ချက်သမ္မတနိုင်ငံတွင် NUG အစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်

ချက်သမ္မတနိုင်ငံတွင် NUG အစိုးရ၏ မြန်မာကိုယ်စားလှယ်ရုံးဖွင့်လှစ်

“အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) ရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကို အောက်တိုဘာ ၂၇ ရက်က ချက်သမ္မတနိုင်ငံမြို့တော် ပရာဟာမှာ ဖွင့်လှစ်လိုက်ပါတယ်။

ရုံးဖွင့်ပွဲကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးနှင့် အသွင်ကူးပြောင်းရေးပေါ်လစီဌာနညွှန်ကြားရေးမှူး DAVID ČERVENKA တက်ရောက်ပြီး ချက်သမ္မတနိုင်ငံအနေနဲ့ NUG အစိုးရအား ဆက်လက်ပံ့ပိုးအားပေးကူညီသွားမယ်လို့ ပြောကြားခဲ့တဲ့အကြောင်း ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန််မာကိုယ်စားလှယ်ရုံး ရုံးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုမြန်မာကိုယ်စားလှယ်ရုံး ဖွင့်ပွဲကျင်းပနိုင်တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးတို့အတွက် ဘဝတွေနဲ့ ရင်းကား ကြိုးစားလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ အစဉ်အတူတကွ ရပ်တည်သွားမယ်လို့လည်း ညွှန်ကြားရေးမှူး DAVID ČERVENKA ကပြောပါတယ် ။

ဖွင့်ပွဲကို မြန်မာ့အရေး အားပေးကြသော ချက်နိုင်ငံသားတွေ ၊ ချက်သမ္မတနိုင်ငံမှာ ခေတ္တ ရောက်ရှိနေတဲ့ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်နဲ့ မြန်မာနိုင်ငံသားတွေလည်း တက်ရောက်ခဲ့ပါတယ်။

အခုလို ချက်သမ္မတ နိုင်ငံဆိုင်ရာ NUG မြန််မာကိုယ်စားလှယ်ရုံးဖွင့်လှစ်နိုင်တဲ့ အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာပေးပို့ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အန္တိမ နိုင်ငံရေးပိန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ အာဏာသိမ်းစစ်ကောင်စီ ပြုတ်ကျရေးအတွက် နိုင်ငံတကာ မိတ်ဖက်နိုင်ငံတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အားပေးထောက်ခံမှု အင်အားဟာ သံတမန်မျက်နှာစာမှာ တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဓိက ပင်မ အသက်သွေးကြောဖြစ်တယ်လို့ လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ”

Crd-Original Post

(ZAWGYI)

ခ်က္သမၼတႏိုင္ငံတြင္ NUG အစိုးရ၏ ျမန္မာကိုယ္စားလွယ္႐ုံးဖြင့္လွစ္

“အမ်ိဳးသားညီၫြတ္ေရး အစိုးရ ( NUG ) ရဲ႕ ခ်က္သမၼတႏိုင္ငံဆိုင္ရာ ျမန္မာကိုယ္စားလွယ္႐ုံးကို ေအာက္တိုဘာ ၂၇ ရက္က ခ်က္သမၼတႏိုင္ငံၿမိဳ႕ေတာ္ ပရာဟာမွာ ဖြင့္လွစ္လိုက္ပါတယ္။

႐ုံးဖြင့္ပြဲကို ခ်က္သမၼတႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ လူ႔အခြင့္အေရးႏွင့္ အသြင္ကူးေျပာင္းေရးေပၚလစီဌာနၫႊန္ၾကားေရးမႉး DAVID ČERVENKA တက္ေရာက္ၿပီး ခ်က္သမၼတႏိုင္ငံအေနနဲ႔ NUG အစိုးရအား ဆက္လက္ပံ့ပိုးအားေပးကူညီသြားမယ္လို႔ ေျပာၾကားခဲ့တဲ့အေၾကာင္း ခ်က္သမၼတ ႏိုင္ငံဆိုင္ရာ NUG ျမန္္မာကိုယ္စားလွယ္႐ုံး ႐ုံးအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

အခုလိုျမန္မာကိုယ္စားလွယ္႐ုံး ဖြင့္ပြဲက်င္းပႏိုင္တဲ့အေပၚ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း၊ ခ်က္သမၼတႏိုင္ငံဟာ ဒီမိုကေရစီေရး၊ လူ႔အခြင့္အေရး၊ တရားမွ်တမႈ၊ ၿငိမ္းခ်မ္းေရးနဲ႔ လြတ္လပ္ေရးတို႔အတြက္ ဘဝေတြနဲ႔ ရင္းကား ႀကိဳးစားလႈပ္ရွားေနၾကတဲ့ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြနဲ႔ အတူ အစဥ္အတူတကြ ရပ္တည္သြားမယ္လို႔လည္း ၫႊန္ၾကားေရးမႉး DAVID ČERVENKA ကေျပာပါတယ္ ။

ဖြင့္ပြဲကို ျမန္မာ့အေရး အားေပးၾကေသာ ခ်က္ႏိုင္ငံသားေတြ ၊ ခ်က္သမၼတႏိုင္ငံမွာ ေခတၱ ေရာက္ရွိေနတဲ့ NUG လူ႔အခြင့္အေရး ဝန္ႀကီး ဦးေအာင္မ်ိဳးမင္နဲ႔ ျမန္မာႏိုင္ငံသားေတြလည္း တက္ေရာက္ခဲ့ပါတယ္။

အခုလို ခ်က္သမၼတ ႏိုင္ငံဆိုင္ရာ NUG ျမန္္မာကိုယ္စားလွယ္႐ုံးဖြင့္လွစ္ႏိုင္တဲ့ အတြက္ မ်ားစြာ ဝမ္းေျမာက္ ဂုဏ္ယူတယ္လို႔ NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္က သဝဏ္လႊာေပးပို႔ေျပာၾကားလိုက္ပါတယ္။

ျမန္မာႏိုင္ငံအတြင္းရွိ ႏိုင္ငံသူ ႏိုင္ငံသားေတြရဲ႕ အႏၲိမ ႏိုင္ငံေရးပိန္းတိုင္ျဖစ္တဲ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ ထူေထာင္ေရး၊ အာဏာသိမ္းစစ္ေကာင္စီ ျပဳတ္က်ေရးအတြက္ ႏိုင္ငံတကာ မိတ္ဖက္ႏိုင္ငံေတြနဲ႔ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြရဲ႕ အားေပးေထာက္ခံမႈ အင္အားဟာ သံတမန္မ်က္ႏွာစာမွာ တိုက္ပြဲဝင္ေနၾကတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အဓိက ပင္မ အသက္ေသြးေၾကာျဖစ္တယ္လို႔ လည္း ေဒၚဇင္မာေအာင္က ေျပာပါတယ္။ ”

Crd-Original Post