(၁၈)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အလှူလေးအဖြစ် ဆွမ်းကပ်အလှူလေး လှူဒါန်းခဲ့တဲ့ Rဇာနည်တို့ ဇနီးမောင်နှံ

(၁၈)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အလှူလေးအဖြစ် ဆွမ်းကပ်အလှူလေး လှူဒါန်းခဲ့တဲ့ Rဇာနည်တို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ Rဇာနည်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်(၂)ခုကျော်တိုင်အောင်မြင်တဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ အရည်ချင်းပြည့်ဝလှတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်ပြီး ပရိသတ်တိုင်းကအားကျနေရတဲ့ အထိပါပဲ။

မနေ့က အောက်တိုဘာလ (၂၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် Rဇာနည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

မနေ့က မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးမှာတော့ Rဇာနည်တို့ ဇနီးမောင်နှံက မင်္ဂလာသက်တမ်း (၁၈)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။ မင်္ဂလာနှစ်ပတ်လည်အလှူလေးအနေနဲ့တော့ ဆွမ်းကပ်အလှူလေးကို လှူဒါန်းခဲ့ပါတယ်။

Rဇာနည်တို့မိသားစုက ချမ်းမြေ့ရိပ်သာဘုန်းကြီးကျောင်းမှာ ရာသက်ပန်ဆွမ်းအလှူလေးလှူဒါန်းခဲ့တာဖြစ်ပြီး အခက်အခဲတွေကြောင့် ဆွမ်းကပ်အလှူလေးကိုတော့ အဝေးကနေပဲကပ်လှူခွင့်ရရှိခဲ့ပါတယ်တဲ့။

ပရိသတ်ကြီးတွေလည်း Rဇာနည်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည် အလှူလေးကို သာဓုခေါ်ဆိုပြီး မင်္ဂလာနှစ်ပတ်လည်ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Source – MyatThinzar KyawOnee

(ZAWGYI)







