နှစ်ကုန်တွင် လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မည်ဟု စစ်ခေါင်းဆောင်ပြော

နှစ်ကုန်တွင် လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မည်ဟု စစ်ခေါင်းဆောင်ပြော

“အခုနှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး လတ်တလောမှာတော့ အောက်တိုဘာ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူအရေအတွက် ၁၂ ဒသမ ၇၉ သန်း ကျော်ရှိနေတယ်လို့ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ် ချုပ်ဆိုဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၅ သုတ်ခွဲကာ စုစုပေါင်းသန်း ၂၀ ပို့ ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေးသွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၄၉၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၈,၆၀၀ ကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါ တယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစု မှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင် သေးပါဘူး။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ် တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေ ကြရတာ၊ စစ် ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှား နေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှား ယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါ တယ်။”

DVB

(ZAWGYI)

ႏွစ္ကုန္တြင္ လူဦးေရ ၅၀ ရာခိုင္ႏႈန္းေက်ာ္ ကိုဗစ္ကာကြယ္ေဆးထိုးေပးႏိုင္မည္ဟု စစ္ေခါင္းေဆာင္ေျပာ

“အခုႏွစ္ကုန္မွာ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၅၀ ရာခိုင္ႏႈန္းေက်ာ္ကို ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံေပးႏိုင္မွာ ျဖစ္တယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။

ေနျပည္ေတာ္မွာ က်င္းပတဲ့ အစည္းအေဝးမွာ ခုလိုေျပာလိုက္တာျဖစ္ၿပီး လတ္တေလာမွာေတာ့ ေအာက္တိုဘာ ၂၆ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးႏွံၿပီးသူအေရအတြက္ ၁၂ ဒသမ ၇၉ သန္း ေက်ာ္ရွိေနတယ္လို႔ေကာင္စီ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာပါ။

ဒါ့အျပင္ စစ္ေကာင္စီဟာ တ႐ုတ္ႏိုင္ငံကေန ကာကြယ္ေဆး အႀကိမ္ေရ ၂၄ သန္း စာခ်ဳပ္ ခ်ဳပ္ဆိုဝယ္ယူထားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ၅ သုတ္ခြဲကာ စုစုေပါင္းသန္း ၂၀ ပို႔ ေဆာင္ေရာက္ရွိၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ျပည္သူေတြၾကားမွာေတာ့ အၾကမ္းဖက္စစ္ေကာင္စီကို မယုံၾကည္ၾကတာမို႔ ကာကြယ္ေဆးသြားေရာက္ထိုးႏွံသူအေရအတြက္ဟာ နည္းပါးတယ္လို႔ သိရပါတယ္။

ႏိုင္ငံတဝန္းမွာေတာ့ လက္ရွိအခ်ိန္ထိ ေရာဂါကူးစက္ခံရသူေပါင္း ၄၉၇,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၈,၆၀၀ ေက်ာ္ရွိခဲ့ၿပီလို႔ စစ္ေကာင္စီက်န္းမာေရးဝန္ႀကီးဌာနက ေဖာ္ျပပါ တယ္။

ဒီစစ္ေဆးမႈဟာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ(CDM)မွာ ပါဝင္ေနၾကတဲ့ ေဆး႐ုံေတြ၊ ဓာတ္ ခြဲစမ္းသပ္ခန္းေတြ မပါဝင္ဘဲ စစ္အုပ္စုလက္ေအာက္ခံ တပ္မေတာ္ေဆး႐ုံေတြ အမ်ားစု မွာ စမ္းသပ္စစ္ေဆးခဲ့တာမို႔ ေရာဂါကူးစက္မႈတိက်တဲ့ ပမာဏအတိုင္းအဆကို မသိႏိုင္ ေသးပါဘူး။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္စစ္ေကာင္စီက မတရားအာဏာသိမ္းယူထားခဲ့တာ ၉ လနီးပါး ၾကာျမင့္ခဲ့ၿပီျဖစ္ကာ ဒီကာလေတြအတြင္း ႏိုင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔အတူ စီးပြားေရး၊ လူမႈေရး၊ ျပည္သူ႔က်န္းမာေရးေစာင့္ေရွာက္မႈေတြမွာ အဘက္ဘက္က က်ဆင္းေနခဲ့တာ ျဖစ္ပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ထုတ္ျပန္တဲ့ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈဆိုင္ရာ စစ္တမ္းမွာေတြ႕ရွိရတဲ့ အေထာက္အထားေတြအရ ေဆး႐ုံမွာ ေစာင့္ေရွာက္ကုသဖို႔ လိုအပ္ တဲ့ လူနာေတြ ေဆး႐ုံမတက္ေရာက္ႏိုင္တာ၊ အြန္လိုင္းကသာ ကုသမႈခံယူေန ၾကရတာ၊ စစ္ ေကာင္စီက အမွန္တကယ္ ေသဆုံးႏႈန္းကို မေဖာ္ျပႏိုင္တာ စတဲ့အခ်က္ေတြဟာ ထင္ရွား ေနတာမို႔ စစ္ေကာင္စီဟာ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသမႈလုပ္ငန္းေတြမွာ မွား ယြင္းညံ့ဖ်င္းစြာ စီမံေနတယ္လို႔ သုံးသပ္ထားပါတယ္။

ဒါ့အျပင္ ကိုဗစ္-၁၉ တတိယလႈိင္းကာလမွာ ေသဆုံးသူေတြရဲ႕ ၇၃ ရာခိုင္ႏႈန္းက လိုအပ္တဲ့ ေဆး႐ုံေတြမွာ တက္ေရာက္ကုသခြင့္မရဘဲ ေနအိမ္ေတြမွာ ေသဆုံးခဲ့ၾကတယ္လို႔ ေဖာ္ျပပါ တယ္။”

DVB