အလိုတော်ပြည့်ဘုရားမှာ ပန်း၊ရွှေသင်္ကန်းနဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ မေကဗျာ

အလိုတော်ပြည့်ဘုရားမှာ ပန်း၊ရွှေသင်္ကန်းနဲ့ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ မေကဗျာကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ ပရိတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။

မေကဗျာကတော့ လက်ရှိမှာ အနုပညအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ပိုမိုလုပ်ကိုင်နေခဲ့ပါတယ်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကနေ ရရှိတဲ့ ငွေတွေကိုလည်း မေကဗျာကတော့ လတ်တလောကပ်ဘေးတွေကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့သူတွေကို တတ်နိုင်သလောက် လှူဒါန်းပေးနေခဲ့ပါတယ်။

စေတနာသဒ္ဓါတရားထက်သန်လှတဲ့ မေကဗျာကတော့ မနေ့ကလည်း ပုဂံကိုရောက်နေတုန်း ရွှေစည်းခုံဘုရားအနောက်ဘက်မှာနေထိုင်တဲ့ မိသားစုတွေကို စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါတယ်။

ဒီနေ့မှာတော့ မေကဗျာက နံနက်စောစောမှာ အလိုတော်ပြည့်ဘုရားကိုသွားရောက်ပြီး အာရုံဆွမ်းကပ်အလှူလေးနဲ့အတူ ပန်းကပ် ၊ရွှေသင်္ကန်းကပ် ဘုရားဝတ်ပြု ကုသိုလ်လေးပြုလုပ်ခဲ့ပါတယ်။

ပရိသတ်ကြီးရေ မေကဗျာကတော့ ရောက်လေရာအရပ်တိုင်းမှာ တတ်နိုင်သလောက် ကောင်းမှုတွေပြုလုပ်တဲ့အထိစေတနာသဒ္ဓါတရားထက်သန်လွန်းလှပါပေတယ်နော်။

Source – May Kabyar

(ZAWGYI)



 







Source – May Kabyar