ဗောဓိမြိုင်ဆရာတော်ဘုရားကြီး သင်္ကန်းကပ်လှူခွင့်ရရှိခဲ့တဲ့ ကုသိုလ်ထူးလေးကို မျှဝေခဲ့တဲ့ မေကဗျာ

ဗောဓိမြိုင်ဆရာတော်ဘုရားကြီး သင်္ကန်းကပ်လှူခွင့်ရရှိခဲ့တဲ့ ကုသိုလ်ထူးလေးကို မျှဝေခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာကတော့ လက်ရှိမှာ အလုပ်ကိစ္စတွေနဲ့ ခရီးထွက်နေခဲ့ရပါတယ်။

ခရီးထွက်နေ့တဲ့အချိန်အတွင်းမှာတောင် ရောက်ရာဒေသတိုင်းမှာ ကောင်းမှုကုသိလ်တွေကိုပြုလုပ်နေခဲ့တာကြောင့် ပရိသတ်တွေကချီးကျူးသာဓုခေါ်နေခဲ့ရပါသေးတယ်။

ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုရက်ရောလှတဲ့ မေကဗျာကတော့ ဒီနေ့မှာသူပြုလုပ်ခွင့်ရရှိခဲ့တဲ့ ကောင်းမှုတွေကို မျှဝေလာခဲ့ပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ ကုသိုလ်လေးကတော့ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ကိုယ်တိုင်သွားရောက်ဖူးမျှော်ခဲ့ပြီး ကိုယ်တိုင် သင်္ကန်းကပ်လှူခွင့်ရရှိခဲ့တဲ့ အလှူလေးဖြစ်ပြီး မေကဗျာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ယနေ့ကုသိုလ်ထူး” ဆိုပြီး မျှဝေထားခဲ့တာပါ။

ဆရာတော်ဘုရားကြီးကို သင်္ကန်းကပ်လှူနေတဲ့ ပုံရိပ်လေးတွေကိုလည်း မေကဗျာက မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ မေကဗျာရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်ထူးလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Ei Phyo Wai

(ZAWGYI)

ေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီး သကၤန္းကပ္လႉခြင့္ရရွိခဲ့တဲ့ ကုသိုလ္ထူးေလးကို မွ်ေဝခဲ့တဲ့ ေမကဗ်ာ

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ေမကဗ်ာကေတာ့ လက္ရွိမွာ အလုပ္ကိစၥေတြနဲ႔ ခရီးထြက္ေနခဲ့ရပါတယ္။ ခရီးထြက္ေန႔တဲ့အခ်ိန္အတြင္းမွာေတာင္ ေရာက္ရာေဒသတိုင္းမွာ ေကာင္းမႈကုသိလ္ေတြကိုျပဳလုပ္ေနခဲ့တာေၾကာင့္ ပရိသတ္ေတြကခ်ီးက်ဴးသာဓုေခၚေနခဲ့ရပါေသးတယ္။

ဘာသာတရားကိုင္းရႈိင္းၿပီး အလႉအတန္းေတြကိုရက္ေရာလွတဲ့ ေမကဗ်ာကေတာ့ ဒီေန႔မွာသူျပဳလုပ္ခြင့္ရရွိခဲ့တဲ့ ေကာင္းမႈေတြကို မွ်ေဝလာခဲ့ပါတယ္။ ဒီေန႔ျပဳလုပ္ခဲ့တဲ့ ကုသိုလ္ေလးကေတာ့ ေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးကို ကိုယ္တိုင္သြားေရာက္ဖူးေမွ်ာ္ခဲ့ၿပီး ကိုယ္တိုင္ သကၤန္းကပ္လႉခြင့္ရရွိခဲ့တဲ့ အလႉေလးျဖစ္ၿပီး ေမကဗ်ာက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန “ယေန႔ကုသိုလ္ထူး” ဆိုၿပီး မွ်ေဝထားခဲ့တာပါ။

ဆရာေတာ္ဘုရားႀကီးကို သကၤန္းကပ္လႉေနတဲ့ ပုံရိပ္ေလးေတြကိုလည္း ေမကဗ်ာက မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ ေမကဗ်ာရဲ႕ မြန္ျမတ္လွတဲ့ ကုသိုလ္ထူးေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုႏိုင္ေစဖို႔ CeleZone ကေန ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Ei Phyo Wai