သစ္စာမရှိ ဖောက်ပြန်ထားသောသူများ ဘုရားရှိရာတောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပစ်ချသော တန်ခိုးကြီးဘုရား

သစ္စာမရှိ ဖောက်ပြန်ထားသောသူများ ဘုရားရှိရာတောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပစ်ချသော တန်ခိုးကြီးဘုရား

ပရိသတ်ကြီးရေ “ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့” ဆိုတာ ကြားဖူးမှာပါနော် ဒီစကား အလကားထားခဲ့တာမဟုတ်ပါဘူး။

ဘယ်နေရာ ဘယ်ဒေသသွားသွား သက်ဆိုင်ရာဒေသတွေမှာ ချမှတ်ထားတဲ့အယူ စည်းကမ်းတွေကို ဖောက်ဖျက်လို့မရပါဘူး။ ဖောက်ဖျက်ရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နိုင်ပါတယ်။

ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး မုလအိဘုရားရဲ့ ထူးခြားဆန်းကြယ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ခုလိုဖော်ပြထားပါတယ်။ လူအများနဲ့

ဆက်ဆံတဲ့နေရာမှာ သင့်ကိုလက်ခံဖို့ ချစ်ခင်ဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ မလိုအပ်ဘူးထင်ပြီး သင့်ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင်မိတ်ပျက်ပါပြီ။ ဒါကြောင့် ဒီစာလေးကိုသာ ကြည့်ဖြစ်အောင်ပတ်သက်ပြီး သိထားသင့်စရာ သတိထားစရာ အချက်တွေ ရှိပါတယ်။

ဘုရားကိုတညထားခဲ့သူရဲ့ အမုန်းတရားနဲ့ ကျိန်စာတွေကြောင့်လို့ ရှေးရှေးကပြောဆိုခဲ့ရာက အစဉ်အဆက် ဆရာတော်များကနေတဆင့် ပြောပြသတိပေးထားပါတယ်။

ဘုရားရှိရာတောင်နဲ့ အနီးပါတ်ဝန်းကျင် နေရာများအားလုံးမှာ “တောပြစ် သားကောင်မပြစ်ရ။”ဘုရားရှိရာတောင်အနီး ပါတ်ဝန်းကျင်တဝိုက်မှာ တောအရမ်းနက်ပါတယ်။ တောမပစ်ရန် သားကောင်တွေ့သမျှမပစ်ရန် အလှည့်ကျကျောင်းထိုင်ပေးသော ဆရာတော်များက အမြဲသတိပေးပါတယ်။ သစ်ပင်များလည်း မခုတ်ရပါ။ တောအရမ်းနက်သဖြင့် ရံဖန်ရံခါ တောင်ပေါ်တက်စဉ် ကျားကြီးများ ကျားသစ်များ ဒေါင်းများ စသဖြင့်တွေ့ရနိုင်ပါတယ်။“ဘုရားရှိရာ

တောင်ပေါ်တက်ရင် တောင်အလယ် ယာဉ်ရပ်နားစခန်း ခရီးတဝက်မှာ ကိုယ်ခန္ဓာသန့်ရှင်း စင်ကြယ်သွားအောင် ရေချိုးရပါမယ်။”

အမျိုးသမီးများ လစဉ်ဓမ္မတာလာနေလျှင် တောင်ပေါ်မတက်ရပါ။ အဝတ်အစား အတိုအပြတ် မလုံခြုံတာမဝတ်ဆင်ရပါ။“ဘုရား‌ရှိရာတောင်ပေါ်ကို လင်မယား သမီးရည်းစား တူယှဉ်တွဲ မတက်ရပါ။ တောင်ပေါ်စခန်း နားနေရာတွေမှာ မအိပ်ရပါ။ ဘုရားရှိရာတောင်ပေါ်ကို တက်နေစဉ် ဘုရားဖူးနေစဉ် စကားကြမ်းကြမ်း မပြောရပါ။

ဆဲတာ ဆိုတာ နိမိတ်မရှိသောစကားများ မပြောဆိုရပါ။”“သစ္စာမရှိ ဖောက်ပြန်ထားသောသူများ ဘုရားရှိရာတောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပစ်ချ ဖူးသော အကြောင်းကိစ္စများလည်း ရှိခဲ့ဖူးပါသည်။“အမျိုးသားများသာ သီးသန့်တက်ဖူးရသော တောင်ပေါ်ကဘုရားသို့ အမျိုးသမီးများ လုံးဝကျူးကျော် ဝင်ဖူး၍မရပါ။”မုလအိဘုရားရှိရာတောင်ပေါ်မှာ အလှည့်ကျစောင့်ရှောက် ပေးသော ဆရာတော်ကြီးများကလည်း အထူးသတိပေးထားတာမို့

မုလအိဘုရားသည် သာမန်ဘုရားမဟုတ် တောနက်ထဲက နတ်ကြီးသောဘုရားဖြစ်တာမို့ အလည်အပါတ် အပျော်သဘောမျိုးဖြင့် မသွားသင့်သည်ကို သတိထားရပါမည်နော်။”ဆိုပြီး ရေးသားထားတာပါ ဒါကြောင့် ပရိသတ်ကြီးတို့လည်ဘုရားဖူးသွားမယ်ဆို ရှောင်ရမယ့်အချက်လေးတွေကို သတိထားကြပါနော်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။ ပေပေါင်း ၆ထောင်ကျော်မြင့်မားတဲ့ ဒေါနတောင်ထွတ်ပေါ်က တည်ထားတော်မူတဲ့ ဆံတော်ရှင်မုလအိ (မူ.လု်အါ်)ဘုရားဖြစ်ပါတယ်။ မုလအိဆံတော်ရှင်ဘုရားသည် ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့နယ်ခွဲနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲကြား ဒေါနတောင်တန်းပေါ်မှာ တည်ရှိပါတယ်။

Crd-Original Post