ဖခင်ကြီးနဲ့ မိခင်ကြီးအတွက်ရည်စူးပြီး သံဃာတော်တွေကို သင်္ကန်းကပ်လှူခဲ့တဲ့ လပြည့်

ဖခင်ကြီးနဲ့ မိခင်ကြီးအတွက်ရည်စူးပြီး သံဃာတော်တွေကို သင်္ကန်းကပ်လှူခဲ့တဲ့ လပြည့်

ပရိသတ်ကြီးရေ လပြည့်ကတော့ MRTV -4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။

ဒီနေ့အောက်တိုဘာလ (၃၁)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော်လပြည့်က အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ ဘဝတစ်ပါးကိုပြောင်းသွားကွယ်လွန်သွားတဲ့ သူ့ရဲ့ဖခင်ကြီးနဲ့ မိခင်ကြီးအတွက် ရည်စူးပြီးပြုလုပ်ခဲ့တဲ့ အလှူလေးပဲဖြစ်ပါတယ်။

အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းလေးကိုလည်း “အဖေနဲ့ အမေကောင်းရာဘုံဘဝကနေ သာဓုခေါ်ပါ။ အဖေခွဲသွားတာ ရက်(၁၀၀) အမေခွဲသွားတာ တစ်နှစ် ကိုးလ ရှိပြီ” ဆိုပြီး သူ့ရဲ့ My Day လေးကနေ အလှူလေးကို မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

လပြည့်ကတော့ ဖခင်ကြီးနဲ့ မိခင်ကြီးနဲ့အတွက်အလှူလေးပြုလုပ်ပေးရင်း ဖခင်ကြီးနဲ့ မိခင်ကြီးကို သတိရလွမ်းဆွတ်နေခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ လပြည့်ရဲ့ အလှူလေးကို သာဓုခေါ်ဆိုပြီး ဖခင်ကြီးနဲ့ မိခင်ကြီးကို လွမ်းဆွတ်နေတဲ့ လပြည့်ကို အားပေးနှစ်သိမ်ံစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Source – La Pyae

(ZAWGYI)








Source – La Pyae