တပ်ထောက်ခံပွဲတွင် တပ်မိသားစုများမပါဝင်ပါက ရှေ့တန်းပိုခံရမည်ဟု စစ်ကောင်စီညွန်ကြားထား

တပ်ထောက်ခံပွဲတွင် တပ်မိသားစုများမပါဝင်ပါက ရှေ့တန်းပိုခံရမည်ဟု စစ်ကောင်စီညွန်ကြားထား

ယခုရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းမြို့ကြီးများတွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲများ ပြုလုပ်လျက်ရှိပြီး အဆိုပါတပ်ထောက်ခံပွဲများကို တပ်မိသားစုဝင်များ တအိမ်လျှင်တယောက် မဖြစ်မနေပါဝင်ရမည်ဟု ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်းအဝိုင်းထံက သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများရှိ အရာရှိ/စစ်သည် မိသားစုဝင်များ အနေဖြင့် တပ်မတော်ထောက်ခံပွဲကို မဖြစ်မနေ လိုက်ပါရမည်ဟု အမိန့်ပေးညွှန်ကြားထားကြောင်း နေပြည်တော်ရှိ စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းထံက သိရသည်။

ထို့ပြင် အဆိုပါတပ်ထောက်ခံပွဲသို့ လိုက်ပါခြင်း မရှိသည့်နေအိမ်မှ အရာရှိ၊ စစ်သည်များနှင့် တပ် မိသားစုများအနေဖြင့် တပ်တွင်းရိက္ခာအတွက် အလုပ်ကြမ်း လိုက်လုပ်ရမည်ဖြစ်ကြောင်းနှင့် စစ်ရေးလိုအပ်ချက်အရ ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

“ရန်ကုန်ကတော့ ခုထိမလုပ်ရသေးဘူး။ လုံခြုံရေး အခြေအနေအရပေါ့။ လုပ်ဖို့တော့ညွှန်ကြားထားတယ်။ ၁၄၄ ထုတ်မထားတဲ့မြို့တွေမှာ လုပ်ဖြစ်မယ်ထင်တယ်။ တပ်ရင်းထဲမှာ မိသားစုဝင် တအိမ်တယောက် မပါမနေရတဲ့။ စစ်တပ်ကပဲ လုံခြုံရေးရော ကားကအစစီစဥ်ပေးရတယ်။ တပ်ရင်းထဲက လိုင်းခန်းအတိအကျနဲ့ လူအရေအတွက် ထည့် ပေးရတယ် ။ မထည့်ပေးနိုင်ရင် ကျနော်တို့က ရှေ့တန်း ပို့ခံရလိမ့်မယ်”ဟု တိုက်ကြီးမြို့နယ်အတွင်းရှိ တပ်ရင်းတခုမှ စစ်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်မတော် ထောက်ခံပွဲများကို နိုင်ငံအတွင်းရှိ မြို့နယ်တချို့တွင် လူရာနှင့်ချီကာ ကျင်းပနေသော်လည်း အများစုသည် စစ်သည် မိသားစုဝင်များဖြစ်ပြီး အာဏာသိမ်း စစ်တပ်ကို ထောက်ခံသည့် စစ်မှုထမ်းဟောင်းများနှင့်အမျိုးသားရေး လှုပ်ရှားသူ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အမာခံများသာ ပါဝင်ကြောင်း သိရသည်။

ယင်းသို့ စစ်တပ်ထောက်ခံပွဲများပြုလုပ်နေချိန်တွင် စစ်ကောင်စီ၏ကျန်းမာရေးဌာနကလည်း ကိုဗစ်ရောဂါကူးစက်မှုလျော့ကျလာသဖြင့် လူတစ်ရာအထိစုဝေးခွင့်ပြုနိုင်သည်ဟု ပြန်လည်ဖြေ လျှော့ပေးခဲ့ကြောင်း သိရသည်။

Crd-Original Post

(ZAWGYI)

တပ္ေထာက္ခံပြဲတြင္ တပ္မိသားစုမ်ားမပါဝင္ပါက ေရွ႕တန္းပိုခံရမည္ဟု စစ္ေကာင္စီၫြန္ၾကားထား

ယခုရက္ပိုင္းအတြင္း ႏိုင္ငံတဝွမ္းၿမိဳ႕ႀကီးမ်ားတြင္ အာဏာသိမ္းစစ္တပ္ေထာက္ခံပြဲမ်ား ျပဳလုပ္လ်က္ရွိၿပီး အဆိုပါတပ္ေထာက္ခံပြဲမ်ားကို တပ္မိသားစုဝင္မ်ား တအိမ္လွ်င္တေယာက္ မျဖစ္မေနပါဝင္ရမည္ဟု ၫႊန္ၾကားထားေၾကာင္း စစ္တပ္အသိုင္းအဝိုင္းထံက သိရသည္။

အာဏာသိမ္း စစ္ေကာင္စီ လက္ေအာက္ခံ တပ္ရင္းမ်ားရွိ အရာရွိ/စစ္သည္ မိသားစုဝင္မ်ား အေနျဖင့္ တပ္မေတာ္ေထာက္ခံပြဲကို မျဖစ္မေန လိုက္ပါရမည္ဟု အမိန႔္ေပးၫႊန္ၾကားထားေၾကာင္း ေနျပည္ေတာ္ရွိ စစ္ဘက္ဆိုင္ရာ အသိုင္းအဝိုင္းထံက သိရသည္။

ထို႔ျပင္ အဆိုပါတပ္ေထာက္ခံပြဲသို႔ လိုက္ပါျခင္း မရွိသည့္ေနအိမ္မွ အရာရွိ၊ စစ္သည္မ်ားႏွင့္ တပ္ မိသားစုမ်ားအေနျဖင့္ တပ္တြင္းရိကၡာအတြက္ အလုပ္ၾကမ္း လိုက္လုပ္ရမည္ျဖစ္ေၾကာင္းႏွင့္ စစ္ေရးလိုအပ္ခ်က္အရ ေရွ႕တန္းသို႔ ပို႔ေဆာင္ျခင္းခံရမည္ဟု ၫႊန္ၾကားထားေၾကာင္း သိရသည္။

“ရန္ကုန္ကေတာ့ ခုထိမလုပ္ရေသးဘူး။ လုံၿခဳံေရး အေျခအေနအရေပါ့။ လုပ္ဖို႔ေတာ့ၫႊန္ၾကားထားတယ္။ ၁၄၄ ထုတ္မထားတဲ့ၿမိဳ႕ေတြမွာ လုပ္ျဖစ္မယ္ထင္တယ္။ တပ္ရင္းထဲမွာ မိသားစုဝင္ တအိမ္တေယာက္ မပါမေနရတဲ့။ စစ္တပ္ကပဲ လုံၿခဳံေရးေရာ ကားကအစစီစဥ္ေပးရတယ္။ တပ္ရင္းထဲက လိုင္းခန္းအတိအက်နဲ႔ လူအေရအတြက္ ထည့္ ေပးရတယ္ ။ မထည့္ေပးႏိုင္ရင္ က်ေနာ္တို႔က ေရွ႕တန္း ပို႔ခံရလိမ့္မယ္”ဟု တိုက္ႀကီးၿမိဳ႕နယ္အတြင္းရွိ တပ္ရင္းတခုမွ စစ္သည္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

တပ္မေတာ္ ေထာက္ခံပြဲမ်ားကို ႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္တခ်ိဳ႕တြင္ လူရာႏွင့္ခ်ီကာ က်င္းပေနေသာ္လည္း အမ်ားစုသည္ စစ္သည္ မိသားစုဝင္မ်ားျဖစ္ၿပီး အာဏာသိမ္း စစ္တပ္ကို ေထာက္ခံသည့္ စစ္မႈထမ္းေဟာင္းမ်ားႏွင့္အမ်ိဳးသားေရး လႈပ္ရွားသူ၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ USDP အမာခံမ်ားသာ ပါဝင္ေၾကာင္း သိရသည္။

ယင္းသို႔ စစ္တပ္ေထာက္ခံပြဲမ်ားျပဳလုပ္ေနခ်ိန္တြင္ စစ္ေကာင္စီ၏က်န္းမာေရးဌာနကလည္း ကိုဗစ္ေရာဂါကူးစက္မႈေလ်ာ့က်လာသျဖင့္ လူတစ္ရာအထိစုေဝးခြင့္ျပဳႏိုင္သည္ဟု ျပန္လည္ေျဖ ေလွ်ာ့ေပးခဲ့ေၾကာင္း သိရသည္။

Crd-Original Post