မွေးရပ်မြေချင်းပြည်က ထန်တလန်အတွက် စင်ကာပူဒေါ်လာ ၃၀၀၀ လှူဒါန်းလိုက်တဲ့ ‌အဆိုတော်ဒေးဗစ်လှိုင်

မွေးရပ်မြေချင်းပြည်က ထန်တလန်အတွက် စင်ကာပူဒေါ်လာ ၃၀၀၀ လှူဒါန်းလိုက်တဲ့ ‌အဆိုတော်ဒေးဗစ်လှိုင်

SACရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မီးလောင်ပျက်စီးသွားရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့အတွက် ချင်းအဆိုတော် ဒေးဗစ်လိုင်က စင်ကာပူ ဒေါ်လာ ၃၀၀၀ မ,တည် လှူဒါန်းတယ်လို့ သိရပါတယ်။

ထန်တလန်မြို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် ချင်းအဆိုတော် ဒေဗစ်လိုင်က စင်ကာပူဒေါ်လာ ၃၀၀၀ မ,တည်လှူဒါန်းပြီး သူနဲ့အတူ အလှူငွေထည့်ဝင်ကာ ထန်တလန်တွက် ထောက်ပံ့ကြဖို့ နှိုးဆော်တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေ ထောင်ချီမကရှိနေပြီး အောက်တိုဘာ ၂၉ ရက်နေ့က SAC ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထန်တလန်မြို့မှာ ဘုရားကျောင်း ၂ကျောင်း အပါအဝင် နေအိမ် ၁၆၀ ကျော် မီးလောင်ပြီး ဆုံးရှုံးလိုက်ရပါတယ်။

Crd-Original Post

(ZAWGYI)





Crd-Original Post