လတ်တလောစားဝတ်နေရေးအတွက် အထည်ရောင်းတဲ့ အလုပ်ကိုလုပ်ကိုင်နေရတဲ့ ဒါရိုက်တာဟိန်းစိုး

လတ်တလောစားဝတ်နေရေးအတွက် အထည်ရောင်းတဲ့ အလုပ်ကိုလုပ်ကိုင်နေရတဲ့ ဒါရိုက်တာဟိန်းစိုး

ပရိသတ်ကြီးရေ ဒါရိုက်တာဟိန်းစိုးကတော့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ရောက်တဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီနိုင်တဲ့ ဒါရိုက်တာကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။

“မမှီဝဲနဲ့ ကင်းအောင်နေ” “ဟစ်တိုင်” စတဲ့ ဇာတ်ကားကောင်းပေါင်းများစွာကို ဖန်တီးပုံဖော်ရိုက်ကူးနိုင်တဲ့အထိ အရည်အချင်းပြည့်ဝလှတဲ့ ဒါရိုက်တာတစ်ယောက်ပါ။

လတ်တလောမှာတော့ ဒါရိုက်တာ ဟိန်းစိုးက ကပ်ဘေးတွေကြောင့် ရိုက်ကူးရေးတွေရပ်နားထားရတဲ့အတွက် စားဝတ်နေရေးပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွင် အထည်ရောင်းတဲ့ အလုပ်လေးကိုလုပ်ကိုင်နေခဲ့ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “အထည်ဆိုင်လေးဖွင့်ထားတယ်။”ဆိုပြီးစားဝတ်နေရေးအတွက် အထည်ဆိုင်လေးဖွင့်ထားကြောင်းမျှဝေထားခဲ့ပါတယ်။

ဆိုင်လေးကတော့ ” ရွှေဗဟိုပလာဇာ ရှေ့ကလမ်းထဲ သမ္မာဒိဌိလမ်းထိပ်”မှာဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေထဲက ဒါရိုက်တာဟိန်းစိုးရဲ့ အထည်ဆိုင်လေးမှာ သွားရောက်အားပေးချင်တဲ့ ပရိသတ်တွေအတွက် ဆိုင်နေရာလေးကိုလည်း ပြန်လည်မျှေဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Hein Soe

(ZAWGYI)

လတ္တေလာစားဝတ္ေနေရးအတြက္ အထည္ေရာင္းတဲ့ အလုပ္ကိုလုပ္ကိုင္ေနရတဲ့ ဒါ႐ိုက္တာဟိန္းစိုး

ပရိသတ္ႀကီးေရ ဒါ႐ိုက္တာဟိန္းစိုးကေတာ့ ဇာတ္အိမ္ခိုင္ခိုင္နဲ႔ ပရိသတ္ေတြရဲ႕ရင္ထဲကို ေရာက္တဲ့ ဇာတ္ကားေကာင္းေတြကို ဖန္တီႏိုင္တဲ့ ဒါ႐ိုက္တာေကာင္းတစ္ေယာက္ပဲျဖစ္ပါတယ္။

“မမွီဝဲနဲ႔ ကင္းေအာင္ေန” “ဟစ္တိုင္” စတဲ့ ဇာတ္ကားေကာင္းေပါင္းမ်ားစြာကို ဖန္တီးပုံေဖာ္႐ိုက္ကူးႏိုင္တဲ့အထိ အရည္အခ်င္းျပည့္ဝလွတဲ့ ဒါ႐ိုက္တာတစ္ေယာက္ပါ။

လတ္တေလာမွာေတာ့ ဒါ႐ိုက္တာ ဟိန္းစိုးက ကပ္ေဘးေတြေၾကာင့္ ႐ိုက္ကူးေရးေတြရပ္နားထားရတဲ့အတြက္ စားဝတ္ေနေရးေျပလည္ေအာင္ေျဖရွင္းႏိုင္ဖို႔အတြင္ အထည္ေရာင္းတဲ့ အလုပ္ေလးကိုလုပ္ကိုင္ေနခဲ့ပါတယ္။

သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနလည္း “အထည္ဆိုင္ေလးဖြင့္ထားတယ္။”ဆိုၿပီးစားဝတ္ေနေရးအတြက္ အထည္ဆိုင္ေလးဖြင့္ထားေၾကာင္းမွ်ေဝထားခဲ့ပါတယ္။

ဆိုင္ေလးကေတာ့ ” ေ႐ႊဗဟိုပလာဇာ ေရွ႕ကလမ္းထဲ သမၼာဒိဌိလမ္းထိပ္”မွာဖြင့္လွစ္ထားတာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးေတြထဲက ဒါ႐ိုက္တာဟိန္းစိုးရဲ႕ အထည္ဆိုင္ေလးမွာ သြားေရာက္အားေပးခ်င္တဲ့ ပရိသတ္ေတြအတြက္ ဆိုင္ေနရာေလးကိုလည္း ျပန္လည္ေမွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Hein Soe