မြန်မာနိုင်ငံတွင်း ကလေးအခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့ ကုလအထူးကိုယ်စားလှယ်တွေ တောင်းဆို

မြန်မာနိုင်ငံတွင်း ကလေးအခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့ ကုလအထူးကိုယ်စားလှယ်တွေ တောင်းဆို

မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၃ ဦးက ပူးတွဲတောင်းဆိုလိုက်ကြပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်း ဘာဂါနာ၊ ကလေးများနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗာဂျီနီးယား ဂမ်ဘာ၊ ကလေးများပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒေါက်တာ နာဂျစ် မာလာတို့ရဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ အခုလို တောင်းဆိုထားတာပါ။

ကလေးသူငယ်တွေအပေါ် ဆိုးရွားတဲ့ချိုးဖောက်မှု ၆ ခုကို ကျူးလွန်ရင် ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ဥပဒေ ပြဋ္ဌာန်းဖို့၊ ကလေးသူငယ်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ ကလေးငယ်တွေကို စုဆောင်း အသုံးပြုတာ အပါအဝင် ပဋိပက္ခတွေကြောင့် ထိခိုက်ရမှုတွေကနေ ကလေးငယ်တွေကို အကာအကွယ်ပေးရေး တစုတစည်းတည်း လုပ်ဆောင်ကြဖို့ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ SAC က အာဏာရယူလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရပ်ဆိုင်းသွားပြီး အကြမ်းဖက်အသွင်ဆောင် အကျပ်အတည်း ပုံစံမျိုးစုံ ဆက်ဖြစ်နေတာက ကလေးတွေနဲ့ သူတို့ရဲ့ အနာဂတ်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ အထူးကိုယ်စားလှယ်တွေက ထောက်ပြထားပါတယ်။

ဒီအခြေအနေကို အဆုံးသတ်စေဖို့ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ညှိနှိုင်းပြောဆိုမှု မရှိတာ၊ နိုင်ငံတကာက တညီညွတ်တည်း တုံ့ပြန်မှု အားနည်းတာတွေကြောင့် လက်နက်ကိုင်အဖွဲ့တွေထဲ ဝင်ကုန်ကြတဲ့ ကလေးတွေနဲ့ ငယ်ရွယ်သူ အရေအတွက် တိုးလာနေတာတွေ၊ အိုးအိမ်မဲ့ဖြစ်ကုန်တာတွေ၊ ဖမ်းဆီးခံရတာတွေ ဒါမှမဟုတ် ဘေးဒုက္ခ ရောက်ကြတာတွေ စတဲ့ စိုးရိမ်ဖွယ်သတင်းတွေကို ကုလသမဂ္ဂက ဆက်ပြီးရနေတယ်လို့လည်း အထူးကိုယ်စားလှယ်တွေရဲ့ ထုတ်ပြန်ချက်္မှာ ဖော်ပြထားပါတယ်။

ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အကာအကွယ်ပေးရမယ့် လူပုဂ္ဂိုလ်တွေအပေါ် တိုက်ခိုက်တာတွေသာမက ကလေးတွေကို လူသစ်စုဆောင်းတာ၊ အသုံးချတာ၊ သတ်ဖြတ်တာနဲ့ ထိခိုက်ဒဏ်ရာရစေတာလို ကလေးတွေအပေါ် ဆိုးရွားတဲ့ ပြုမူဆက်ဆံမှုတွေကို ပဋိပက္ခမှာ ပါဝင်နေသူ အားလုံးက ကျူးလွန်တာတွေ ပိုတိုးလာတယ်လို့လည်း အထူးကိုယ်စားလှယ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေ၊ ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာကလေးငယ်တွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ကလေးငယ်တွေရဲ့ ဆိုးရွားတဲ့ အခြေအနေအပေါ် ဒေသတွင်းနိုင်ငံတွေသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကြီးမားတဲ့ အာရုံပေးလုပ်ဆောင်မှု လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက အလေးပေး ပြောဆိုထားပါသည်။

Crd-Original Post

(ZAWGYI)

ျမန္မာႏိုင္ငံတြင္း ကေလးအခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရပ္ဆိုင္းဖို႔ ကုလအထူးကိုယ္စားလွယ္ေတြ ေတာင္းဆို

ျမန္မာႏိုင္ငံမွာ ကေလးသူငယ္အခြင့္အေရး ခ်ိဳးေဖာက္မႈ အားလုံးကို ခ်က္ခ်င္းရပ္ဆိုင္းဖို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ ၃ ဦးက ပူးတြဲေတာင္းဆိုလိုက္ၾကပါသည္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ခရစ္စတင္း ဘာဂါနာ၊ ကေလးမ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ ဗာဂ်ီနီးယား ဂမ္ဘာ၊ ကေလးမ်ားေပၚ အၾကမ္းဖက္မႈ ဆန္႔က်င္ေရးဆိုင္ရာ အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ ေဒါက္တာ နာဂ်စ္ မာလာတို႔ရဲ႕ ေအာက္တိုဘာလ ၂၉ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲမွာ အခုလို ေတာင္းဆိုထားတာပါ။

ကေလးသူငယ္ေတြအေပၚ ဆိုး႐ြားတဲ့ခ်ိဳးေဖာက္မႈ ၆ ခုကို က်ဴးလြန္ရင္ ရာဇဝတ္မႈအျဖစ္ သတ္မွတ္တဲ့ဥပေဒ ျပ႒ာန္းဖို႔၊ ကေလးသူငယ္ဥပေဒပါ ျပ႒ာန္းခ်က္အားလုံးကို လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔၊ ကေလးငယ္ေတြကို စုေဆာင္း အသုံးျပဳတာ အပါအဝင္ ပဋိပကၡေတြေၾကာင့္ ထိခိုက္ရမႈေတြကေန ကေလးငယ္ေတြကို အကာအကြယ္ေပးေရး တစုတစည္းတည္း လုပ္ေဆာင္ၾကဖို႔ အထူးကိုယ္စားလွယ္ေတြက တိုက္တြန္းထားပါသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ SAC က အာဏာရယူလိုက္ၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းစြာ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ ရပ္ဆိုင္းသြားၿပီး အၾကမ္းဖက္အသြင္ေဆာင္ အက်ပ္အတည္း ပုံစံမ်ိဳးစုံ ဆက္ျဖစ္ေနတာက ကေလးေတြနဲ႔ သူတို႔ရဲ႕ အနာဂတ္အေပၚ ဆိုး႐ြားတဲ့ သက္ေရာက္မႈေတြ ျဖစ္ေစတယ္လို႔ အထူးကိုယ္စားလွယ္ေတြက ေထာက္ျပထားပါတယ္။

ဒီအေျခအေနကို အဆုံးသတ္ေစဖို႔ ၿငိမ္းခ်မ္းၿပီး အားလုံးပါဝင္တဲ့ ညႇိႏႈိင္းေျပာဆိုမႈ မရွိတာ၊ ႏိုင္ငံတကာက တညီၫြတ္တည္း တုံ႔ျပန္မႈ အားနည္းတာေတြေၾကာင့္ လက္နက္ကိုင္အဖြဲ႕ေတြထဲ ဝင္ကုန္ၾကတဲ့ ကေလးေတြနဲ႔ ငယ္႐ြယ္သူ အေရအတြက္ တိုးလာေနတာေတြ၊ အိုးအိမ္မဲ့ျဖစ္ကုန္တာေတြ၊ ဖမ္းဆီးခံရတာေတြ ဒါမွမဟုတ္ ေဘးဒုကၡ ေရာက္ၾကတာေတြ စတဲ့ စိုးရိမ္ဖြယ္သတင္းေတြကို ကုလသမဂၢက ဆက္ၿပီးရေနတယ္လို႔လည္း အထူးကိုယ္စားလွယ္ေတြရဲ႕ ထုတ္ျပန္ခ်က္ၼွာ ေဖာ္ျပထားပါတယ္။

ေက်ာင္းေတြ၊ ေဆး႐ုံေတြနဲ႔ အကာအကြယ္ေပးရမယ့္ လူပုဂၢိဳလ္ေတြအေပၚ တိုက္ခိုက္တာေတြသာမက ကေလးေတြကို လူသစ္စုေဆာင္းတာ၊ အသုံးခ်တာ၊ သတ္ျဖတ္တာနဲ႔ ထိခိုက္ဒဏ္ရာရေစတာလို ကေလးေတြအေပၚ ဆိုး႐ြားတဲ့ ျပဳမူဆက္ဆံမႈေတြကို ပဋိပကၡမွာ ပါဝင္ေနသူ အားလုံးက က်ဴးလြန္တာေတြ ပိုတိုးလာတယ္လို႔လည္း အထူးကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံက ကေလးငယ္ေတြ၊ ဘဂၤလားေဒ့ရ္ွက ႐ိုဟင္ဂ်ာကေလးငယ္ေတြ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ထြက္ေျပးခိုလႈံေနရတဲ့ ကေလးငယ္ေတြရဲ႕ ဆိုး႐ြားတဲ့ အေျခအေနအေပၚ ေဒသတြင္းႏိုင္ငံေတြသာမက ႏိုင္ငံတကာ အသိုင္းအဝိုင္းကပါ ႀကီးမားတဲ့ အာ႐ုံေပးလုပ္ေဆာင္မႈ လိုအပ္ေနတယ္လို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္ေတြက အေလးေပး ေျပာဆိုထားပါသည္။

Crd-Original Post