ဖခင်ကြီး ကွယ်လွန်တာ (၃) လပြည့်နေ့မှာ မွန်မြတ်သော ကုသိုလ်ကောင်းမှုများကို ရည်စူးပြီး ပြုလုပ်ပေးခဲ့တဲ့ လင်းအောင်ခေတ်

ဖခင်ကြီး ကွယ်လွန်တာ (၃) လပြည့်နေ့မှာ မွန်မြတ်သော ကုသိုလ်ကောင်းမှုများကို ရည်စူးပြီး ပြုလုပ်ပေးခဲ့တဲ့ လင်းအောင်ခေတ်

ကောင်မလေးတွေရဲ့ ရင်ကို လှုပ်ခတ်နေသူကတော့ ချစ်စဖွယ်အပြုံးမျက်နှာလေးနဲ့အမြဲနေတတ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ပဲ ဖြစ်ပါတယ်။

သူရဲ့ ဖော်ရွေပွင့်လင်း စွာနေတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်အချစ်တော်ကို ခံယူရရှိနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

ခေတ်က လူငယ်ပေမယ့် ဘာသာတရားလည်း အတော်လေး ကိုင်းရှိုင်းတာကိုတွေ့ရပါတယ် ။မကြာခင်ရက်ပိုင်းတွေကဆိုရင်လည်း လိုအပ်တဲ့နေရာတွေမှာ မိတ်ဆွေတွေနဲ့ စုပေါင်းပြီး ငွေအားပါမက လုပ်အားပါ ကူညီပေးလျက်ရှိပါတယ် ။

ယနေ့မှာတော့ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ (၃) လပြည့်နေ့လေးမှာ ဆရာတော်ဘုရားအား ဆွမ်း ၊ သင်္ကန်းနဲ့ အလှူငွေများ ကပ်လှူပေးဖြစ်ခဲ့ကြောင်းဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Source – Lin Aung Khit

(ZAWGYI)






Yuan – Cele Zone

Source – Lin Aung Khit