လူ ၁၀၀ ထက် ပိုစုဝေးပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ

လူ ၁၀၀ ထက် ပိုစုဝေးပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ

“မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လက်ရှိအခြေအနေအရ အောက်တိုဘာ ၃၀ ရက် ဒီကနေ့ကစပြီး ခြွင်းချက်ကိစ္စတွေမှအပ လူ အယောက် ၁၀၀ ထက် ပိုပြီး စုဝေးခြင်းမပြုကြဖို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ကြေညာပါတယ်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေဖို့ အရင်က လူ အယောက် ၅၀ ထက်ပိုမစုဖို့ ထုတ်ပြန်ထားရာက အောက်တိုဘာ ၂၉ ရက်နေ့မှာ လူ ၁၀၀ ထက်ပိုပြီး စုဝေးတာမလုပ်ဖို့

ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီကလက်အောက်ခံ ကျန်းမာရေးဝန်ကြီး

ဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။

တဖက်မှာ လူ ၁၀၀ ထက်ပိုစုရင် အရေးယူမယ်လို့ အမိန့်ထုတ်ထားပေမဲ့ နယ်မြို့တချို့မှာတော့ လူ ၁၀၀ ထက်ပိုတဲ့ အကြမ်းဖက်စစ်တပ်ထောက်ခံပွဲတွေကို စစ်ကောင်စီက စီစဉ်ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၀၀ ကျော်နဲ့ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၄၉၈,၆၀၅ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၆၄၄ ယောက် ရှိနေပါတယ်။”

Crd-Original Post

(ZAWGYI)

လူ ၁၀၀ ထက္ ပိုစုေဝးပါက အေရးယူမည္ဟု စစ္ေကာင္စီေၾကညာ

“ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားမႈ လက္ရွိအေျခအေနအရ ေအာက္တိုဘာ ၃၀ ရက္ ဒီကေန႔ကစၿပီး ႁခြင္းခ်က္ကိစၥေတြမွအပ လူ အေယာက္ ၁၀၀ ထက္ ပိုၿပီး စုေဝးျခင္းမျပဳၾကဖို႔ စစ္ေကာင္စီ က်န္းမာေရးဌာနက ေၾကညာပါတယ္။

ကိုဗစ္-၁၉ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းေတြနဲ႔ စပ္လ်ဥ္းၿပီး ေရာဂါကူးစက္ျပန႔္ပြားမႈ မျဖစ္ေစဖို႔ အရင္က လူ အေယာက္ ၅၀ ထက္ပိုမစုဖို႔ ထုတ္ျပန္ထားရာက ေအာက္တိုဘာ ၂၉ ရက္ေန႔မွာ လူ ၁၀၀ ထက္ပိုၿပီး စုေဝးတာမလုပ္ဖို႔ ျပင္ဆင္ထုတ္ျပန္လိုက္တာပါ။

ကိုဗစ္-၁၉ ေရာဂါနဲ႔ ပတ္သက္လို႔ ထုတ္ျပန္ထားတဲ့ အမိန႔္ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ ပ်က္ကြက္ပါက တည္ဆဲ ဥပေဒအရ အေရးယူမယ္လို႔ စစ္ေကာင္စီကလက္ေအာက္ခံ က်န္းမာေရးဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက အမိန႔္ထုတ္ျပန္ထားပါတယ္။

တဖက္မွာ လူ ၁၀၀ ထက္ပိုစုရင္ အေရးယူမယ္လို႔ အမိန႔္ထုတ္ထားေပမဲ့ နယ္ၿမိဳ႕တခ်ိဳ႕မွာေတာ့ လူ ၁၀၀ ထက္ပိုတဲ့ အၾကမ္းဖက္စစ္တပ္ေထာက္ခံပြဲေတြကို စစ္ေကာင္စီက စီစဥ္ျပဳလုပ္ေနပါတယ္။

ျမန္မာႏိုင္ငံမွာ တရက္တည္း ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၉၀၀ ေက်ာ္နဲ႔ ၂၂ ေယာက္ ထပ္မံေသဆုံးခဲ့တယ္လို႔ စစ္ေကာင္စီက်န္းမာေရးဝန္ႀကီးဌာနက ေအာက္တိုဘာ ၂၉ ရက္ ညပိုင္းမွာ ထုတ္ျပန္ထားပါတယ္။

လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ စုစုေပါင္းကေတာ့ ၄၉၈,၆၀၅ ေယာက္ ရွိေနၿပီး ေသဆုံးသူအေရအတြက္ကေတာ့ ၁၈,၆၄၄ ေယာက္ ရွိေနပါတယ္။”

Crd-Original Post