊ ပေါင်း ရသေ့ ၆ပါးတို့သည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ကြပြီးနောက် ဓါတ်တော် မွေတော်များ ချီးမြှင့်မစရန်၊ လျှောက်ထားတောင်းပန်ကြသြင့် ရသေ့တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့လေသည်နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း ကေလာသတောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆာင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်အနည်းတူ

ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿ ဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။

ထိုဆံတော်များ ဌာပနာသွင်းကာ တည်ထားခဲ့သော မြတ်စေတီများကတော့(၁) ကေလာသဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာ)(၂) ကျိုက်ဒေယျုံဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်)(၃) ကျိုက်ထီးဆောင်းဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ)(၄) ဇုက္ကလိဆံတော်ရှင် (ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ)(၅)ကုသိနာရုံဆံတော်ရှင် (ဘီးလင်းမြို့နယ်)(၆) သက္ကထူပ ဆံတော်ရှင် (သထုံခရိုင်)(၇) မဏိမေခလာထူပ ဆံတော်ရှင် တို့အပြင် အခြားစေတီများလည်းရှိပါသေးသည်ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် ကုသိနာရုံတောင်က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ဆူကို ည်သို့မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။

ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။ထိုသို့ ကျောက်တုံးပေါ်တွင်တည်ထားခဲ့သော စေတီတော်ကို မွန်ဘာသာဖြင့်

ကျိုက်အိသိရိုး၊ မြန်မာဘာသာဖြင့် ရသေ့ရွက်သော ဘုရားဟုခေါ်၏။

နောင်ကာလကြာလတ်သော် ကျိုက်အိသိရိုးမှ ကျိုက်ထီးရိုးဟု ခေါ်တွင်လာလေသည်။ ကျန်ဆံတော် ၂ဆူကိုလည်းသိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။ပထမအကြိမ် မဟာသက္ကရာဇ် (၁၀၄) ခုနှစ်ဒုတိယဝါသက်တော်(၃၆) နစ်တွင်မြန်မာနိုင်ငံ ဖိုးဦးတောင်သိုကြွရောက်စဉ်ကလူ၊ဘီလူး၊နဂါးတို့ကိုဆံတော်များချီးမြှင့်ပြီးပထမဆုံး သာသနာပြုခရီးစခဲ့ပါသည်။ပြည်ရွှေဆံတော်အပါအဝင် ဘုရားစေတီပေါင်းများစွာ ထွန်းကားခဲ့ပါသည်ကျိုက်ထီးရို ရင်ပြင်တော်မှ မြင်ရသော ရှုမျှော်ခင်းမှာ အလွန်သာယာသည်အနောက်ဘက်သို့ မျှော်ကြည့်လျှင်စစ်တောင်းမြစ်ကို ကျော်လွန်၍ ပဲခူးရွှေမော်ဓောစေတီတော်ကိုဖူးမြင်နိုင်သည်ကျိုက်ထီးရိုးစေတီတော်သို့တက်ရန်လမ်း ၂သွယ် ရှိသည်။ တစ်သွယ်မှာစစ်တောင်းရွာမှ တက်ရသော လမ်းဖြစ်၍ ကျန်တစ်သွယ်မှာ ကျိုက်ထိုမြို့မှ မော်တော်ကားဖြင့် ၉မိုင်ခန့် ဝေးသော ကင်မွန်းစခန်းမှ တက်ရသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ ယနေ့ခေတ် ဘုရားဖူးများ အသုံးပြုသော လမ်းဖြစ်သည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တာ်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း၂၇ စခန်းကို ဖြတ်ကျော်သွားရသည်။ ယခုအခါ ကျိုက်ထိုမြို့နယ်သို့ လာရောက်ရန်မှာ ရထားလမ်း၊ ကားလမ်းများရှိနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ တောင်တက်ရန်အတွက် စောင့်ဆိုင်းရန်မလိုခြင်းကတစ်ကြောင်း စည်တို့ကြောင့် လူပရိတ်သတ်မှာ ယခင်ထက်ပင် စည်ကားလေသည်။ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့၌ စတင်ဖွင့်လှစ်လေ့ရှိသည်။ ထို့နောက် မိုးမကျမီ ကဆုန်၊ နယုန်လခန့်အထိ ပွဲတော်ရက်အဖြစ် သတ်မှတ်လေ့ရှိ၏။

ပွဲတော်အချိန်၌ မြန်မာနိုင်ငံအရပ်ရပ်မှ ထောင်သောင်းမကသော ဘုရားဖူးများ လာရေက်ကြသည်။ ယနေ့ခေတ်တွင် နိုင်ငံတစ်ကာမှ ကမ္ဘာလှည့်ခရီးသည်များပါ လာရောက်ကြသဖြင့် ယခင်ကထက် များစွာစည်ကားလေသည်။ ဘုရားသို တက်ရာလမ်းတစ်လျောက်တွင် ဘုရားဖူးများနားနေ တည်းခိုရန်အတွက် ရေမြောင်လေး၊ ရွှေရင်ဆို့၊ ကင်ပြမ်းပင်၊ ရေမြောင်ကြီး၊ ဘိုးပြန်တောင်၊ စိုင်တစ်မော့အစရှိသော စခန်းများ၌ ဈေးဆိုင်ကန္နားများ ရှိလေသည်။ ကင်မွန်းစခန်း၌ ဘိုးဘိုးကြီးနတ်နှင့် ဟုံးနတ်စင်များရှိ၍ လမ်းခရီးတွင် မျှော်တော်ယောင်စေတီ၊ လွမ်းစေတီ၊ ကျောက်သမ္ဗာန် စသော စေတီငယ်များနှင့် ရွှေနန်းကင်နတ်၊ ပန်းတင်နတ် စသော နတ်ကွန်းများကို တွေ့နိုင်ပေသည်ဘုရားဖူးများသည် နားနားနေနေ တက်ရောက်လေ့ရှိသည်။ အသက်အရွယ်ကြီးရင့်သူများနှင့် အိုမင်းမစွမ်းသူများတို့သည် အထမ်းပုခက်များစီး၍ တက်လေ့ရှိသည်။ယနေ့ခေတ်တွင်မူ တောင်တက်ကားများဖြင့် နေ့ချင်းပြန် သွားရောက်ဖူးမျှော်နိုင်ကြပါည်။ ဘုရားဖူးများသည် ကျိုက်ထီးရိုးဘုရားမှ တစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော် ဆုတောင်လေ့ရှိကြသည်။ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ်ရှိ ဘိုဘိုးကြီး နတ်ရုပ်နှင့် ကျိုက်ထီးရိုးဘုရား မြောက်ဘက်ရှိ ကျီးကန်းပါးစပ်ခေါ် ကျောက်ဂူနေရာတို့မှာ ဘုရားဖူးများ ဆုတောင်း အဓိဌာန်ပြု၍ အမွှေးနံ့သာ ပက်ဖြန်းခြင်း၊ ပိုက်ဆံပစ်ထည့်ခြင်းများ ပြုလုပ်သော နေရာဖြစ်သည်။ကမ္ဘာ့အံ့ဖွယ် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ထူးခြားဆန်းကြယ်မှုနှင့်သိပ္ပံနည်းပညာ ရှုထောင့်မှ ရှင်းပြနိုင်ခြင်းမရှိသည့်

သုတေသန အချက်အလက်များတိုင်းတာတွေ့ရှိချက်(၁) ကျောက်လုံးတော်ကြီး၏ ကျောက်အမျိုးအစား – ဂရက်နိုက် (Granite)(၂) တစ်ယူနစ်အလေးချိန် (Unit Weight) – 2.5 Ton/m3 (156 pcf)(၃) ထုထည် – 244.58m3 (8636 cft)(၄) အလေးချိန် – 611.45 Ton(၅) အလေးချိန်ဗဟိုချက် (Centroid) – 0.14m, 0.13m, 4.00m(၆) နေရာ (x, y, z) – 5.5”, 5.1”, 13’1.5”(အောက်ခံကျောက်တုံးနှင့် ထိစပ်နေသော ဧရိယာ၏ ဗဟိုချက် Area Centriodကို Origin အဖြစ်ယူထားသည်။

(၇) အမြင့် – 8.15m ( 26′-9” ) (အနိမ့်ဆုံးနေရာမှ အမြင့်ဆုံးနေရာထိ)(၈) ကျောက်လုံးတော်ကြီး၏ အောက်ခံ ကျောက်တုံးကြီးနှင့် ထိစပ်နေသောဧရိယာ – 0.714m3 (7.69 sp.ft)(၉) အောက်ခံကျောက်တုံးကြီးနှင့် ထိစပ်နေသောဧရိယာ၏ ချောက်ဘက်ရှိလည်ပတ်ဝင်ရိုး (Axis of Rotation) မှ ကျောက်လုံးတော် ချောက်ဖက်သို့စွန်းထွက်နေသော အများဆုံးအကွာအဝေး – 3.136m ( 10′-3” )သုံးသပ်ချက်များ(၁) ကျောက်လုံးတော်ကြီး တည်ငြိမ်နေခြင်းမှာ ကျောက်လုံးတော်ကြီးနှင့် စေတီတော်၏ နှစ်ရပ်ပေါင်း အလေးချိန် ဗဟိုချက်သည် အောက်ခြေရှိ ထိစပ်နေသော ဧရိယာ(Contact Area) အတွင်းကျ ရောက်နေပြီး လည်ပတ်ဝင်ရိုး (Axis ofRotation)၏အတွင်းဘက်တွင်လည်း ကျရောက်နေခြင်းကြောင့်ဖြစ်သည်။အဆိုပါဝင်ရိုး၏အပြင်ဘက် (ချောက်ဘက်)တွင်ကျရောက်နေပါက တည်ငြိမ်နိုင်မည် မဟုတ်ပေ(၂) ထိစပ်နေသောဧရိယာ (Contact Area) သည် ကျော်လုံးတော်ကြီး အပေါ်စီးကြည့်ဧရိယာ (Plan Area)၏ (1.4 %) သာရှိသည်ကို တွေ့ရသည်။အလွန်သေးငယ်သော ဧရိယာပေါ်တွင် တည်ငြိမ်စွာ တင်နေခြင်း ဖြစ်ပါသည်(၃) ဘေးတိုက်အင်အား (Lateral Force) (46.6 ton) ဖြင့် နှစ်ရပ်ပေါင်းအလေးချိန်

ဗဟိုချက် ( Centroid of Rock and Stupa) နေရာတည့်တည့်မှချောက်ဘက်သိုတွန်းပါက ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှု ပျက်ပြားသွားနိုင်စရာရှိကြောင်း တွေ့ရှိရပါသည်။အဆိုပါ အင်အားသည် ကျောက်လုံးတော်ကြီးနှင့်စေတီတော် နှစ်ရပ်ပေါင်း စုစုပေါင်းအလေးချိန်၏ (7.4%) မျှသာဖြစ်သော်လည်းလေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ဘေးတိုက်အင်အားသည်(6.5 ton) ထက်မပိကြောင်း တွေ့ရပါသည်။ ထို့ကြောင့် လေပြင်းဒဏ်ကိုစိုးရိမ်စရာမရှိဘဲ မကြုံ စဖူး အလွန်ကြီးမားသောငလျှင်နှင့် အောက်ခြေတိုက်စားခြင်း(Erosion) အောက်ခြေပွန်းပဲ့ခြင်း တို့ကိုသာ စိုးရိမ်စရာ ရှိပါသည်(၄) ကျောက်လုံးတော်ကြီး၏ အလေးချိန်မှာ (611.45 ton) ဖြစ်ပြီး စေတီတော်၏အလေးချိန်မှာ (19.45 ton) သာဖြစ်သဖြင့် စေတီတော်၏ အလေးချိန်သည်နှစ်ရပ်ပေါင်း အလေးချိန်၏(3.1%) သာရှိသည်ကို တွေ့ရပါသည်။

ထိုကြောင့် စေတီတော်၏ အလေးချိန်သည် စံနစ်တစ်ခုလုံး၏ တည်ငြိမ်မှုကိုအနည်းငယ်သာ ထိခိုက်စေနိုင်ပါသည်(၅) စေတီတော်၏ အလေးချိန်ဗဟိုချက် (Centroid) သည် ကျောက်လုံးတော်အောက်ခြေရှိ ထိစပ်နေသော ဧရိယာ (Contact Area)၏ လည်ပတ်ဝင်ရိုး(Axis of Rotation) အပြင်ဘက် (ချောက်ဘက်)တွင် မသက်ရောက်ဘဲ ဝင်ရိုး၏အတွင်းဘက်တွင်သာ သက်ရောက်သဖြင့် စေတီတော်ကြီး၏ အလေးချိန်များလာခြင်းသည် ကျောက်လုံးတော်ကြီး၏ တည်ငြိမ်မှုကို Under Gravity Load Conditionတွင် အနှောက်အယှက် မဖြစ်စေကြောင်းတွေရသည်။သိုရာတွင် နှစ်ရပ်ပေါင်းအလေးချိန် ဗဟိုချက် ( centroid of Rock and stupa) သည် ကျောက်လုံးတော်ကြီးတစ်ခုတည်း၏ အလေးချိန် ဗဟိုချက် (Centroid of Rock) ၏အပေါ်ဘက်( 1′-0.1” ) ခန့်တွင် တည်ရှိသည်ဖြစ်ရာ တည်ငြိမ်မှုကို ပျက်ပြားစေရန်

လိုအပ်သောဘေးတိုက်အင်အား(Leteral Force) မှာ စေတီတော်ကြီး အပါအဝင် နှစ်ရပ်ပေါင်းအတွက် အပိုဒ်(၃)တွင် ဖော်ပြထားသကဲ့သို့(46.6 ton) ဖြစ်သော်လည်း စေတီတော်ကြီးမပါဘဲ ကျောက်လုံးတော်ကြီး တစ်ခုတည်းအတွက်မူ (47.09 ton) အားဖြစ်သည်ကိုတွေ့ရပါသည်။ ထိုကြောင့် Under Gravity and Lateral Load Condition တွင်စေတီတော် အလေးချိန်ပိုလာခြင်းဖြင့်တည်ငြိမ်မှုကိုအနည်းငယ်လျှော့စေနိုင်ကြောင်းတွေရှိရပါသည်သိုသော်အလွန်နည်းသောမမာဏသာဖြစ်ပါသည်(၆) ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် တည်ထားသော အလွန်ထူးခြားအံ့သြဖွယ် ဖြစ်တည်လျှက်ရှိသည့်ဤမျှကြီးမားသော ကျောက်လုံးတော်ကြီး၏တည်ငြိမ်နေရခြင်း အကြောင်းရင်းကို ခေတ်မီကရိယာများ အသုံးပြု၍အင်ဂျင်နီယာ နည်းပညာရှုထောင့်မှ လေ့လာစူးစမ်း တွက်ချက်တင်ပြခြင်းဖြစ်ပါသည်ကျောက်လုံးတော်ကြီး တည်ငြိမ်နေရခြင်း အကြောင်းရင်းကို သိပ္ပံနည်းကျကျအနီးစပ်ဆုံး ရှင်းလင်းဖော်ပြနိုင်ပြီး ဖြစ်ပါသည်။ သို့သော် အဘယ့်ကြောင့် ဤကဲ့သို့ထူးဆန်းစွာ ဖြစ်တည်နေသည်ဆိုသည်ကိုမူ ဤလေ့လာချက်မှ ရှင်းပြနိုင်ခြင်း မရှိပါ။အံ့သြဖွယ်ရာ တစ်ရပ်အဖြစ် အစဉ်အမြဲ တည်ရှိနေမည်သာ ဖြစ်ပါသည်

Crd-Original Post