မန္တလေးနန်းမြို့ မဆောက်ခင်ထဲက ဆောက်ခဲ့တဲ့ အင်းလေးကန်က ထူးခြားလှတဲ့ ကြောင်ခုန်ကျောင်း

မန္တလေးနန်းမြို့ မဆောက်ခင်ထဲက ဆောက်ခဲ့တဲ့ အင်းလေးကန်က ထူးခြားလှတဲ့ ကြောင်ခုန်ကျောင်း

မန္တလေးနန်းမြို့ မဆောက်ခင်ထဲက ဆောက်ခဲ့တဲ့ အင်းလေးကန်က ထူးခြားလှတဲ့ ကြောင်ခုန်ကျောင်း အင်းလေးကန်ထဲက ရွာတစ်ရွာဖြစ်တဲ့ ငါးဖယ်ချောင်းရွာကငါးဖယ်ချောင်းဘုန်းကြီးကျောင်းပါ။

အင်းလေးထဲမှာ နှစ်ရှည်ကျောင်းလည်း ဖြစ်ပါတယ်။ မန္တလေးနန်းမြို့မဆောက်ခင် (၃) နှစ်စောဆောက်ခဲ့တယ်လို့ သိရပါတယ်။

အရင်က ဘုန်းဘုန်းတွေ တရားကျင့်၊ တရားထိုင်လုပ်ပြီးအားလပ်ချိန်တွေမှာ ကျောင်းမှာရှိတဲ့ ကြောင်လေးတွေကိုဝါးကွင်းလေးထဲ ဝင်အောင် ခုန်ကျင့်ပေးကြပါတယ်။

အဲဒီလိုနဲ့ Tourist တွေအတွက်ခရီးထွက်ရင်Information ပေးလေ့ရှိတဲ့နာမည်ကြီး ခရီးသွားလမ်းညွှန်စာအုပ် ထုတ်နေတဲ့ ထုတ်ဝေသူတွေ ရောက်လာပြီး

ငါးဖယ်ချောင်းဘုန်းကြီးကျောင်းကို Jumping CatMonastery ဆိုပြီး ရေးခဲ့ကြပါတယ်။

နောက်ပိုင်း မူလအမည်ငါးဖယ်ချောင်းလို့မခေါ် တော့ပဲ ကြောင်ခုန်ကျောင်းဆိုပြီး ခေါ် ကြပါတယ်။ နောက်ပိုင်းဘုန်းကြီးကျောင်းကကြောင်တွေမခုန်ဖို့ နိုင်ငံတ ကာတိရိစ္ဆာန်ချစ်မြတ်နိုးသူများ

အသင်းကတောင်းဆိုခဲ့တာနဲ့ ယခုလက်ရှိကျောင်းထိုင်ဆရာတော် ရှေ့ကဆရာတော်ဟာကြောင်လေးတွေကို ဆက်မခုန်ခိုင်းတော့ပဲ အနားယူခိုင်းလိုက်တာ ယခုအချိန်အထိပါပဲ။

အခုတော့ CatRetired Monastery ဆိုပြီး ဒေသခံတစ်ချို့ က စနောက်ပြီး ခေါ်နေကြပါပြီ။

တကယ်လည်းကြောင်လေးတွေ အားလုံးပင်စင်ယူသွားကြပါပြီလေ။

Crd-Original Post

(ZAWGYI)







Crd-Original Post