ဓာတ်မြေဩဇာလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ရုရှားကိုယ်စားလှယ်တွေနဲ့ မင်းအောင်လှိုင်တို့ ဆွေးနွေး

ဓာတ်မြေဩဇာလုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ရုရှားကိုယ်စားလှယ်တွေနဲ့ မင်းအောင်လှိုင်တို့ ဆွေးနွေး

အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ ကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာလ ၂၇ရက် (ယနေ့) နံနက်ပိုင်းမှာ နေပြည်တော် စစ်တပ်ဧည့်ရိပ်သာမှာတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲ့သည်လို တွေ့ဆုံပြီး ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ စစ်တပ်ပိုင် ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ မဲမသမာမှု အကြောင်းပြပြီး နိုင်ငံကို အာဏာသိမ်းပြီးနောက် ပြောခဲ့သမျှ စကားတိုင်းမှာ မြေအောင်ဥမင် ငှက်ပျောပင် လျှပ်စစ်ရထား ဓာတ်မြေဩဇာဆိုတာတွေကို မကြာခဏထည့်ပြောလေ့ရှိပါတယ်။

Crd-BurmaVJ

(ZAWGYI)





Crd-BurmaVJ