လှိုင်သာယာ ကျူးကျော်နေအိမ် ၁၀၀၀ကျော် မနက်ဖြန်အပြီးဖျက်သိမ်းရန် စစ်ကောင်စီ အမိန့်ထုတ်ထား

လှိုင်သာယာ ကျူးကျော်နေအိမ် ၁၀၀၀ကျော် မနက်ဖြန်အပြီးဖျက်သိမ်းရန် စစ်ကောင်စီ အမိန့်ထုတ်ထား

ဒန်နီ

ရန်ကုန် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးဘေးရှိ ကျူးကျော်နေအိမ် ၁,၀၀၀ ကျော်ကို အောက်တိုဘာ ၂၈ ရက်နေ့အပြီး ဖျက်သိမ်းရန် အမိန့်ထုတ်ထားပြီး လှိုင်သာယာဘုရင်နောင်တံတားကိုလည်း နံနက် ၆နာရီမှ စတင်ကာ ပိတ်သိမ်းမည်ဟု

စစ်ကောင်စီ၏ မြို့တော်ကော်မတီက ကြေညာထားသည်။

” မနက်ဖြန် (၂၈.၁၀.၂၀၂၁)နံနက် (၀၆၀၀)နာရီမှစ၍ Main Gate နှင့် တပ်ထိပ်ဂိတ်အား ခေတ္တယာယီ အဝင်အထွက် ပိတ်ထားမည်ဖြစ်ပြီး ညောင်ပင်ဂိတ် ၊ FG Gate -2 မှ အဝင်အထွက် ပြုလုပ်ရမည်ဖြစ်ပါကြောင်း

အသိပေးအပ်ပါသည်။ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို အချိန်နှင့်တပြေးညီ ကြေညာပေးပါမည်”ဟု မြို့တော်ကော်မတီလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။မညသည့်အတွက်ကြောင့် Main Gate နှင့် တပ်ထိပ်ဂိတ်အားအဝင်အထွက် ပိတ်မည်ကို

ဖော်ပြထားခြင်း မရှိသော်လည်း ရန်ကုန် ပုသိမ်လမ်းမကြီးဘေးရှိ ကျူးကျော်နေအိမ်များ ဖျက်သိမ်းရန်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု လှိုင်သာယာ ဒေသခံများက ပြောကြသည်။

“မဖျက်ပေးရင် သူတို့က ဥပဒေအရ အရေးယူမယ် ပြောတယ်။… ရဲတွေနဲ့ စစ်သားတွေနဲ့ကတော့ ဟိုဘက်တစ်ခြမ်းကို လာပြောတယ်။ မြန်မြန်မဖျက်ပေးရင် အရေးယူရမယ်ဆိုပြီးတော့ပေါ့။ စက်ရုံတွေရဲ့ မျက်နှာစာဖြစ်တာမို့ တိုင်းရဲ့ ညွှန်ကြားချက်အရလို့လည်း

သူတို့က လိုက်ကြေညာတယ်”ဟု ကျူးကျော်နေအိမ်စုတွင် နေထိုင်သူတစ်ဦးက ပြောသည်။ဆက်လက်၍ ၎င်းက ” ဒီတစ်နွေလုံးတော့ ဆက်နေချင်တာပေါ့။ အိမ်ဌားဖို့ အဆောင်ဌားဖို့ဆိုတာက အဆင်မှ မပြေတာ။

ကိုယ့်အိမ်လေးမှာပဲ ဒီနွေ တစ်နွေလေး နေချင်တယ်။ သူတို့က ပြောင်းဖို့ ခုနှစ်ရက်ပဲ အချိန်ပေးထားတာ ဘယ်လိုလုပ်ကြမလဲ ”ဟု ပြောသည်။

Mizzima

(ZAWGYI)

လႈိင္သာယာ က်ဴးေက်ာ္ေနအိမ္ ၁၀၀၀ေက်ာ္ မနက္ျဖန္အၿပီးဖ်က္သိမ္းရန္ စစ္ေကာင္စီ အမိန႔္ထုတ္ထား

ဒန္နီ

ရန္ကုန္ လႈိင္သာယာၿမိဳ႕နယ္ ရန္ကုန္-ပုသိမ္လမ္းမႀကီးေဘးရွိ က်ဴးေက်ာ္ေနအိမ္ ၁,၀၀၀ ေက်ာ္ကို ေအာက္တိုဘာ ၂၈ ရက္ေန႔အၿပီး ဖ်က္သိမ္းရန္ အမိန႔္ထုတ္ထားၿပီး လႈိင္သာယာဘုရင္ေနာင္တံတားကိုလည္း နံနက္ ၆နာရီမွ စတင္ကာ ပိတ္သိမ္းမည္ဟု စစ္ေကာင္စီ၏ ၿမိဳ႕ေတာ္ေကာ္မတီက ေၾကညာထားသည္။

” မနက္ျဖန္ (၂၈.၁၀.၂၀၂၁)နံနက္ (၀၆၀၀)နာရီမွစ၍ Main Gate ႏွင့္ တပ္ထိပ္ဂိတ္အား ေခတၱယာယီ အဝင္အထြက္ ပိတ္ထားမည္ျဖစ္ၿပီး ေညာင္ပင္ဂိတ္ ၊ FG Gate -2 မွ အဝင္အထြက္ ျပဳလုပ္ရမည္ျဖစ္ပါေၾကာင္း အသိေပးအပ္ပါသည္။ျပန္လည္ဖြင့္လွစ္မည့္အခ်ိန္ကို အခ်ိန္ႏွင့္တေျပးညီ ေၾကညာေပးပါမည္”ဟု ၿမိဳ႕ေတာ္ေကာ္မတီလူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

မညသည့္အတြက္ေၾကာင့္ Main Gate ႏွင့္ တပ္ထိပ္ဂိတ္အားအဝင္အထြက္ ပိတ္မည္ကို ေဖာ္ျပထားျခင္း မရွိေသာ္လည္း ရန္ကုန္ ပုသိမ္လမ္းမႀကီးေဘးရွိ က်ဴးေက်ာ္ေနအိမ္မ်ား ဖ်က္သိမ္းရန္အတြက္ေၾကာင့္ ျဖစ္ႏိုင္သည္ဟု လႈိင္သာယာ ေဒသခံမ်ားက ေျပာၾကသည္။

“မဖ်က္ေပးရင္ သူတို႔က ဥပေဒအရ အေရးယူမယ္ ေျပာတယ္။… ရဲေတြနဲ႔ စစ္သားေတြနဲ႔ကေတာ့ ဟိုဘက္တစ္ျခမ္းကို လာေျပာတယ္။ ျမန္ျမန္မဖ်က္ေပးရင္ အေရးယူရမယ္ဆိုၿပီးေတာ့ေပါ့။ စက္႐ုံေတြရဲ႕ မ်က္ႏွာစာျဖစ္တာမို႔ တိုင္းရဲ႕ ၫႊန္ၾကားခ်က္အရလို႔လည္း သူတို႔က လိုက္ေၾကညာတယ္”ဟု က်ဴးေက်ာ္ေနအိမ္စုတြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

ဆက္လက္၍ ၎က ” ဒီတစ္ေႏြလုံးေတာ့ ဆက္ေနခ်င္တာေပါ့။ အိမ္ဌားဖို႔ အေဆာင္ဌားဖို႔ဆိုတာက အဆင္မွ မေျပတာ။ ကိုယ့္အိမ္ေလးမွာပဲ ဒီေႏြ တစ္ေႏြေလး ေနခ်င္တယ္။ သူတို႔က ေျပာင္းဖို႔ ခုႏွစ္ရက္ပဲ အခ်ိန္ေပးထားတာ ဘယ္လိုလုပ္ၾကမလဲ ”ဟု ေျပာသည္။

Mizzima