ငါတို့တပ်မတော်ကြောင့် ပြည်သူတစ်ဦးသွေးစွန်းခဲ့ရင် ဒီစစ်တပ်က စွန့်ခွာမယ်လို့ “ဆုံးဖြတ်ချက်ချခဲ့သူ DSTA ကျောင်းဆင်း ဗိုလ်သစ္စာ
ငါတို့တပ်မတော်ကြောင့် ပြည်သူတစ်ဦးသွေးစွန်းခဲ့ရင် ဒီစစ်တပ်က စွန့်ခွာမယ်လို့ “ဆုံးဖြတ်ချက်ချခဲ့သူ DSTA ကျောင်းဆင်း ဗိုလ်သစ္စာ
ဘဝနဲ့ရင်းပြီးCDMလုပ်ဖို့လည်းကြောက်ခဲ့တယ်။ဒါပေမယ့် ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ငါတို့တပ်မတော်ကြောင့်ပြည်သူတစ်ဦးသွေးစွန်းခဲ့ရင်ဒီစစ်တပ်ကစွန့်ခွာမယ်လို့“ဆုံးဖြတ်ချက်ချခဲ့သူ DSTAကျောင်းဆင်းဗိုလ်သစ္စာ
ပညာတတ်အရာရှိလူငယ်မျိုးဆက်သစ်တွေဟာစစ်ကောင်စီကို ပြတ်သားစွာဆန့်ကျင်နေကြပါတယ်။DSTAမှဗိုလ်သစ္စာဟာဆိုရင်လည်းစစ်ကာင်စီကိုစွန့်ခွါပြီးပြည်သူ့ဘက်ကိုရပ်တည်လာခဲ့ပါတယ်။
နိုဝင်ဘာ၇ရက်နေ့ဆွေးနွေးပွဲမှာဗိုလ်သစ္စာအနေနဲ့ဘာကြောင့်စစ်ကောင်စီကိုဆန့်ကျင်ရသလဲဆိုတာကိုပါဝင်ဆွေးနွေးသွားမှာပါ။
“ အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်ကဆန္ဒပြပြည်သူတွေကို ပြင်းပြင်းထန်ထန်ဖြိုခွင်းတာတွေ့ခဲ့ရပါတယ်။ပြည်သူတွေရိုက်နှက်ခံနေရတာမြင်ရတော့အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်ဗျာ။ငါတို့ တပ်မတော်ကြီးကဒီလိုရက်စက်မယ်လို့အရင်ကမတွေးမိခဲ့ဘူး။
အဲ့အချိန်မှာဖိနှိပ်ခံပြည်သူတွေအတွက်ကာကွယ်ပေးချင်တယ်။ဘဝနဲ့ရင်းပြီးCDMလုပ်ဖို့လည်းကြောက်ခဲ့တယ်။ဒါပေမယ့်ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။ငါတို့တပ်မတော်ကြောင့်ပြည်သူတစ်ဦးသွေးစွန်းခဲ့ရင်ဒီစစ်တပ်ကစွန့်ခွာမယ်လို့ဆုံးဖြတ်ချက်ချခဲ့တယ်။
ပထမဆုံးတော်လှန်ရေးအတွက်အသက်ပေးခဲ့တဲ့ညီမလေးမြသွဲ့သွဲ့ခိုင်ဦးခေါင်းကျည်ထိတဲ့နေ့မှာပဲတပ်မတော်ကစွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။တပ်ထဲမှာကျန်နေသေးတဲ့ငါတို့ရဲဘော်ရဲဘက်ညီအကိုတွေလည်းပြည်သူကိုကာကွယ်ပေးချင်မယ်လို့ယုံကြည်ပါတယ်။
သူငယ်ချင်းတို့သတ္တိရှိရှိနဲ့ပြည်သူ့ဘက်ကရပ်တည်ပေးကြဖို့ တောင်းပန်ချင်ပါတယ်။ပြည်သူတွေကိုလည်းတော်လှန်မပြီးမချင်းခင်များတို့အတူတူတိုက်ပွဲ၀င်သွားမယ်လို့ဂတိပေးပါတယ်။
(ပြည်သူ့စစ်သားအဖွဲ့သည်ပြည်သူ့ဘက်ရပ်တည်ခဲ့သောတပ်မတော်သားကောင်းများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်သူ့စစ်သားအဖွဲ့အနေဖြင့်NUGအစိုးရအားတင်ပြနိုင်ခဲ့ပြီးနောက်အမျိုးသားညီညွှတ်ရေးအစိုးရမှ“တပ်မတော်သားနှင့်စပ်လျဉ်းသောမူဝါဒ”ထုတ်ပြန်ပေးခဲ့ပါသည်။
ထို့နောက်NUGအစိုးရ၏အမြော်အမြင်ရှိရှိဆောင်ရွက်ချက်များ ၊ ပြည်သူများ၏နွေးထွေးစွာကြိုဆိုမှုများကြောင့်Defection Strategyအားပိုမိုလက်ခံလာကြပါတယ်။
ယခုအခါမှာDefection Strategyအောင်မြင်စေရန် အားကြိုးမာန်တက်အကောင်အထည်ဖော်ပေးနေကြသောအဖွဲ့အစည်းများစွာပေါ်ပေါက်လာတဲ့အတွက်အင်မတန်မှအားတက်မိပါသည်။
Defection Strategyအားယုံကြည်စွာဖြင့်တက်ကြွစွာကြိုးစားနေသူများအားလုံးကိုပြည်သူ့စစ်သားအဖွဲ့မှကျေးဇူးတင်ရှိပါသည်။)
#PeopleSoldiers #ပြည်သူ့စစ်သား
(ZAWGYI)