ထန်ထလန်မြို့လေးကို မီးလောင်တိုင်သွင်းခဲ့ကြတဲ့သူတွေအား ပြင်းထန်ထိရှိတဲ့စကားလုံးတွေနဲ့နာကျည်းစွာပြောဆိုလာတဲ့ ပိုင်ဖြိုးသု

ထန်ထလန်မြို့လေးကို မီးလောင်တိုင်သွင်းခဲ့ကြတဲ့သူတွေအား ပြင်းထန်ထိရှိတဲ့စကားလုံးတွေနဲ့နာကျည်းစွာပြောဆိုလာတဲ့ ပိုင်ဖြိုးသု

အနုပညာ ပညာရပ်နဲ့ပတ်သက်လာရင် စိတ်ရော ကိုယ်ရော နှစ်မြှုပ်ပြီး အစွန်းကုန် ကြိုးစားတတ်သူဖြစ်တဲ့ အကယ်ဒမီပိုင်ဖြိုးသု ဟာ အနုပညာလောကရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးစာရင်းမှာ ပါဝင်ရပ်တည်နေသူပဲဖြစ်ပါတယ်။

အနုပညာမှာတင် အောင်မြင် သူမဟုတ်ပဲ အတန်းပညာတွေမှာပါ ထူးချွန်သူဖြစ်သောကြောင့် ဆရာဝန်ဘွဲ့အထိပါ ရရှိခဲ့သူတစ်ယောက်ပါ။

လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်သူဖြစ်ပြီး ကလေးဆန်ဆန် ပျော်ပျော်နေ တတ်သူဖြစ်ပေမယ့်ဘအခုလက်ရှိနိုင်ငံ့အရေးမှာတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ ပြည်သူတွေနဲ့တသားတည်းရှေ့ကဦးဆောင်ပြီး

အာဏာရှင်တွေကိုဆန္ဒပြသပိတ်မှောက်လျက်ရှိနေကြတာပါ။ရရင်ရသလို အဘက်ဘက်ကနေ ပြည်သူတွေအတွက် အကျိုးရှိစေမယ့်စာအရေးအသားအားပေးမှုတွေအပြင်သတိပေးမှုတွေပါပြုလုပ်လျက်ရှိနေတဲ့

လေးစားစရာကောင်းတဲ့မင်းသမီးတစ်လက်ပါ။

လက်ရှိမှာလည်း ” သမာအာဇီဝလုပ်အားနဲ့စီးပွားရှာရတဲ့လူ‌တွေအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသူတို့ဘယ်သိပါ့မလဲ….ပြည်သူဆီက ခိုးထားဝှက်ထားတဲ့ငွေတွေနဲ့

ထားစရာမရှိအောင်ချမ်းသာနေကြတာကိုး….ကိုယ်ပိုင်အိမ်တစ်လုံးတောင်မပိုင်တဲ့သူတို့လက်အောက်ခံထားရာေ နစေရာသွားတွေကလည်း

သူတို့ခိုင်းသမျှလုပ်မှာပဲ….သူတို့မှအိမ်မပိုင်ဘူးတာ….ချွဲနည်းစာနဲ့ဆောက်ထားတဲ့အိမ်လေးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်သူတို့ဘယ်သိပါ့မလဲ….”ဆိုတဲ့စာလေးနဲ့ ထန်တလန်မြို့လေးမီးလောင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတင်လာခဲ့တာပါ။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source-Paing Phyo Thu
Credit –CeleKhitThit

(ZAWGYI)






Source-Paing Phyo Thu
Credit –CeleKhitThit