အကျဘက်သို့ ငိုက်စိုက် ထိုးဆင်းနေပြီဖြစ်သော မြန်မာ့စီးပွားရေး

အကျဘက်သို့ ငိုက်စိုက် ထိုးဆင်းနေပြီဖြစ်သော မြန်မာ့စီးပွားရေး

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ 1 ရက်နေ့တွင် စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် ယခုအချိန်ထိ ဆိုလျှင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျဆင်းသည့်နှုန်းဟာ -22% အထိ ရှိလာခဲ့ပြီး 8 နှစ် အတွင်း

အနိမ့်ဆုံး Level အဆင့်သို့ ကျဆင်းလာခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ရဲ့ စာရင်းဒေတာ အရ သိရှိရပါသည်။

2021 ခုနှစ် စက်တင်ဘာလအထိ ရှိခဲ့တဲ့ ဘဏ္ဍာနှစ်ကာလ၌ မြန်မာနိုင်ငံထဲသို့ FDI ဝင်ရောက်မှု

(အထူးစီးပွားရေးဇုန် စီမံကိန်းများ မပါ) တန်ဖိုးဟာ ဒေါ်လာ 3.8 ဘီလီယံ အဆင့်အထိ ကျဆင်းခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် -22% အထိ အကျ ရှိခဲ့ခြင်းလည်း ဖြစ်ပါသည်။ ပြီးခဲ့တဲ့ 12 လကာလအတွင်း၌ စီမံကိန်း အသစ် လက်ခံရရှိမှု အရေအတွက် သည်လည်း 48 ခု သာရှိခဲ့ပြီး

မနှစ်တုန်းက ရှိခဲ့တဲ့အရေအတွက်၏ 5 ပုံ 1 ပုံ ခန့်အထိ ကို ရုတ်တရက် ကျဆင်းလာခဲ့ပါသည်။ စစ်ကောင်စီ အာဏာရယူပြီးနောက် လက်ခံရရှိခဲ့သည့် စီမံကိန်း အရေအတွက် စုစုပေါင်းက 38 ခုတည်းသာ ရှိပါသေးသည်။

စစ်ကောင်စီလက်ထက်၌

လက်သင့်ခံ လုပ်ဆောင်နေသည့် စီမံကိန်းများအနက် စွမ်းအင်စီမံကိန်းတွေသာ များကြပြီး တန်ဖိုးအားဖြင့် ဒေါ်လာ 3.12 ဘီလီယံ အထိ ရှိလာပြီးတော့ မနှစ်ကရှိခဲ့တဲ့ ပမာဏထက် 3 ဆ ပိုများလာသည်။ ပြီးခဲ့တဲ့ မေလတုန်းက ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဒေါ်လာ 2.5 ဘီလီယံ တန်ကြေးရှိသော

သဘာဝ ဓာတ်ငွေ့ ဓာတ်အားပေး စက်ရုံ စီမံကိန်းကို လက်သင့်ခံ ဆောင်ရွက်ခဲ့သည်။ စက်မှု ကုန်ထုတ်လုပ်ငန်းများ၌ FDI ဝင်ရောက်မှုက နှစ်စကနေကြည့်လျှင် ယခုအချိန်ထိ ကျဆင်းမှုနှုန်း 75% အထိ ရှိနေပြီး ပြည်တွင်းအလုပ်အကိုင် ဖန်တီးနိုင်မှုကို များစွာ ထိခိုက်လျှက် ရှိနေပါသည်။

ကုန်ထုတ်လုပ်မှု ကဏ္ဍကိုတော့ မြှင့်တင်နိုင်မှု လုံးဝမရှိသေးဘဲ သယ်ယူပို့ဆောင်ရေး နှင့် လမ်းပန်းဆက်သွယ်ရေး တို့၌ ဒေါ်လာ 133 သန်း တန်ဖိုးရှိ စီမံကိန်းများကို လက်ခံထားသည်။

၎င်းလက်ခံမှု မတိုင်ခင် ဟိုတယ်နှင့် ခရီးသွားလာရေး အတွက် ဒေါ်လာ 81 သန်း နှင့်

လုပ်ငန်းသုံး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု၌ ဒေါ်လာ 28 သန်း တို့ကိုတော့ လက်ခံ ဆောင်ရွက်ခဲ့သည်။ လက်ရှိ အချိန်၌ အဓိက လိုအပ်ချက်မဟုတ်သော ကဏ္ဍများ၌ စီမံကိန်းတွေ များစွာ လက်သင့်ခံထားသည်။ နိုင်ငံရေးတည်ငြိမ်မှုမရှိသည့် အခြေအနေ၌

နိုင်ငံခြားကုမ္ပဏီများအတွက် လုံခြုံရေးပိုင်းဆိုင်ရာ အာမခံချက်လည်း မပေးနိုင်သောကြောင့် ပြည်တွင်း၌ ရှိနေပြီးသား နိုင်ငံခြားကုမ္ပဏီများကတောင် ငွေအရင်းအနှီးထပ်မံ ဖြည့်တင်းတာတွေ မလုပ်တော့ဘဲ စောင့်ကြည့် အနေအထား၌သာ ရှိနေကြပါသည်။

World Bank ကတော့ မြန်မာ့စီးပွားရေးကို ယခု ဘဏ္ဍာရေးနှစ်၌ အကျုံ့ရှိနိုင်သည့်နှုန်း -18% အထိ ရှိနိုင်ကြောင်း ခန့်မှန်း ထားပါသည်။

အာရှ ဖွံ့ဖြိုးရေးဘဏ်ကတော့ မြန်မာ့စီးပွား‎ရေး အကျုံ့ရှိနိုင်သည့်နှုန်းကို -18.4% အထိ ရှိနိုင်ကြောင်း ခန့်မှန်း ထားပါသည်။

Crd-Original Post

(ZAWGYI)

အက်ဘက္သို႔ ငိုက္စိုက္ ထိုးဆင္းေနၿပီျဖစ္ေသာ ျမန္မာ့စီးပြားေရး

ျမန္မာႏိုင္ငံ၌ ေဖေဖာ္ဝါရီလ 1 ရက္ေန႔တြင္ စစ္အာဏာသိမ္းမႈ ျဖစ္ခဲ့ၿပီးေနာက္ ယခုအခ်ိန္ထိ ဆိုလွ်င္ ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ က်ဆင္းသည့္ႏႈန္းဟာ -22% အထိ ရွိလာခဲ့ၿပီး 8 ႏွစ္ အတြင္း

အနိမ့္ဆုံး Level အဆင့္သို႔ က်ဆင္းလာခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာန ရဲ႕ စာရင္းေဒတာ အရ သိရွိရပါသည္။ 2021 ခုႏွစ္ စက္တင္ဘာလအထိ ရွိခဲ့တဲ့ ဘ႑ာႏွစ္ကာလ၌ ျမန္မာႏိုင္ငံထဲသို႔ FDI ဝင္ေရာက္မႈ

(အထူးစီးပြားေရးဇုန္ စီမံကိန္းမ်ား မပါ) တန္ဖိုးဟာ ေဒၚလာ 3.8 ဘီလီယံ အဆင့္အထိ က်ဆင္းခဲ့ၿပီး ရာခိုင္ႏႈန္း အားျဖင့္ -22% အထိ အက် ရွိခဲ့ျခင္းလည္း ျဖစ္ပါသည္။

ၿပီးခဲ့တဲ့ 12 လကာလအတြင္း၌ စီမံကိန္း အသစ္ လက္ခံရရွိမႈ အေရအတြက္ သည္လည္း 48 ခု သာရွိခဲ့ၿပီး

မႏွစ္တုန္းက ရွိခဲ့တဲ့အေရအတြက္၏ 5 ပုံ 1 ပုံ ခန႔္အထိ ကို ႐ုတ္တရက္ က်ဆင္းလာခဲ့ပါသည္။ စစ္ေကာင္စီ အာဏာရယူၿပီးေနာက္ လက္ခံရရွိခဲ့သည့္ စီမံကိန္း အေရအတြက္ စုစုေပါင္းက 38 ခုတည္းသာ ရွိပါေသးသည္။ စစ္ေကာင္စီလက္ထက္၌

လက္သင့္ခံ လုပ္ေဆာင္ေနသည့္ စီမံကိန္းမ်ားအနက္ စြမ္းအင္စီမံကိန္းေတြသာ မ်ားၾကၿပီး တန္ဖိုးအားျဖင့္ ေဒၚလာ 3.12 ဘီလီယံ အထိ ရွိလာၿပီးေတာ့ မႏွစ္ကရွိခဲ့တဲ့ ပမာဏထက္ 3 ဆ ပိုမ်ားလာသည္။ ၿပီးခဲ့တဲ့ ေမလတုန္းက ရင္းႏွီးျမႇဳပ္ႏွံမႈ တန္ဖိုး ေဒၚလာ 2.5 ဘီလီယံ တန္ေၾကးရွိေသာ

သဘာဝ ဓာတ္ေငြ႕ ဓာတ္အားေပး စက္႐ုံ စီမံကိန္းကို လက္သင့္ခံ ေဆာင္႐ြက္ခဲ့သည္။ စက္မႈ ကုန္ထုတ္လုပ္ငန္းမ်ား၌ FDI ဝင္ေရာက္မႈက ႏွစ္စကေနၾကည့္လွ်င္ ယခုအခ်ိန္ထိ က်ဆင္းမႈႏႈန္း 75% အထိ ရွိေနၿပီး ျပည္တြင္းအလုပ္အကိုင္ ဖန္တီးႏိုင္မႈကို မ်ားစြာ ထိခိုက္လွ်က္ ရွိေနပါသည္။

ကုန္ထုတ္လုပ္မႈ က႑ကိုေတာ့ ျမႇင့္တင္ႏိုင္မႈ လုံးဝမရွိေသးဘဲ သယ္ယူပို႔ေဆာင္ေရး ႏွင့္ လမ္းပန္းဆက္သြယ္ေရး တို႔၌ ေဒၚလာ 133 သန္း တန္ဖိုးရွိ စီမံကိန္းမ်ားကို လက္ခံထားသည္။

 

၎လက္ခံမႈ မတိုင္ခင္ ဟိုတယ္ႏွင့္ ခရီးသြားလာေရး အတြက္ ေဒၚလာ 81 သန္း ႏွင့္

လုပ္ငန္းသုံး အိမ္ၿခံေျမ ရင္းႏွီးျမႇဳပ္ႏွံမႈ၌ ေဒၚလာ 28 သန္း တို႔ကိုေတာ့ လက္ခံ ေဆာင္႐ြက္ခဲ့သည္။ လက္ရွိ အခ်ိန္၌ အဓိက လိုအပ္ခ်က္မဟုတ္ေသာ က႑မ်ား၌ စီမံကိန္းေတြ မ်ားစြာ လက္သင့္ခံထားသည္။ ႏိုင္ငံေရးတည္ၿငိမ္မႈမရွိသည့္ အေျခအေန၌

ႏိုင္ငံျခားကုမၸဏီမ်ားအတြက္ လုံၿခဳံေရးပိုင္းဆိုင္ရာ အာမခံခ်က္လည္း မေပးႏိုင္ေသာေၾကာင့္ ျပည္တြင္း၌ ရွိေနၿပီးသား ႏိုင္ငံျခားကုမၸဏီမ်ားကေတာင္ ေငြအရင္းအႏွီးထပ္မံ ျဖည့္တင္းတာေတြ မလုပ္ေတာ့ဘဲ ေစာင့္ၾကည့္ အေနအထား၌သာ ရွိေနၾကပါသည္။

World Bank ကေတာ့ ျမန္မာ့စီးပြားေရးကို ယခု ဘ႑ာေရးႏွစ္၌ အက်ဳံ႕ရွိႏိုင္သည့္ႏႈန္း -18% အထိ ရွိႏိုင္ေၾကာင္း ခန႔္မွန္း ထားပါသည္။

အာရွ ဖြံ႕ၿဖိဳးေရးဘဏ္ကေတာ့ ျမန္မာ့စီးပြား‎ေရး အက်ဳံ႕ရွိႏိုင္သည့္ႏႈန္းကို -18.4% အထိ ရွိႏိုင္ေၾကာင္း ခန႔္မွန္း ထားပါသည္။

Crd-Original Post