“နှစ်ပေါင်း ( ၁၀၀ ) ကြာတဲ့အထိ လောင်စာဆီ ဖြည့်စရာမလိုပဲ မောင်းနိုင်တဲ့ မော်တော်ကား

“နှစ်ပေါင်း ( ၁၀၀ ) ကြာတဲ့အထိ လောင်စာဆီ ဖြည့်စရာမလိုပဲ မောင်းနိုင်တဲ့ မော်တော်ကား

ယနေ့ခေတ် ကမ္ဘာကြီးဟာ လိုက်မမှီနိုင်လောက်အောင် သိပ္ပံ နည်းပညာတွေနဲ့ တစ်ရှိန်ထိုး တိုးတက်နေတာကို အားလုံးလည်း သိကြမှာပါ ။

ဒီလို ဆန်းပြားလွန်းတဲ့ နည်းပညာတွေထဲမှာမှ အချိန်အတော်ကြာတဲ့အထိ လောင်စာဖြည့်စရာမလိုပဲ မောင်းနိုင်တဲ့ ကားတစ်စီးကို သိပ္ပံပညာရှင်တွေကတီထွင်လိုက်နိုင်ပါတယ် ။

ဘယ်လို ထူးဆန်းတဲ့ လုပ်ဆောင်ချက်တွေ ဒီကားထဲမှာ ပါဝင်နေလဲဆိုတာ အတူ ကြည့်လိုက်ရအောင်နော် ။

အခု ပြောပြမယ့် ကားရဲ့ နာမည်ကတော့ Thorium powered car လို့ အမည်ပေးထားပြီး Laser Power System ( LPS ) ကုမ္ပဏီကနေ ဖန်တီးထားတာလည်း ဖြစ်ပါတယ် ။

ဒီကားရဲ့ ထူးခြားချက်ကတော့ နှစ်ပေါင်း ( ၁၀၀ ) ကြာတဲ့အထိ လောင်စာဖြည့်စရာ မလိုပဲ မောင်းနှင်နိုင်တာ ဖြစ်ပါတယ် ။ဒါပေမယ့် အခုလိုမျိုး ကားကို မောင်းနှင်နိုင်ဖို့အတွက် လောင်စာအနေနဲ့ Thorium ဆိုတဲ့ လောင်စာကို လိုအပ်ပါတယ် ။

Thorium ဆိုတာကမ္ဘာပေါ်ကအထူထပ်ဆုံးသတ္ထုတစ်မျိုးဖြစ်ပြီးရေဒီယိုသတ္တိကြွဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ် ။Thorium ဆိုတဲ့အမည်ကို ဒဏ္ဍာရီထဲက မိုးကြိုးနတ်ဘုရား Thor ရဲ့ နာမည်ကို ယူပြီး ပေးထားတာပါ ။

သေးငယ်တဲ့Thorium အစိတ်အပိုင်းလေးတစ်ခုဟာ သူနဲ့ အရွယ်အစားတူတဲ့ ကျောက်မီးသွေးထက် စွမ်းအင် အဆပေါင်း သိန်း နှစ်ဆယ်ကျော်လောက် ထုတ်လုပ်နိုင်ပါတယ်တဲ့ ။

Laser Power Systems ရဲ့ CEO ဖြစ်တဲ့ Charles Stevens ရဲ့ ပြောကြားချက်အရ Thorium ဒြပ်စင် တစ်ဂရမ်ဟာဓာတ်ဆီ လီတာပေါင်း ၂၈၀၀၀ လီတာက ထုတ်တဲ့ စွမ်းအားနဲ့ ညီမျှတယ်လို့ ပြောပြထားပါတယ် ။

နောက်ပြီး Thorium ဒြပ်စင်ရဲ့ ၈ ဂရမ်လောက်ကို သုံးလိုက်မယ်ဆိုရင် ကားတစ်စီးကို တစ်သက်စာနီးပါးလောက် လောင်စာ ဖြည့်စရာမလိုပဲ မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ် ။

ဒါပေမယ့်လည်း ဈေးကွက်အနေအထားအရ Thoruim ဒြပ်စင်ဟာ လိုအပ်ချက်များစွာ ရှိနေတဲ့အတွက်ကြောင့် ယနေ့အချိန်အထိတော့ လောင်စာ အဖြစ် အသုံးမပြုနိုင်သေးပါဘူး ။

Stevens နဲ့ သူ့အဖွဲ့တွေကတော့ Thorium စွမ်းအင်ဟာတစ်နေ့နေ့မှာ ကမ္ဘာကြီးကို အထောက်အကူ ပြုလာနိုင်တယ်လို့ ယုံကြည်လျက် ရှိနေပါသေးတယ် ။

အခုဖော်ပြပေးထားတာကတော့ နှစ်ပေါင်း ( ၁၀၀ ) ကြာတဲ့အထိ လောင်စာမဖြည့်ပဲနဲ့ မောင်းနိုင်တဲ့ ကားအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။

Crd..Htoo Htoo San San

(ZAWGYI)

“ႏွစ္ေပါင္း ( ၁၀၀ ) ၾကာတဲ့အထိ ေလာင္စာဆီ ျဖည့္စရာမလိုပဲ ေမာင္းႏိုင္တဲ့ ေမာ္ေတာ္ကား

ယေန႔ေခတ္ ကမာၻႀကီးဟာ လိုက္မမွီႏိုင္ေလာက္ေအာင္ သိပၸံ နည္းပညာေတြနဲ႔ တစ္ရွိန္ထိုး တိုးတက္ေနတာကို အားလုံးလည္း သိၾကမွာပါ ။

ဒီလို ဆန္းျပားလြန္းတဲ့ နည္းပညာေတြထဲမွာမွ အခ်ိန္အေတာ္ၾကာတဲ့အထိ ေလာင္စာျဖည့္စရာမလိုပဲ ေမာင္းႏိုင္တဲ့ ကားတစ္စီးကို သိပၸံပညာရွင္ေတြကတီထြင္လိုက္ႏိုင္ပါတယ္ ။

ဘယ္လို ထူးဆန္းတဲ့ လုပ္ေဆာင္ခ်က္ေတြ ဒီကားထဲမွာ ပါဝင္ေနလဲဆိုတာ အတူ ၾကည့္လိုက္ရေအာင္ေနာ္ ။

အခု ေျပာျပမယ့္ ကားရဲ႕ နာမည္ကေတာ့ Thorium powered car လို႔ အမည္ေပးထားၿပီး Laser Power System ( LPS ) ကုမၸဏီကေန ဖန္တီးထားတာလည္း ျဖစ္ပါတယ္ ။

ဒီကားရဲ႕ ထူးျခားခ်က္ကေတာ့ ႏွစ္ေပါင္း ( ၁၀၀ ) ၾကာတဲ့အထိ ေလာင္စာျဖည့္စရာ မလိုပဲ ေမာင္းႏွင္ႏိုင္တာ ျဖစ္ပါတယ္ ။ဒါေပမယ့္ အခုလိုမ်ိဳး ကားကို ေမာင္းႏွင္ႏိုင္ဖို႔အတြက္ ေလာင္စာအေနနဲ႔ Thorium ဆိုတဲ့ ေလာင္စာကို လိုအပ္ပါတယ္ ။

Thorium ဆိုတာကမာၻေပၚကအထူထပ္ဆုံးသတၳဳတစ္မ်ိဳးျဖစ္ၿပီးေရဒီယိုသတၱိႂကြျဒပ္စင္တစ္မ်ိဳးလည္း ျဖစ္ပါတယ္ ။Thorium ဆိုတဲ့အမည္ကို ဒ႑ာရီထဲက မိုးႀကိဳးနတ္ဘုရား Thor ရဲ႕ နာမည္ကို ယူၿပီး ေပးထားတာပါ ။

ေသးငယ္တဲ့Thorium အစိတ္အပိုင္းေလးတစ္ခုဟာ သူနဲ႔ အ႐ြယ္အစားတူတဲ့ ေက်ာက္မီးေသြးထက္ စြမ္းအင္ အဆေပါင္း သိန္း ႏွစ္ဆယ္ေက်ာ္ေလာက္ ထုတ္လုပ္ႏိုင္ပါတယ္တဲ့ ။

Laser Power Systems ရဲ႕ CEO ျဖစ္တဲ့ Charles Stevens ရဲ႕ ေျပာၾကားခ်က္အရ Thorium ျဒပ္စင္ တစ္ဂရမ္ဟာဓာတ္ဆီ လီတာေပါင္း ၂၈၀၀၀ လီတာက ထုတ္တဲ့ စြမ္းအားနဲ႔ ညီမွ်တယ္လို႔ ေျပာျပထားပါတယ္ ။

ေနာက္ၿပီး Thorium ျဒပ္စင္ရဲ႕ ၈ ဂရမ္ေလာက္ကို သုံးလိုက္မယ္ဆိုရင္ ကားတစ္စီးကို တစ္သက္စာနီးပါးေလာက္ ေလာင္စာ ျဖည့္စရာမလိုပဲ ေမာင္းႏွင္ႏိုင္မွာ ျဖစ္တယ္လို႔ ဆိုထားပါေသးတယ္ ။

ဒါေပမယ့္လည္း ေဈးကြက္အေနအထားအရ Thoruim ျဒပ္စင္ဟာ လိုအပ္ခ်က္မ်ားစြာ ရွိေနတဲ့အတြက္ေၾကာင့္ ယေန႔အခ်ိန္အထိေတာ့ ေလာင္စာ အျဖစ္ အသုံးမျပဳႏိုင္ေသးပါဘူး ။

Stevens နဲ႔ သူ႔အဖြဲ႕ေတြကေတာ့ Thorium စြမ္းအင္ဟာတစ္ေန႔ေန႔မွာ ကမာၻႀကီးကို အေထာက္အကူ ျပဳလာႏိုင္တယ္လို႔ ယုံၾကည္လ်က္ ရွိေနပါေသးတယ္ ။

အခုေဖာ္ျပေပးထားတာကေတာ့ ႏွစ္ေပါင္း ( ၁၀၀ ) ၾကာတဲ့အထိ ေလာင္စာမျဖည့္ပဲနဲ႔ ေမာင္းႏိုင္တဲ့ ကားအေၾကာင္းကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္ ။

Crd..Htoo Htoo San San