စစ်ကိုင်းတိုင်းတွင်ကျဆုံးခဲ့ရသည့် PDF လူငယ်လေးတစ်ဦး

စစ်ကိုင်းတိုင်းတွင်ကျဆုံးခဲ့ရသည့် PDF လူငယ်လေးတစ်ဦး

စစ်ကိုင်းတိုင်းရှိတိုက်ပွဲတစ်ခုတွင် အကြမ်းဖက်စစ်တပ်ကို တော်လှန်နေသည့်တပ်သားတစ်ဦး ကျည်ဆံထိမှန်ကျဆုံး

စစ််ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိတိုက်ပွဲတစ်ခုတွင် အောက်တိုဘာ၃၀ရက်နေ့၌ အကြမ်းဖက်စစ်တပ်၏လက်ချက်ကြောင့် ပြည်သူလူထုဘက်မှ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေသည့်တပ်သားတစ်ဦး ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ရသည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် အကြမ်းဖက်စစ်တပ်၏လက်ချက်ကြောင့် အသက်၂၁နှစ်အရွယ် ကိုဟိန်းသီဟအောင်သည် ဖက်ဆစ်စစ်တပ်ကို တိုက်ခိုက်ရင်း ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။

“အသေးစိတ် အချက်အလက်တွေတော့ ကျနော်တို့ပြောပြလို့မရသေးပါဘူး။ သူကျသွားတာကိုတော့ကျနော်တို့အတည်ပြုပေးလို့ရပါတယ် ” ၎င်းနှင့်နီးစပ်သူ တော်လှန်ရေးသမားတစ်ဦးကဆိုသည်။ ကိုဟိန်းသီဟအောင်ကျဆုံးခဲ့ရခြင်းနှင့် နောက်ဆက်တွဲအခြေအနေများကို MPAအနေဖြင့်ဆက်လက်စုံစမ်းလျက်ရှိနေသည်။

မြင်းခြံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုဟိန်းသီဟအောင်ကျဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ”ကျွန်ုပ်တို့အမိမြင်းခြံတက္ကသိုလ်မှမွေးထုတ်သော သူငယ်ချင်းညီငယ်တစ်ဦး၊ နွေဦးတော်လှန်ရေးမှမွေးထုတ်သော ရဲဘော်တစ်ဦး၊ အဖိနှိပ်ခံလူထုအတွက် အသက်ခန္ဓာပေးဆပ်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သော ကိုဟိန်းသီဟအောင်အား ကျွန်ုပ်တို့ သူငယ်ချင်း၊ညီကိုမောင်နှမ၊ ရဲဘော်တစ်စု၏ရင်ထဲ၌ လေးစားဂုဏ်ပြုအပ်သော သူရဲကောင်းတစ်ဦးအဖြစ် ကမ္ပည်းမော်ကွန်းထိုးကာ မှတ်တမ်းတင်ဂုဏ်ပြုဦးညွှတ်ကြောင်း ” ဖော်ပြထားသည်ကိုတွေ့ရသည်။

Crd-Original Post

(ZAWGYI)

စစ္ကိုင္းတိုင္းတြင္က်ဆုံးခဲ့ရသည့္ PDF လူငယ္ေလးတစ္ဦး

စစ္ကိုင္းတိုင္းရွိတိုက္ပြဲတစ္ခုတြင္ အၾကမ္းဖက္စစ္တပ္ကို ေတာ္လွန္ေနသည့္တပ္သားတစ္ဦး က်ည္ဆံထိမွန္က်ဆုံး

စစ္္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္ရွိတိုက္ပြဲတစ္ခုတြင္ ေအာက္တိုဘာ၃၀ရက္ေန႔၌ အၾကမ္းဖက္စစ္တပ္၏လက္ခ်က္ေၾကာင့္ ျပည္သူလူထုဘက္မွ အၾကမ္းဖက္စစ္တပ္ကို ေတာ္လွန္ေနသည့္တပ္သားတစ္ဦး က်ည္ဆံထိမွန္ၿပီး က်ဆုံးခဲ့ရသည္။

ယေန႔ျဖစ္ပြားခဲ့သည့္ တိုက္ပြဲတစ္ခုတြင္ အၾကမ္းဖက္စစ္တပ္၏လက္ခ်က္ေၾကာင့္ အသက္၂၁ႏွစ္အ႐ြယ္ ကိုဟိန္းသီဟေအာင္သည္ ဖက္ဆစ္စစ္တပ္ကို တိုက္ခိုက္ရင္း က်ည္ဆံထိမွန္ၿပီး က်ဆုံးခဲ့ရျခင္းျဖစ္သည္။

“အေသးစိတ္ အခ်က္အလက္ေတြေတာ့ က်ေနာ္တို႔ေျပာျပလို႔မရေသးပါဘူး။ သူက်သြားတာကိုေတာ့က်ေနာ္တို႔အတည္ျပဳေပးလို႔ရပါတယ္ ” ၎ႏွင့္နီးစပ္သူ ေတာ္လွန္ေရးသမားတစ္ဦးကဆိုသည္။ ကိုဟိန္းသီဟေအာင္က်ဆုံးခဲ့ရျခင္းႏွင့္ ေနာက္ဆက္တြဲအေျခအေနမ်ားကို MPAအေနျဖင့္ဆက္လက္စုံစမ္းလ်က္ရွိေနသည္။

ျမင္းၿခံတကၠသိုလ္ေက်ာင္းသားသမဂၢက ကိုဟိန္းသီဟေအာင္က်ဆုံးခဲ့ရျခင္းႏွင့္ ပတ္သက္ၿပီး ”ကြၽႏ္ုပ္တို႔အမိျမင္းၿခံတကၠသိုလ္မွေမြးထုတ္ေသာ သူငယ္ခ်င္းညီငယ္တစ္ဦး၊ ေႏြဦးေတာ္လွန္ေရးမွေမြးထုတ္ေသာ ရဲေဘာ္တစ္ဦး၊ အဖိႏွိပ္ခံလူထုအတြက္ အသက္ခႏၶာေပးဆပ္ခဲ့သည့္ သူရဲေကာင္းတစ္ဦးျဖစ္ေသာ ကိုဟိန္းသီဟေအာင္အား ကြၽႏ္ုပ္တို႔ သူငယ္ခ်င္း၊ညီကိုေမာင္ႏွမ၊ ရဲေဘာ္တစ္စု၏ရင္ထဲ၌ ေလးစားဂုဏ္ျပဳအပ္ေသာ သူရဲေကာင္းတစ္ဦးအျဖစ္ ကမၸည္းေမာ္ကြန္းထိုးကာ မွတ္တမ္းတင္ဂုဏ္ျပဳဦးၫႊတ္ေၾကာင္း ” ေဖာ္ျပထားသည္ကိုေတြ႕ရသည္။

Crd-Original Post