“လူပြောများနေတဲ့ ရန်ကုန်မြို့ က ၅၀၀ ကျပ်တန် ဇလုံထမင်း ဆိုင်လေး၏တည်ထောင်ရခြင်း၏ရည်ရွယ်ချက်တစေ့တစောင်း

“လူပြောများနေတဲ့ ရန်ကုန်မြို့ က ၅၀၀ ကျပ်တန် ဇလုံထမင်း ဆိုင်လေး၏တည်ထောင်ရခြင်း၏ရည်ရွယ်ချက်တစေ့တစောင်း

မြောက်ဒဂုံ ရွှေရတနာရုပ်ရှင်ရုံအနီး ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်လေးပါ။ အမြတ်ရှာခြင်းမဟုတ်ပါ။ ငွေ ၅၀၀ ကျပ်ရှိယုံဖြင့် ထမင်းတစ်နပ်အတွက်အခက်အခဲမရှိစေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

လက်လုပ်လက်စား ကယ်ရီသမား နှင့် အနီးအနား အရှေ့ဒဂုံ ရွှေပေါက္ကံက စားသုံးသူများနှင့် စည်ကားလှပါတယ်။အချို့ကလည်းအားပေးချင်လို့လှူချင်လို့လာရောက်ရှာဖွေစားသောက်ကြတာရှိပါတယ်။

ပိုင်ရှင်လူငယ်ဟာ ယခင်က ကားဝပ်ရှော့ အလုပ်သမား ၁ ဦးဖြစ်ခဲ့ပြီးသူအလုပ်လုပ်စဉ်အခါက နေ့လည်စာစားချိန်မှာအလုပ်ရှင်ကပေးခဲ့တဲ့ ငွေပမာဏဖြင့်ဗိုက်ဝအောင်စားလို့ရတဲ့ထမင်းဆိုင်ကိုသွားရောက်စားခဲ့ရသူဖြစ်ခဲ့ပြီး

ယခု ကားအပိုပစ္စည်း ဖြန်ဖြူးတဲ့ လုပ်ငန်းရှင် ဖြစ်လာတဲ့ချိန်မှာလက်ရှိ ကြပ်တည်းခက်ခဲနေကြတဲ့ အလုပ်သမားလက်လုပ်လက်စားများကို ကိုယ်ချင်းစာကာကူညီဖို့ အခုလို ၅၀၀ ကျပ်တန် ဇလုံထမင်းရောင်းချခြင်းကို အကောင်အထည်ဖော်ခဲ့ကြောင်းသိရပါတယ်။

အချို့ အဆင်ပြေသူများက ၅၀၀ တန်လာစားကြပြီး ၅၀၀/၁၀၀၀ အစရှိသဖြင့် ဆိုင်မှာ လှူဒါန်းသွားကြကာ အချို့ ၅၀၀ ကျပ်တောင် ခက်ခဲနေကြတဲ့သူများကို ထိုအလှူများထဲကနေ ကျွေးမွေးခြင်း အစီအစဉ်လည်း ရှိနေပါတယ်။

လက်ရှိအချိန်ထိ စားရင်းအတိအကျ တွက်ချက်မှုမရှိလို့ အရှုံးအမြတ်မသိရသေးပေမယ့် အများကြီး ရှုံးတာမျိုး မရှိလောက်ပါဘူးဟုဆိုင်ပိုင်ရှင်ကမှန်းဆပြောထားပါတယ်။၅၀၀ ကျပ်တန် ဇလုံထမင်းဆက်လက်တည့်တန့်အောင်မြင်ပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်။

Crd-Original Post

(ZAWGYI)








Crd-Original Post