စစ်မှုထမ်းဟောင်းအိမ်ရာကို စစ်မှုထမ်းဟောင်း မြို့အဖြစ်တည်ဆောက်နေတာဖြစ်ပြီး မြို့ပတ်ရထားတွေ ပေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

“မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာကို စစ်မှုထမ်းဟောင်း မြို့အဖြစ်တည်ဆောက်နေတာဖြစ်ပြီး မြို့ပတ်ရထားတွေ ပေးဆွဲနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

ရန်ကုန်၊အောက်တိုဘာ(၃၀)

မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) ကို စစ်မှုထမ်းဟောင်းမြို့ အဖြစ် တည်ဆောက်နေတာဖြစ်ပြီး ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့ စံပြအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ အာကာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မနေ့ကအောက်တိုဘာ(၂၉) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာရှိတဲ့ မြန်မာ့သားကောင်း စစ်မှုထမ်း ဟောင်းအိမ်ယာ (လေးထောင့်ကန်) ကိုသွားရောက်ကြည့်ရှုစစ်ဆေးချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ရခြင်းဟာ စစ်မှုထမ်းဟောင်းတွေရဲ့ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေချောမွေ့စေရန်ဆောင်ရွက် ပေးတာဖြစ်ကြောင်း၊ အလားတူ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖော်ဆောင် ပေးမည်သလို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ နည်းပညာဆိုင်ရာကျောင်းတွေ တည်ဆောက်နိုင်ရေး မျှော်တွေးစဉ်းစားထားဖို့ လိုကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာမှာ နေထိုင်ကြသူတွေနဲ့ ဒေသခံပြည်သူတွေရဲ့ သွားလာမှု အဆင်ပြေစေရေးအတွက်လည်း Public Transportation ဖြစ်တဲ့ မြို့ပတ်ရထားတွေ ပေးဆွဲနိုင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစား စီမံဆောင်ရွက်ထားဖို့ လိုတယ်” လို့ စစ်ခေါင်းဆောင် ကပြောဆိုခဲ့ပါတယ်။

မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ပြီးစီးချိန်မှာ မြို့တစ်မြို့ကဲ့သို့ လူဦးရေရှိရမှာဖြစ်ပြီး ကလေးအရွယ်မှ လူကြီးပိုင်း အရွယ်အထိ အားလုံးနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေ ရှိနေရန်အတွက် ထည့်သွင်းစဉ်းစားဖို့လိုကြောင်း၊ အလုပ်အကိုင်ရရှိရေး အတွက် အသေးစားစက်မှုလက်မှု လုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း ခေတ်မီတဲ့ နည်းပညာတွေ အသုံးပြုပြီး မွေးမြူရေးကုန်ထုတ်လုပ်မှုတွေ ထုတ်လုပ်ပြီး ရန်ကုန်မြို့၏ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သကဲ့သို့ ရန်ကုန်မြို့ရဲ့ စံပြအဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နေရာအနည်းအငယ်အတွင်း ထုတ်ကုန် အရေအတွက်များစွာ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။”

Crd-Original Post

(ZAWGYI)

“ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာကို စစ္မႈထမ္းေဟာင္း ၿမိဳ႕အျဖစ္တည္ေဆာက္ေနတာျဖစ္ၿပီး ၿမိဳ႕ပတ္ရထားေတြ ေပးဆြဲႏိုင္ေရးအတြက္လည္း ေဆာင္႐ြက္ရမယ္လို႔ စစ္ေခါင္းေဆာင္ေျပာ

ရန္ကုန္၊ေအာက္တိုဘာ(၃၀)

ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္းအိမ္ရာ (ေလးေထာင့္ကန္) ကို စစ္မႈထမ္းေဟာင္းၿမိဳ႕ အျဖစ္ တည္ေဆာက္ေနတာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ေတာ္ဖြံ႕ၿဖိဳးေရးအတြက္ တစ္ဖက္တစ္လမ္းက အေထာက္အကူျပဳတဲ့ စံျပအိမ္ရာတစ္ခုအျဖစ္ ရည္မွန္းေဆာင္႐ြက္ေနတာ ျဖစ္တယ္လို႔ အာကာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာဆိုလိုက္ပါတယ္။

မေန႔ကေအာက္တိုဘာ(၂၉) ရက္ေန႔မွာ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္မွာရွိတဲ့ ျမန္မာ့သားေကာင္း စစ္မႈထမ္း ေဟာင္းအိမ္ယာ (ေလးေထာင့္ကန္) ကိုသြားေရာက္ၾကည့္ရႈစစ္ေဆးခ်ိန္မွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“စစ္မႈထမ္းေဟာင္းအိမ္ရာ တည္ေဆာက္ရျခင္းဟာ စစ္မႈထမ္းေဟာင္းေတြရဲ႕ ေနထိုင္စားေသာက္ေရးအတြက္ အဆင္ေျပေခ်ာေမြ႕ေစရန္ေဆာင္႐ြက္ ေပးတာျဖစ္ေၾကာင္း၊ အလားတူ စစ္မႈထမ္းေဟာင္းေတြရဲ႕ သားသမီးေတြ အလုပ္အကိုင္ အခြင့္အလမ္းရရွိေရးအတြက္ အေသးစားနဲ႔ အလတ္စား စက္မႈလုပ္ငန္းေတြ ေဖာ္ေဆာင္ ေပးမည္သလို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ နည္းပညာဆိုင္ရာေက်ာင္းေတြ တည္ေဆာက္ႏိုင္ေရး ေမွ်ာ္ေတြးစဥ္းစားထားဖို႔ လိုေၾကာင္း၊ စစ္မႈထမ္းေဟာင္းအိမ္ရာမွာ ေနထိုင္ၾကသူေတြနဲ႔ ေဒသခံျပည္သူေတြရဲ႕ သြားလာမႈ အဆင္ေျပေစေရးအတြက္လည္း Public Transportation ျဖစ္တဲ့ ၿမိဳ႕ပတ္ရထားေတြ ေပးဆြဲႏိုင္ေရးအတြက္လည္း ထည့္သြင္းစဥ္းစား စီမံေဆာင္႐ြက္ထားဖို႔ လိုတယ္” လို႔ စစ္ေခါင္းေဆာင္ ကေျပာဆိုခဲ့ပါတယ္။

ျမန္မာ့သားေကာင္း စစ္မႈထမ္းေဟာင္း အိမ္ရာ (ေလးေထာင့္ကန္) တည္ေဆာက္ၿပီးစီးခ်ိန္မွာ ၿမိဳ႕တစ္ၿမိဳ႕ကဲ့သို႔ လူဦးေရရွိရမွာျဖစ္ၿပီး ကေလးအ႐ြယ္မွ လူႀကီးပိုင္း အ႐ြယ္အထိ အားလုံးနဲ႔ သက္ဆိုင္တဲ့ ဝန္ေဆာင္မႈေတြ ရွိေနရန္အတြက္ ထည့္သြင္းစဥ္းစားဖို႔လိုေၾကာင္း၊ အလုပ္အကိုင္ရရွိေရး အတြက္ အေသးစားစက္မႈလက္မႈ လုပ္ငန္းေတြ၊ ေမြးျမဴေရးလုပ္ငန္းေတြ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးဖို႔ လိုေၾကာင္း၊ ေမြးျမဴေရးလုပ္ငန္းေတြ ေဆာင္႐ြက္ရာမွာလည္း ေခတ္မီတဲ့ နည္းပညာေတြ အသုံးျပဳၿပီး ေမြးျမဴေရးကုန္ထုတ္လုပ္မႈေတြ ထုတ္လုပ္ၿပီး ရန္ကုန္ၿမိဳ႕၏ စားေရးကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏိုင္သကဲ့သို႔ ရန္ကုန္ၿမိဳ႕ရဲ႕ စံျပအျဖစ္လည္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ေနရာအနည္းအငယ္အတြင္း ထုတ္ကုန္ အေရအတြက္မ်ားစြာ ထုတ္လုပ္ႏိုင္ေအာင္ ေဆာင္႐ြက္သြားဖို႔ လိုအပ္တယ္လို႔ စစ္ေခါင္းေဆာင္က ေျပာဆိုခဲ့ပါတယ္။”

Crd-Original Post