မိခင်ကြီးအတွက် ရည်စူးပြီး ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ မေပန်းချီ

မိခင်ကြီးအတွက် ရည်စူးပြီး ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ မေပန်းချီ

ပရိသတ်ကြီးရေ မေပန်းချီကတော့ မော်ဒယ်လ်သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။

မေပန်းချီကတော့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပေမဲ့ မြန်မာလူမျိုးပီပီ ဘာသာတရားနဲ့ လူကြီးမိဘတွေအပါ်မှာ သိတတ်ပြီး လိမ္မာလှတဲ့သူတစ်ယောက်ပါ။

ဘုရားတရားကိုင်းရှိုင်းကာ အလှူအတန်းတွေကို အခါအခွင့်သင့်တိုင်းပြုလုပ်တတ်တဲ့သူတစ်ယောက်ပီပီ ဒီနေ့မှာလည်း ဆွမ်းကပ်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ ပြီးခဲ့တဲ့ လအနည်းငယ်က ကွယ်လွန်သွားတဲ့ သူ့ရဲ့မိခင်ကြီးအတွက် ရည်စူးကာပြုလုပ်ခဲ့တဲ့ အလှူလေးဖြစ်ပြီး ဒီအလှူလေးကို အခွင့်အခါသင့်တာနဲ့ မထင်မှတ်ဘဲပြုလုပ်ဖြစ်ခဲ့တာပါတဲ့။

“ဒီနေ့ ဘုန်းဘုန်းနဲ့ဆုံတုန်း ရောက်တဲ့နေရာလေးမှာ အဆင်ပြေသလိုလေး သူငယ်ချင်းနှစ်ယောက် အမေတွေအတွက်ဆွမ်းကပ်” ဆိုပြီတော့လည်း အလှူလေးအမှတ်မထင်ပြုလုပ်ခဲ့တာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ မေပန်းချီရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – May Panche

(ZAWGYI)

မိခင္ႀကီးအတြက္ ရည္စူးၿပီး ဆြမ္းကပ္အလႉေလးျပဳလုပ္ခဲ့တဲ့ ေမပန္းခ်ီ

ပရိသတ္ႀကီးေရ ေမပန္းခ်ီကေတာ့ ေမာ္ဒယ္လ္သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္။

ေမပန္းခ်ီကေတာ့ ေခတ္လူငယ္တစ္ေယာက္ျဖစ္ေပမဲ့ ျမန္မာလူမ်ိဳးပီပီ ဘာသာတရားနဲ႔ လူႀကီးမိဘေတြအပၚမွာ သိတတ္ၿပီး လိမၼာလွတဲ့သူတစ္ေယာက္ပါ။ဘုရားတရားကိုင္းရႈိင္းကာ အလႉအတန္းေတြကို

အခါအခြင့္သင့္တိုင္းျပဳလုပ္တတ္တဲ့သူတစ္ေယာက္ပီပီ ဒီေန႔မွာလည္း ဆြမ္းကပ္အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အလႉေလးကေတာ့ ၿပီးခဲ့တဲ့ လအနည္းငယ္က ကြယ္လြန္သြားတဲ့ သူ႔ရဲ႕မိခင္ႀကီးအတြက္ ရည္စူးကာျပဳလုပ္ခဲ့တဲ့ အလႉေလးျဖစ္ၿပီး

ဒီအလႉေလးကို အခြင့္အခါသင့္တာနဲ႔ မထင္မွတ္ဘဲျပဳလုပ္ျဖစ္ခဲ့တာပါတဲ့။

“ဒီေန႔ ဘုန္းဘုန္းနဲ႔ဆုံတုန္း ေရာက္တဲ့ေနရာေလးမွာ အဆင္ေျပသလိုေလး သူငယ္ခ်င္းႏွစ္ေယာက္ အေမေတြအတြက္ဆြမ္းကပ္” ဆိုၿပီေတာ့လည္း အလႉေလးအမွတ္မထင္ျပဳလုပ္ခဲ့တာကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ ေမပန္းခ်ီရဲ႕အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – May Panche