NUGကိုအသိအမှတ်ပြုရန် ကုလသမဂ္ဂသို့ လက်မှတ်ရေးထိုးတောင်းဆိုလိုက်တဲ့ ချက်နိုင်ငံလွှတ်တော် နိုင်ငံခြားရေးရာ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဋ္ဌ

ချက်နိုင်ငံလွှတ်တော် နိုင်ငံခြားရေးရာ

ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီဥက္ကဋ္ဌ Pavel Fischer က ကုလသမဂ္ဂတွင် အမျိုးသားညီညွတ်ရေးအစိုးရNUGကိုအသိအမှတ်ပြုရန် လက်မှတ်ရေးထိုးတောင်းဆိုလိုက်ကြောင်း သိရှိရသည်။

မြန်မာပြည်သူတို့၏ အ.ာဏာရှင်ဆန့်က.ျင်ရေး ရု.န်းက.န်တ.ိုက်ပွဲဘက်မှ အားပေးရပ်တည်သောအားဖြင့်NUGကိုထောက်ခံသည့် တောင်းဆိုမှုတွင်၂၀၁၈ခုနှစ် ချက်သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ Pavel Fischerက ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သူသည်

လက်ရှိတွင်လည်း ချက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဌဖြစ်သည်။

NUGကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ အသိအမှတ်ပြုရန်၊ ဦးကျော်မိုးထွန်းအား မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန်တောင်းဆိုသော လက်မှတ်ကောက်ယူမှုတွင် ၃ရက်အတွင်း ၁သိန်းခွဲနီးပါးပါဝင်ခဲ့ပြီး ဆက်လက်၍လည်းလက်မှတ်ရေးထိုးနေကြသည်။

လက်မှတ်ကောက်ယူရေးလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ စ.စ်အ.ာဏာရှင်ကို ငြ.င်းပ.ယ်ကြောင်း၊

ကုလသမဂ္ဂမှ NUGကို အသိအမှတ်ပြုစေလိုကြောင်းအား မြန်မာလူထုနှင့် ကမ္ဘာ့ပြည်သူအရေအတွက် ပမာဏကြီးမားစွာဖြင့် ပြသရန်ဖြစ်သည်။

Crd-Original Post