အလုပ်ကိစ္စနဲ့ ပုဂံကိုရောက်နေတုန်းချို့တဲ့တဲ့ မိသားစုတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တဲ့ မေကဗျာ

အလုပ်ကိစ္စနဲ့ ပုဂံကိုရောက်နေတုန်းချို့တဲ့တဲ့ မိသားစုတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာကတော့ လတ်တလောမှာ အလုပ်ကိစ္စနဲ့ ပုဂံကို ရောက်ရှိနေခဲ့ပါတယ်။

မေကဗျာကတော့ စေတနာထက်သန်တဲ့ သူတစ်ယောက်ပီပီ အလုပ်ကိစ္စတွေနဲ့ ခရီးရောက်နေချိန်မှာတောင် အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။

မေကဗျာကတော့ ဒီနေ့မှာ ပုဂံက ရွှေစည်းခုံဘုရားကိုရောက်ချိန်မှာ ရွှေစည်းခုံဘုရားဝန်းအနောက်ဘက်မှာနေထိုင်ကြတဲ့ အိမ်ခြေ (၂၀)စာအတွက် စားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။

အိမ်ခြေ (၂၀)စာအတွက် ဆန်၊ဆီ၊ကြက်ဥ၊ပဲ၊ခေါက်ဆွဲ၊ငရုတ်သီး၊ငံပြာရည်၊ အသားမှုန့်၊ငပိ၊လက်ဖက်၊အကြော်စုံတို့ကို လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် အလှူငွေတွေနဲ့ အဝတ်အထည် အင်္ကျီတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်တဲ့။

ပရိသတ်ကြီးရေ မေကဗျာရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူပြုလုပ်ခဲ့တဲ့ အလှူမှတ်တမ်း Live ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – May Kabyar

(ZAWGYI)

အလုပ္ကိစၥနဲ႔ ပုဂံကိုေရာက္ေနတုန္းခ်ိဳ႕တဲ့တဲ့ မိသားစုေတြအတြက္ စားေသာက္ကုန္ေတြ လႉဒါန္းေပးခဲ့တဲ့ ေမကဗ်ာ

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ေမကဗ်ာကေတာ့ လတ္တေလာမွာ အလုပ္ကိစၥနဲ႔ ပုဂံကို ေရာက္ရွိေနခဲ့ပါတယ္။ ေမကဗ်ာကေတာ့ ေစတနာထက္သန္တဲ့ သူတစ္ေယာက္ပီပီ အလုပ္ကိစၥေတြနဲ႔ ခရီးေရာက္ေနခ်ိန္မွာေတာင္ အလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ပါေသးတယ္။

ေမကဗ်ာကေတာ့ ဒီေန႔မွာ ပုဂံက ေ႐ႊစည္းခုံဘုရားကိုေရာက္ခ်ိန္မွာ ေ႐ႊစည္းခုံဘုရားဝန္းအေနာက္ဘက္မွာေနထိုင္ၾကတဲ့ အိမ္ေျခ (၂၀)စာအတြက္ စားေသာက္ကုန္လႉဒါန္းတဲ့ အလႉေလးျပဳလုပ္ခဲ့ပါတယ္။ အိမ္ေျခ (၂၀)စာအတြက္ ဆန္၊ဆီ၊ၾကက္ဥ၊ပဲ၊ေခါက္ဆြဲ၊င႐ုတ္သီး၊ငံျပာရည္၊ အသားမႈန႔္၊ငပိ၊လက္ဖက္၊အေၾကာ္စုံတို႔ကို လႉဒါန္းေပးခဲ့ပါတယ္။

ဒါ့အျပင္ အလႉေငြေတြနဲ႔ အဝတ္အထည္ အက်ႌေတြကိုလည္း လႉဒါန္းေပးခဲ့ပါေသးတယ္တဲ့။ ပရိသတ္ႀကီးေရ ေမကဗ်ာရဲ႕ မြန္ျမတ္လွတဲ့ ကာလဒါနအလႉျပဳလုပ္ခဲ့တဲ့ အလႉမွတ္တမ္း Live ဗီဒီယိုဖိုင္ေလးကို ပရိသတ္ႀကီးေတြလည္း သာဓုေခၚဆိုႏိုင္ဖို႔ ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – May Kabyar